"ခေါင်းဆောင်တစ်ယောက်လို စကားပြောမလား၊ ဇာတ်ပို့ဘဝနဲ့ပဲ အမြဲကျန်ခဲ့မလား"

မင်း အခုလောလောဆယ် သတိမထားမိဘဲ မှားနေတဲ့ ဆက်သွယ်ပြောဆိုမှု အမှားတွေ ရှိနေတယ်။ ဟုတ်ပါတယ်... မင်းကိုပြောနေတာပါ။  ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူမှ လာမပြောခင်အထိ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး ဒီအမှားတွေကို ကျူးလွန်ခဲ့ဖူးပါတယ်။  #LGTmyanmar , #BBKmyanmar 

ဒါပေမဲ့ တကယ့် အရေးကြီးတဲ့ အစည်းအဝေးတွေ၊ ဆုံးဖြတ်ချက်ချရမယ့် နေရာတွေမှာ ကျွန်တော့်ရဲ့ ဆက်သွယ်ပြောဆိုမှု ပုံစံက ကိုယ့်ကို ဒုက္ခပေးခဲ့လို့ အခွင့်အလမ်းကြီးတွေ အကြိမ်ကြိမ် ကျော်ဖြတ်ခံခဲ့ရပါတယ်။ ကျွန်တော့်နာမည် Vin ပါ။ ဆက်သွယ်ပြောဆိုမှုစွမ်းရည် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ 

Zoom တို့၊ Microsoft တို့လို ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေကို Training ပေးခဲ့ပြီး လူသန်းပေါင်းများစွာကို စကားပြောနည်း သင်ကြားပေးပြီးတဲ့နောက်မှာ လူတွေဆီမှာ ထပ်ခါထပ်ခါ တွေ့နေရတဲ့ အမှားကြီး (၅) ချက် ကို ကျွန်တော် သတိပြုမိလာပါတယ်။

ဒီဗီဒီယိုအဆုံးမှာ အဲဒီအမှားတွေကို ဘယ်လိုရှာမလဲနဲ့ ဘယ်လိုအပြုအမူကောင်းတွေနဲ့ အစားထိုးမလဲဆိုတာ မင်း သိသွားပါလိမ့်မယ်။


❌ အမှားနံပါတ် (၁) - ကိုယ့်ကို မေးတဲ့မေးခွန်းကို ကိုယ်တိုင် မေ့သွားခြင်း

ဒါက ကျွန်တော်တို့အားလုံး ဖြစ်ဖူးကြပါတယ်။ မင်းရဲ့အဖွဲ့ထဲက တစ်ယောက်ယောက်က "ဘန်... ဒီသောကြာနေ့ Project Neo အတွက် အဆင်သင့်ဖြစ်ပြီလား၊ လမ်းကြောင်းပေါ်မှာပဲလား" လို့ ရိုးရိုးရှင်းရှင်းလေး မေးလိုက်တယ် ဆိုပါစို့။

မင်းကတော့ "အော်... အင်း... ဟုတ်ကဲ့။ Project Neo လား။ အဲဒါကလေ... ကျွန်တော်တို့ စတာကတော့ စီစဉ်ထားတာထက် နည်းနည်းနောက်ကျသွားတယ်။ ဘာလို့လဲဆိုတော့ Wireframe (ဒီဇိုင်းအကြမ်း) ပိုင်းမှာ အချိန်ပိုယူဖို့ ဆုံးဖြတ်လိုက်လို့။  စသဖြင့်..." အာလူးတွေဖုတ်ပြီး "အော်... ခဏလေး၊ ငါ့ကို ဘာမေးလိုက်တာလဲဟင်။ ဆောရီး ဆောရီး... မေးခွန်းက ဘာဖြစ်မလဲ" ဆိုပြီး ပြန်မေးမိတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ။

ကိုယ့်ရဲ့ Subconscious mind (မသိစိတ်) ထဲမှာ အချက်အချို့ ဖြစ်ပျက်နေလို့ပါ။ 

၁။ ကိုယ်က အရာရာကို အမိအရ ထိန်းချုပ်ထားနိုင်တယ်ဆိုတာ သက်သေပြချင်ဇောနဲ့ Detail (အသေးစိတ်) တွေ အကုန်လျှောက်ပြောမိတာ။ 

၂။ အရေးကြီးတာတစ်ခုခု ကျန်ခဲ့မှာ စိုးရိမ်စိတ် (Anxious) ကြောင့် အသေးစိတ်အချက်အလက်တွေ အကုန်ပုံထည့်မိတာ။ 

၃။ ခေါင်းထဲမှာ တကယ့်အဖြေကို တိတိကျကျ မစဉ်းစားရသေးဘဲ စကားပြောရင်းနဲ့မှ အဖြေရှာဖို့ ကြိုးစားနေတာ။

