#ငုံးငှက် စတင်မွေးမြူတော့မည်ဆိုလျှင်
ရည်ရွယ်ချက်
လယ်သမားများ၏ ဝင်ငွေတိုးတက်ကောင်းမွန်စေရန် သီးနှံစိုက်ပျိုးရေးတစ်ခုထည်းကိုသာ အားထား၍ မရပါ။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သော တိရစ္ဆာန်မွေးမြူရေးကိုပါ တွဲဖက်ဆောင်ရွက်သင့်ပါသည်။ ကြက်မွေးမြူ ရေးထက် ဝင်ငွေရ ပိုမြန် သော တစ်နည်းအားဖြင့်
စီးပွားဖြစ်မြန်သော ငုံးငှက်မွေးမြူရေးအား စိတ်ဝင်စား၍ စတင်မွေးမြူလို သူများအတွက် သိသင့်၊ သိထိုက်သော အကြောင်းအရာများအား ဖိလစ်ပိုင်နိုင်ငံ၏ ငုံးငှက်မွေးမြူရေး အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာယူနိုင်ရန် တင်ပြသွားပါမည်။ #LGTmyanmar, #BBKmyanmar
အခြေခံအကြောင်းအရာများ
#ငုံး ငှက်ကလေးများသည် တိရစ္ဆာန်လောကတွင် ဥဒေါင်းမျိုးနွယ် (Pheasant Family) တွင် ပါဝင်ပြီး၊ "ခါငှက်" များ (Partridges) နှင့် နီးစပ်ပါသည်။ မူလငုံးငှက်မျိုးများအား ဥရောပ၊ အာရှ၊ အာဖ ရိက၊ ဩစတြေလျဒေသများတွင် တွေ့ရှိရပါသည်။
ငုံးငှက်များ၏ နဂိုသဘာဝမှာ ကြက်များနှင့်မတူဘဲ အကောင်သေးငယ်ပြီး ထူးခြားစွာ တိတ်ဆိတ်စွာနေတတ်သော အလေ့အကျင့်ရှိပါသည်။ ငုံးထီးများပင်လျှင် ကြက်ဖများလောက် အသံ ဆူညံခြင်းမပြုကြပါ။ ယေဘူယျအားဖြင့် လူများနှင့် ရင်းနှီးစွာ နေတတ်ပြီး၊ ကောင်းစွာ မပျံသန်းနိုင် ဘဲ မြေပြင်တွင်သာ အနေများကြပါသည်။
ငုံးငှက်များသည် အခြားမွေးမြူရေးတိရာစ္ဆာန်များထက် အကြမ်းခံနိုင်ပြီး ပတ်ဝန်းကျင် အခြေအနေနှင့် လျှင်မြန်စွာ နေသားတကျဖြစ်နိုင်ပါသည်။ ငုံးငှက်မွေးမြူရေးသည် ကြက်မွေးမြူရေး နှင့် အတော်ဆင်တူသော်လည်း အနည်းငယ်ကွဲလွဲမှုအချို့လည်းရှိပါသည်။
ငုံးငှက်မွေးမြူ ရေးသည် လွယ်ကူသည်ဟု ပြောနိုင်သော်လည်း၊ အစာမှန်မှန်ကျွေးခြင်း၊ သောက်ရေမှန်မှန်ဖြည့်ခြင်း၊ လှောင်အိမ်သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ နေ့စဉ်စစ်ဆေးကြည့်ရှုခြင်းနှင့် ငုံးဥကောက်ခြင်းများကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ အရွယ်ရောက် ငုံးငှက်တစ်ကောင်၏ ပျမ်းမျှကိုယ်အလေးချိန်မှာ ၅အောင်စခန့်ရှိသည်ဟုဆိုပါသည်။
ငုံးငှက်မွေးမြူခြင်း၏ အကျိုးကျေးဇူးများ
- ကုန်ကျစရိသက်သာသည်။
- မွေးမြူရလွယ်ကူသည်။
- ငုံးငှက်၏ အသားမှာ အဆီဓာတ်ပါဝင်မှု နည်းသဖြင့် ကျန်းမာရေးနှင့် သင့်လျော်ပါသည်။
- သမပိုင်းဒေသ၊ အပူပိုင်းဒေသများတွင် မွေးမြူ ဖြစ်ထွန်းနိုင်ပါသည်။
