Conceptos Plasticos company ကနေ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကနေ တဆင့် ဖန်တီး ထုတ်လုပ်ပါတယ်။ ဆောက်လုပ်ရေးသုံး အုတ်ခဲပုံစံ အတုံးငယ်လေးတွေမှာ brick တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိစေဖို့ lock ပုံစံလေးတွေ နဲ့ တိုင်တွေကို ဖန်တီးထုတ်လုပ်ပါတယ်။
ဒီလုပ်ငန်းကနေ localမှာ ရှိတဲ့ လူတွေအတွက်လည်း ငွေဝင်မယ့် လမ်းကြောင်းတစ်ခု ဖွင့်ပေးထားနိုင်ပါတယ်။ #Plastic စုဆောင်း ရောင်းချသူတွေကို ပလတ်စတစ်အမျိုးအစားအလိုက် ခွဲခြားစုဆောင်းတက်စေဖို့ training ပေးဖို့လိုပါတယ်။ ရလာတဲ Plastic တွေကို ကြွတ်ကြွတ်အိတ်၊ ပုလင်းခွံ၊ စွန့်ပစ်လျှပ်စစ်ပစ္စည်း စသည်ဖြင့် အမျိုးအစား ခွဲပေးရတယ်။ #LGTmyanmar, #BBKmyanmar
PVC နဲ့ တချို့ PET တွေက အပူပေးတဲ့အခါ မကောင်းတဲ့ အငွေ့တွေထွက်တာကြောင့် ရွေးချယ် ဖယ်ထုတ်ပါတယ်။
အမျိုးအစားအလိုက် သီးသန့် ကြေမွသွားအောင် ချေပေးရပါတယ်။
- ပလတ်စတစ်ဘူးတွေကို ပိပြားနေအောင် စက်နဲ့ အနည်းဆုံး ၄ ကြိမ်အထက် ဖိပေးပြီး ကြိတ်စက်နဲ့ အပိုင်းပိုင်းဖြစ်အောင် ချေပါတယ်။
- ကြွတ်ကြွတ်အိတ် ပလတ်စတစ်တွေကို 5mm အသေးဆုံးအရွယ်အစားထိ ကြေမွသွားအောင် နုပ်နုပ်စဉ်းပါတယ်။
- လျှပ်စစ် စွန့်ပစ်ပစ္စည်းလို အမာသားတွေကို သီးသန့် ကြေမွသွားအောင် နဲ့ ကြိတ်စက်ထုချေပါတယ်။
ချေထားတဲ့ မတူညီတဲ့ ပလတ်စတစ်အကြေတွေကို ရောသုံးပြီး ပလတ်စတစ်အုတ်အတွက် တစ်မျိုး၊ ဆောက်လုပ်ရေးတိုင်တွေအတွက် တစ်မျိုး မတူညီတဲ့ ပလတ်စတစ် အမျိုးအစားတွေကို ဖော်မြူလာရာခိုင်နှုန်းအလိုက် ရောပေးရပါတယ်။
အုတ်ခဲ နဲ့တိုင်တွေ ပြုလုပ်ဖို့ ပလတ်စတစ်နဲ့ ရောတဲ့အချိန်မှာ ရေ၊ သဲ၊ ဘိလပ်မြေ တိုကိုလည်း လိုချင်တဲ့ အနေအထားပေါ်မူတည်ပြီး 25% ကနေ 50% ထိ ထည့်သွင်း အသုံးပြုပါတယ်။
ရောပြီးတဲ့နောက် အပူပေးခြင်း၊ mold ထဲ ထည့်ပြီး ပုံစံဖော်ခြင်း၊ လိုချင်တဲ့ သိပ်သည်းဆရအောင် press လုပ်ခြင်းနဲ့ အချောသတ်ခြင်း၊ ဖြတ်တောက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။