မင်းကတော့ Detail တွေပြောရင် Value (တန်ဖိုး) တက်တယ် ထင်နေတာ။ ဒါပေမဲ့ အထက်လူကြီးတွေနဲ့ မန်နေဂျာတွေ ရှေ့မှာ ဒါမျိုး ခဏခဏ ဖြစ်ရင် သူတို့က မင်းကို "တော်လိုက်တာ၊ အသေးစိတ်တာပဲ" လို့ မမြင်ဘဲ "စကားပြောတာ မရှင်းလင်းဘူး၊ နားထောင်ရ ခက်တယ်" လို့ပဲ သတ်မှတ်လိုက်ပါလိမ့်မယ်။

💡 အဖြေ - ACQ Framework ကို သုံးပါ

နောက်တစ်ခါ မေးခွန်းအမေးခံရရင် ဒီ (၃) ဆင့်ပါတဲ့ Framework ကို သုံးပါ။

  • A (Answer): မေးခွန်းကို ရှင်းလင်းပြတ်သားတဲ့ စာကြောင်းတစ်ကြောင်းတည်း နဲ့ အရင်ဖြေပါ။

  • C (Context): လိုအပ်မှသာ အခြေအနေ (အကြောင်းအရာ) နည်းနည်း ဖြည့်ပြောပါ။

  • Q (Question): ပြီးရင် ပြန်မေးခွန်းထုတ်ပါ။ "ဒီထက်အသေးစိတ် သိချင်သေးလားဗျာ" လို့ မေးလိုက်ပါ။ ဒါဆိုရင် သူတို့ တကယ်လိုအပ်မှ ကိုယ့်ဆီက ထပ်တောင်းပါလိမ့်မယ်။

နမူနာကောင်း - "ဟုတ်ကဲ့၊ သောကြာနေ့အတွက် လမ်းကြောင်းပေါ်မှာပဲ ရှိပါတယ်။ ဒီဇိုင်းပိုင်း အချိန်နည်းနည်း ပိုယူလိုက်လို့ စတာ နောက်ကျပေမဲ့ လာမယ့်အပတ် QA အချိန်နဲ့ အချိန်ကိုက်ပါပဲ။ ဒီထက် အသေးစိတ် သိချင်တာ ရှိသေးလားခင်ဗျာ။" (လိုရင်းတိုရှင်း ဖြစ်သွားပါတယ်)


❌ အမှားနံပါတ် (၂) - အတွေးဖြစ်စဉ်ကို အပြင်သို့ ချပြခြင်း 

ဒါက ပိုပြီးတော့ သိမ်မွေ့ ညစ်ပတ်ပါတယ်။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် "ငါ စဉ်းစားတွေးခေါ်မှု အားကောင်းတယ်" လို့ ပြချင်တာ ဖြစ်ပေမဲ့ နားထောင်သူကတော့ "ရှုပ်ထွေးပွေလီနေတာပဲ" လို့ မြင်သွားတတ်ပါတယ်။

ဒါကတော့ တိကျတဲ့ အဖြေတစ်ခု ပေးရမယ့်နေရာမျိုးမှာ ခေါင်းထဲက တွေးနေသမျှကို အသံထွက်ပြီး လျှောက်ပြောနေတာမျိုးပါ။ ဥပမာ - "ကျွန်တော်တို့ Option A ကို သွားသင့်တယ်... အာ မဟုတ်သေးဘူး၊ Option A သွားရင် ပြဿနာရှိနိုင်တယ်၊ Option B ဆိုရင်ကော... အာ... မဟုတ်ပြန်ဘူး၊ Option D ကို ပြန်သွားရအောင်၊ တကယ်တော့ Option G သွားတာ ပိုကောင်းမလား..." စသဖြင့် Decision tree (ဆုံးဖြတ်ချက်အကိုင်းအခက်) တစ်ခုလုံးကို အပြင်မှာ အသံထွက် တွေးနေတာမျိုးပါ။

မင်း စကား စပြောလိုက်တဲ့ စက္ကန့်မှာပဲ မင်းရဲ့ ဆက်သွယ်ပြောဆိုမှု ကျွမ်းကျင်မှုက ကိုယ့်ကို ဒုက္ခပေးလိုက်ပြီဖြစ်လို့ လူတွေက မင်းရဲ့ အရည်အချင်းကို အထင်သေးသွားစေနိုင်ပါတယ်။