ငုံးငှက်မွေးမြူရေးအောင်မြင်မှုရရန်အတွက် သိသင့်သည်များ
- မျိုးကောင်းရွေးချယ်မွေးမြူပါ။ စိတ်ချရသော ငုံးငှက်မွေးမြူသူထံမှ မျိုးရယူမွေးမြူပါ။
- ဖိလစ်ပိုင်နိုင်ငံတွင်မူ ဂျပန်ထိုင်ဝမ်ငုံးငှက်မျိုး မွေးမြူသူများပြားသည်။
- စတင်မွေးမြူသူများအတွက် Japan Seattle မျိုးကိုထောက်ခံထားသည်။ ယင်းမျိုးသည်-
- ဥအထွက်နှုန်းကောင်းသည်။
- ငုံးငှက်အထီး၏ အရောင်သည် မြင်သာ၍ (၃၀) ရက်သားအရွယ်မှာ စောစောခွဲထုတ်ရ လွယ်ကူသဖြင့် အစာဘိုးသက်သာသည့်အပြင် အသားထုတ်နိုင်သောကြောင့် ဝင်ငွေ စောစောရနိုင်သည်။
ငုံးငှက်မွေးမြူရန်ခြံ
- ကြက်ခြံဆောက်သကဲ့သို့ ကရိကထ မများလှပါ။
- အကျယ် ၄ ပေ၊ အရှည် ၈ ပေ၊ အမြင့် 0 ရှိသောလှောင်အိမ် (၁) လုံးသည် ငုံးငှက်ကောင် ရေ (၂၅၀ မှ ၃၀၀) ထိ မွေးနိုင်ပါသည်။
- အခင်းနှင့် အကာအား လက်မဝက် ဝိုင်ယာဆန်ကာ သုံးပါ။ အမိုးအား သစ်သားဘုတ်ပြားသုံးပါ၊
- လှောင်အိမ်အတွင်းတွင် အကျယ် (၂) ပေ၊ အရှည် (၄) ပေ၊ အမြင့် (၁) ပေ ရှိသော အဆင့် (၄) ဆင့်၊ တစ်ဆင့်နှင့် တစ်ဆင့် (၃ မှ ၄ လက်မ) ကွာထားပါ။
- လှောင်အိမ်ကို အမိုးရှိ အဆောက်အဦအမျိုးမျိုးထဲမှာ ထားနိုင်သည်။ (ခြေတံရှည်အိမ်၊ သိုလှောင်ရုံစသည်)
ငုံးငှက်အစာ
- ကြက်များကို ကျွေးသော အစာများအား ကျွေးနိုင်ပါသည်။
- ဥငုံးမ အကောင် (၅၀) အား (၁) ရက်လျှင် အစာ(၁) ကီလိုသာ ကျွေးရသည်။
- ထုံးမှုန့်နု ထည့်ပေးပါက ပိုမိုသန်မာပြီး ဥနှုန်းကောင်းစေပါသည်။
- အစာမပြတ်ကျွေးပါ။(၂၄)နာရီမပြတ် ကျွေးပေးက ဥနှုန်းပိုကောင်းသည်ဟု ဆိုပါသည်။
- ညအချိန် မီးထွန်းပေးထားပါက ညပိုင်းမှာပါ အစာစားသည်။ ဥနှုန်းကောင်းသည်ဟု ဆိုပါသည်။
ပြုစုစောင့်ရှောက်ခြင်း
- ငုံးငှက်များသည် အကြမ်းခံနိုင်ပါသည်။
- အိမ်ထဲ အဆင်ပြေရာ နေရာမှာ ထား၍ မွေးမြူနိုင်ပါသည်။
- ကြက်များကဲ့သို့ ရောဂါမကျရောက်လွယ်ပါ။
- ရောဂါကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။ သို့သော် ရောဂါကျရောက်ရန် အရိပ်အရောင် တွေ့ ရလျှင်မူ ကြက်များကို ကျွေးသော ဆေးများအား အစာများတွင် ထည့်၍ ကျွေးနိုင်ပါသည်။ သို့သော် ကိုယ်အရွယ်အစား၊ အလေးချိန်အရ ချိန်ဆကျွေးပါ။
ဥမှ အကောင်ပေါက်ခြင်း (ဥဝပ်ခြင်း)
- သဘာဝအားဖြင့် ကိုယ့်ဥကို ဝပ်ပြီး အကောင်ငယ်များပေါက်လာစေသည်။
- သို့သော် ပြည်ပမှ တင်သွင်းမွေးမြူသော မျိုးသစ်များသည် ဥမှ အကောင်ပေါက်ရန် မဝပ် ချင်ပါ။ ဤအခါ ငုံးဥဖောက်စက် လိုအပ်လာသည်။