💡 အဖြေ - မဖြေခင် ခဏ စောင့်ပါ 

မေးခွန်းမေးခံရရင် ချက်ချင်း ဝင်မဖြေပါနဲ့။ ခဏ ရပ်လိုက်ပါ။ အသက်ပြင်းပြင်းရှူပြီး စဉ်းစားနေတဲ့ ပုံစံ (Thinker Pose) ယူလိုက်ပါ။ မင်းကတော့ အကြာကြီး ရပ်နေရင် ကြည့်ရဆိုးမယ် ထင်ပေမဲ့ တကယ်တမ်းကျတော့ လူတွေက မင်းကို "အလေးအနက် စဉ်းစားတတ်သူ" လို့ မြင်သွားပြီး မင်းဘာပြောမလဲဆိုတာ ပိုပြီး စိတ်ဝင်တစား စောင့်နားထောင်လာပါလိမ့်မယ်။ ခေါင်းထဲမှာ အဖြေထွက်ပြီဆိုမှ စောစောက ACQ Framework အတိုင်း ဖြေပါ။

မှတ်ချက် - Brainstorming လုပ်တာ၊ ပူးပေါင်းအကြံဉာဏ်တောင်းတာမျိုးမှာ ရင်ထဲရှိတာ လျှောက်ပြောတာ ပြဿနာမရှိပေမဲ့၊ တကယ့် ဆုံးဖြတ်ချက်  တောင်းတဲ့နေရာမှာ အကြမ်းထည် အတွေး တွေကို ချမပြပါနဲ့။ အတည်ပြုပြီးသား အဖြေ)ကိုပဲ ချပြပါ။


❌ အမှားနံပါတ် (၃) - ကိုယ်ပိုင်ရပ်တည်ချက်မရှိဘဲ လိုက်လျောလွန်းခြင်း 

ဒါက ဘယ်ဆုံးဖြတ်ချက်မှာမဆို ကိုယ်က ကြားနေ (Neutral) ပဲ နေတာမျိုးပါ။ ဥပမာ - "နေ့လယ်စာ ဘာစားမလဲ" လို့မေးရင် "ဘာဖြစ်ဖြစ်ပါ၊ အဖွဲ့သားတွေ သဘောပဲ၊ ငါက အဆင်ပြေပါတယ်" လို့ ပြောတာမျိုးပေါ့။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် Flexible (ပြောင်းလွယ်ပြင်လွယ်ရှိသူ၊ အလိုက်သိသူ) လို့ ထင်နေပေမဲ့ အလုပ်ခွင်မှာတော့ ဒါက "ပြတ်သားမှုမရှိသူ၊ ကိုယ်ပိုင် အမြင်မရှိသူ၊ မှားမှာ ကြောက်နေသူ" လို့ အမြင်ခံရတတ်ပါတယ်။

ငယ်ငယ်ကတည်းက လူအများနှင့် သဟဇာတဖြစ်အောင် နေဖို့ သင်ခဲ့ရလို့ အငြင်းပွားမှု မဖြစ်ချင်လို့ Neutral နေတာ ဖြစ်နိုင်ပေမဲ့၊ ဒါက ကိုယ့်ကို အလုပ်ခွင်မှာ "အရေးမပါတဲ့သူ (Irrelevant)" ဖြစ်သွားစေပါတယ်။ နောက်ပိုင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ လူတွေက ကိုယ့်အမြင်ကို လာမမေးတော့ပါဘူး။

💡 အဖြေ - PRO Framework ကို သုံးပါ

  • P (Position): ကိုယ့်ရဲ့ ရပ်တည်ချက်/အမြင်ကို အတိအကျ ပြောပါ။

  • R (Reason): ဘာလို့ ဒီလို မြင်ရသလဲဆိုတဲ့ အကြောင်းပြချက် (ဒေတာ သို့မဟုတ် သက်သေ) ပေးပါ။

  • O (Open): တခြားသူတွေ ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ပေးလိုက်ပါ။

နမူနာ - "ကျွန်တော့်အမြင်ကတော့ ယူကျုမှာ တစ်ပတ်ကို ဗီဒီယို (၂) ကား တင်သင့်တယ်ဗျ (Position)။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့လက Subscriber ၂၀၀ ရာခိုင်နှုန်း တက်လာလို့ မော်မင်တမ် (အရှိန်) ရနေတုန်း ဆတိုးလုပ်သင့်လို့ပါ (Reason)။ တကယ်လို့ (၂) ကားတင်ဖြစ်ရင် Viewers အသစ်တွေကို ပထမဆုံး ဘာလုပ်ခိုင်းချင်လဲ (Open)?"

ကိုယ်ပိုင်ရပ်တည်ချက် ရှိသူတွေကသာ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးမှု (Influence) ပေးနိုင်တာ ဖြစ်ပါတယ်။


❌ အမှားနံပါတ် (၄) - အခန်းတွင်းက စွမ်းအင်ကို ဦးမဆောင်နိုင်ခြင်း 

ဒါကတော့ အခန်းထဲက လူတွေ ငြိမ်နေရင် ကိုယ်ပါ ငြိမ်နေမယ်၊ အခန်းထဲကလူတွေ အားတက်သရောဖြစ်ရင် ကိုယ်ပါ အားတက်သရော ဖြစ်မယ်ဆိုပြီး ပတ်ဝန်းကျင် စွမ်းအင် အတိုင်း လိုက်မျောတာကို ပြောတာပါ။ လူတွေနဲ့ Rapport (ရင်းနှီးမှု) ရအောင် Mirroring လုပ်တာ ကောင်းပေမဲ့၊ ခေါင်းဆောင်ကောင်းတွေကတော့ အခြေအနေကို လိုသလို ပြောင်းလဲဖို့ setting (အသံနဲ့ စွမ်းအင်ကို) ကိုယ်တိုင် သတ်မှတ် (Set the tone) ကြပါတယ်။

💡 ဘယ်လိုလုပ်ရမလဲ (၃ ဆင့်)

၁။ Read the room: အခန်းတွင်း အခြေအနေကို အရင်ဖတ်ပါ။ သူတို့ စကားပြောတာ မြန်လား၊ နှေးလား၊ ကျယ်လား၊ တိုးလား၊ အခြေအနေက ပေါ့ပါးလား၊ တည်ကြည်လား။ ၂။ Match and mirror: သူတို့နဲ့ တူအောင် အရင်ညှိပါ။ သူတို့ တည်ငြိမ်နေရင် ကိုယ်လည်း တည်တည်ငြိမ်ငြိမ်နဲ့ အရင်စကားပြောပြီး စည်းချက်ညှိပါ။ ၃။ Shift your voice slowly: အဆင်ပြေပြီဆိုမှ ကိုယ်သွားချင်တဲ့ Energy ဘက်ကို ကိုယ့်အသံ (အသံအတိုးအကျယ်၊ အနိမ့်အမြင့်) နဲ့ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားပါ။ ခေါင်းဆောင်မှုဆိုတာ လူတွေရှိတဲ့နေရာကို ကိုယ်တိုင်သွားပြီး၊ conversation သွားရမယ့်နေရာဆီကို သူတို့ကို ပြန်ခေါ်လာတာ ဖြစ်ပါတယ်။


❌ အမှားနံပါတ် (၅) - ကိုယ့်ရဲ့ တူရိယာကို အပြည့်အဝ အသုံးမချခြင်း 

မင်းရဲ့ "အသံ Voice" ဟာ တူရိယာ  တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မင်းကို ဘယ်သူမှ ဒီတူရိယာကို ဘယ်လိုတီးရမလဲဆိုတဲ့ လမ်းညွှန်ချက်မပေးခဲ့ကြပါဘူး။ လူအများစုက စကားပြောရင် စန္ဒရားမှာ ခလုတ် ၅ ခုတည်းကိုပဲ ထပ်ခါတလဲလဲ တီးနေသလို အသံနေအသံထား တစ်သမတ်တည်း ၊ အမြန်နှုန်း တစ်သမတ်တည်းနဲ့ ပြောလေ့ရှိပါတယ်။

တကယ်တမ်း ကျွမ်းကျင်တဲ့ ဆက်သွယ်ပြောဆိုသူ ဖြစ်ဖို့ စန္ဒရားခလုတ် ၈၈ ခုလုံးကို တီးခတ်နိုင်ရပါမယ် (Dynamic ဖြစ်ရပါမယ်)။

🎛️ အသံရဲ့ အဓိက ခလုတ် (Dials) ၃ ခု

  • စကားပြောနှုန်း: မြန်မြန်ပြောရင် မင်းရဲ့ Passion (ထက်သန်မှု) ကို ပြရာရောက်ပြီး၊ နှေးနှေးပြောရင် စကားလုံးတွေကို ပိုလေးနက် (Weight) စေပါတယ်။

  • အသံအတိုးအကျယ်: ကျယ်ကျယ်ပြောရင် Confidence (ယုံကြည်မှု) ကို ပြပြီး၊ တိုးတိုးလေးပြောရင် လူတွေ ကိုယ့်ဆီ အာရုံစိုက်ပြီး နားစွင့်လာအောင် (Lean in) လုပ်နိုင်ပါတယ်။

  • အသံအနိမ့်အမြင့်/တက်ကျ: အသံကို နိမ့်တက်ဆွဲတာက စကားပြောကို ပိုပြီး ဆွဲဆောင်မှုရှိစေပြီး လူတွေ မှတ်မိလွယ်စေပါတယ်။

أحدث أقدم