- ငုံးဥဖောက်စက်သုံးပါက အပူချိန် ၁၀၁ မှ ၁၀၃ ဖာရင်ဟိုက် ထားပေးရသည်။
- ငုံးဥစဝပ်/ဥဖောက်ရန် စက်ထဲ စထည့်သည်မှ (၁၈) ရက်ကြာလျှင်အကောင်ငယ်များ ပေါက်လာသည်။
- အကောင်ပေါက် ငုံးငှက်ကလေးများတွင် ရှိသင့်သော အရည်အသွေးများမှာ-
- ကျန်းမာဖြတ်လတ်လှုပ်ရှားမှုရှိခြင်း။
- ပုံသဏ္ဍန်မှန်၍ ခြေလက်အင်္ဂါစုံလင်ခြင်း။
- မျက်လုံးကြည်လင်တောက်ပခြင်း။
- တစ်ကောင်နှင့် တစ်ကောင် အရွယ်ညီညွတ်ခြင်း။
- စဉ်ချိန်မှစ၍ ဥသက်တမ်းကြာရှည်ခြင်း။
- မွေးရာပါရောဂါများ (အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ချက်တိုင်ဆိုင်ရာရောဂါ၊ ချေး ဖြူရောဂါ စသည်များ) ကင်းစင်ခြင်း။
ငုံးအုပ် ထိန်းခြင်း
- အကာအရံများပါသော အခန်း - အကျယ် (၂) ပေ ၊ အလျား (၄) ပေ၊ အမြင့်(၆) လက်မ။ အမိုး၊ နံရံ၊ ကြမ်းပြင် ကပ်ပြားကာ၊ ရှေ့မျက်နှာစာ (၀.၂၅) လက်မ သံဆန်ကာ/ဝါယာဖြင့် က ပေးပါ။လေဝင်လေထွက်ကောင်းစေရန် ဖြစ်ပါသည်။ ယင်းအတိုင်းအတာသည် အကောင် (၅၀၀) အောက် ထားနိုင်ပါသည်။
- ၅ဝ ဝပ်အား မီးလုံးအား အခန်း အလယ်မှ အနည်းငယ် ခွာထွန်းပေးထားပါ၊
- ကြမ်းခင်းအား သတင်းစာစာရွက်များ သို့မဟုတ် သန့်ရှင်းသော ကောက်ရိုးများ အပြည့်ခင်းပါ။
- (ပလတ်စတစ်)ရေခွက်များ ချထားပေးပါ၊ ရေအလုံအလောက်ထည့်ထားပါ။
- အစာများအား သတင်းစာ စာရွက်များပေါ်မှာ အလုံအလောက် ဖြန့်ချထားပါ။ (မီးလုံးနှင့် အနည်းငယ်ခွါပါ )
- ငုံးငှက်ငယ်များကို အမြဲစစ်ဆေးနေပါ။ မီးလုံးအောက်မှာ စုမနေစေရပါ။ (အပူမျှတ ရစေရန်)
- လက်ရှိနေရာတွင် (၆) မှ (၇) ရက် ကြာလာက အခြားအခန်းသို့ပြောင်းပေးပါ။ နေရာအကျယ် ပိုမိုလိုအပ်လာသဖြင့်။ အကျယ် (၂) ပေ ၊ အလျား (၄) ပေ၊ အမြင့် (၆) လက်မ လှောင်အိမ်လေးများမှာ အကောင် (၂၅၀ မှ ၃၀၀) သာထားပါ။
- ၁၅ ရက်သားရလာက အကောင်ကြီးအဆင့် လှောင်အိမ်များမှာ ထားပါ။ ဤအချိန်တွင် အမွေးအတောင် စုံလင်လာပြီဖြစ်ပါသည်။
ထီး/မ ခွဲခြားခြင်း
- ဥမှ စပေါက်လာသည်မှ (၃၀) ရက်သားမှာ အထီးများအား ခွဲခြား၍ အသားထုတ်နိုင်ပါသည်။
- အထီး..အသံပြာ၊ အသံအက်၊ အသံဝင်သည်။ ငေါထွက်လာသော အပေါ်စအိုပေါက်မှာ နို့နှစ် ရောင် အရာလေးပါသည်။
- အမ...အနက်ရောင်၊ အညိုရောင် စအိုပေါက်ပါ။ အသံစွာ၊ စူးရှ၊ အသံညီညာသည်။
- အထီးအမ ရှိသင့်သည့်အချိုးမှာ အထီး ၁ ကောင်လျှင် အစ်မ ၁ ကောင် မှ ၅ ကောင်နှုန်းဖြစ် ပါ သည်။ သို့သော် အထီးကို တစ်ကောင်ထက် ပိုမို၍ အတူမထားရပါ။
ဥအုခြင်း
- ဥမှပေါက်ပြီး (၄၁) ရက်သားအရွယ်မှာ စတင်ဥအုသည်။ ငုံးငှက်အမတစ်ကောင်မှ တစ်နှစ် ပတ် လုံး ဥပေါင်း ၂၇ဝ ခန့်အုသည်ဟု သိရှိရပါသည်။
- အထီးများသည် အမများကို မနှောင့်ယှက်စေရန် အထီးများအား ခွဲထုတ်ပေးပါ။
- မဖွံ့ဖြိုးသော အမများကိုလည်း ဖယ်ထုတ်၊ အသားထုတ်ပါ။
စီးပွားဖြစ်ထွန်းမှု
- ဥမှ ဥသို့ (၂) လ မကြာပါ (အတိအကျ ၅၇ ရက်)
- ကြီးထွားမှုမြန်ဆန်ပြီး၊ အသားထုတ်ပိုမြန်သည်၊ ဥမှ စောစော အကောင်ပေါက်သည် (၁၆ မှ ၁၈ ရက်သာကြာ)၊ ငုံးငှက်အမက (၄၁) ရက်သားမှာ စတင်အုသည်။
- ကြက်၊ ဘဲကဲ့သို့ မဟုတ်ဘဲ နေ့စဉ်ပုံမှန်ဝင်ငွေရှိပြီး၊ စီးပွားဖြစ်ကာလ မြန်သည်ဟု ဆိုရပါမည်။
ဆက်စပ်ရုပ်ပုံများ
- အရွယ်ရောက် ငုံးငှက် (မ) နှင့် ငုံးဥများ
- အလတ်တန်းစား မွေးမြူခြင်း
- ကာလရှည် ငုံးငှက်လှောင်အိမ်ပုံစံ
- ငုံးငှက်များအား နေအိမ်တွင်မွေးမြူခြင်း
- ၄ ရက်သား ငုံးငှက်ငယ်လေးများ
- ၃ ပတ်သား အမွေးအတာင်စုံအရွယ်
ရည်ညွှန်းစာများ
၁ ။ သဘာဝမြေဩဇာပြုလုပ်၊ ထုတ်လုပ်၊ဖြန့်ဖြူးခြင်း
- စိုက်ပျိုးနည်းစနစ်လက်စွဲစာစောင်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များအတွက် အထောက်အကူပြုလက်စွဲနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ တန်ဘိုးမြှင့်တင်နိုင်ရန်အတွက် အလားအလာကောင်းများ၊ SAD, Saung Saee, MFT
- Fruit and Vegetables, Ian MacDonald, Evans Brothers Limited, 1984
- ဒေါ်စီစီမြင့် သုတေသနဌာနမှူး၊ ထရိုင်ခိုဒါးမားမှု၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ရေဆင်း၊ နေပြည်တော်၊ ၂၀၁၉
- Greenway အစိမ်းရောင်လမ်း ပညာပေး၊ Facebook စာမျက်နှာများ
၂ ။ ငုံးငှက် စတင်မွေးမြူတော့မည်ဆိုလျှင်
- Overlooked Opportunities, Mr.Graham Eagleton
- Quail Raising Guides, how to raise quails, Internet; < businessdiary.com.ph/441/ quail-raising-guide/
- How to Raise Quail, Internet; <window.com/Raise-Quail/Image: Raise-Quail.Step- 3.jpg>
- Complete Guide to Raising Quail; Everything You Should Know, Internet < knowyourchicken.com/training-quail/
- ဦးဇော် (dof)၊ စီးပွားရေးအရ အရေးပါသော ငုံးမွေးမြူရေး၊ အကြောင်း၊ Greenovator <greenwaymyanmar.com/post/knowledge-of-quail-cultivation>
- ငုံးမွေးမြူနည်း၊ imy.wukihow.com/wiki/Breed-Quail>