AAR , Japan ၌ကျင်းပခဲ့သော လုပ်ငန်းခွင်ကျွမ်းကျင်သင်တန်း

 



တစ်ခါမှ အလုပ်မလုပ်ဖူးဘူးပေါ့နော် လုပ်ငန်းခွင်ဝင်ဖို့ အရင်ကဆိုကြောက်တယ်ပေါ့နော် ။

လုပ်ငန်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ငန်း မလျောက်တတ်တာပေါ့၊ #LGTmyanmar , #BBKmyanmar

.

 CV Form တွေလဲ နားမလည်ဘူး၊ Cover Letter ရေးတာတွေလဲ မသိခဲ့ဘူး။ 

ကျွန်တော်တို့ အင်တာဗျူး ဖြေမယ်ဆိုရင် ဘာတွေလိုအပ်လဲ ဆိုတာမသိခဲ့ဘူး။ အဲ့ကြောင့်သူများတွေကို မေးခဲ့ရတယ်။ မေးခဲ့ပေမဲ့ မပြည့်စုံတာရှိတယ်။ 

.

အလုပ်လျောက်တဲ့အခါမှာ ကိုယ်နှင့်သင့်တော်မယ့်အလုပ်တွေက ဘယ်လိုအလုပ်တွေရှိလဲ၊မရှိလဲ  အဲ့တာ မျိုးမသိဘူး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံး မှာရှိတဲ့အလုပ်တွေကို ကျွန်တော်တို့အရင်က ဘယ်လိုရှာရ မလဲမသိခဲ့ဘူး၊

.

 Communication အပိုင်းနှင့်ပတ်သက်ပြီးတော့ အခက်အခဲအချို့တွေ ကြုံခဲ့ရတယ်။ လုပ်ငန်းခွင်မှာ အထက်လူကြီးပြောတာကို ကောင်းကောင်းနားမထောင်ခဲ့တာ ၊ Listening Skills နှင့် ပတ်သက်ပြီးအခက်အခဲများစွာရှိခဲ့ပါတယ်။

.

အရင်ကဆိုရင် Meeting တွေလဲတစ်ခါမှ မထိုင်ဖူးဘူး ။ 

.

ဖုန်းပြောနည်း သင်ခန်းစာကိုအကြိုက်ဆုံးပါ။သင်လိုက်တဲ့အတွက်ကြောင့် မို့ ကိုယ့်ထက်ကြီးတဲ့လူပဲဖြစ်ဖြစ် ဆရာ/မ တွေပဲဖြစ်ဖြစ် ဖုန်းပြောရင် ဘယ်လိုပြန်ဖြေရမလဲ ပြောဆိုရမလဲ ဆိုတာလေးတွေလဲ သိရှိလာပါတယ်။ 

.

Communication တို့ ၊နားထောင်ခြင်းအပိုင်းတို့ကို ပြောင်းလဲဖို့ သင်ယူလိုက်ရပါတယ်။ 

.

Listening Skills ကိုကြိုက်ပါတယ်၊အထက်လူကြီးတွေ ကိုယ့်ထက်ရာထူးကြီးတဲ့ သူတွေရဲ့စကားကို လေးလေးနက်နက် နားထောင်တတ်လာပါတယ်။ 

.

ဘယ်လုပ်ငန်းမှာ ဘယ် CV form သုံးသင့်လဲဆိုတာတွေ ကိုယ့်ဟာကိုယ်ရေးပြီးတော့ ဘယ်နေရာမှာ အသုံးချမလဲ ဆိုတာကောင်းကောင်းသိလာတယ်ပေါ့နော်။ 

.

ကိုယ်က အင်တာဗျူးသွားရင် ဘယ်လိုဝတ်စားသွားရမလဲ ဘယ်လိုတွေရှောင်ကျဉ်ရ မလဲ၊ အဝတ်စားကို ဘယ်လိုဝတ်သွားသင့်လဲ ဝတ်မသွားသင့်ဘူးလဲ ဆိုတာလေးတွေ သိရှိလာပါတယ်။

.

အစီရင်ခံစာရေးသားနည်းတွေ Meeting ပြုလုပ်တဲ့ချိန်မှာ သဘောထားကွဲလွှဲမှု ကြုံတွေ့ရမဲ့ Problem တွေကို ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်လိုဖြတ်ကျော်ရမယ်၊ emails အသုံးပြုနည်းတွေ လေ့လာသင်ယူ ခဲ့ပါတယ်။ 

.

ကျွန်တော်က အလုပ်ထွက်လုပ်မယ်ဆိုရင် အရောင်းပိုင်းမှာ လုပ်မှာဆိုတော့ Communication ပိုင်းနှင့် listening ပိုင်းကိုကောင်းကောင်းအသုံးချတတ်သွား ပြီပေါ့နော် ဒီသင်တန်းတက်ပြီးတော့ ။

.

သင်တန်းပြီးတဲ့ချိန်မှာ  အလုပ်လျောက်မဲ့ ပုံစံတွေသိသွားပြီ၊ တော်တော်လေးကို ကွာခြားသွားပါတယ်။

.

ဒီသင်တန်းကို တက်ပြီးတဲ့ချိန်မှာ မသန်စွမ်းတစ်ယောက်အနေနဲ့ ကိုယ်က ဒါလုပ်နိုင်တယ်ဆိုတာကို သူတို့မသိလို့မခေါ်တာပေါ့နော် အဲ့တာကြောင့် သူတို့သိအောင်ချပြနိုင်အောင် ကြိုးစားနေပါတယ်။

.

ဒီသင်တန်းကို တက်ပြီးသွားတဲ့ခါမှာ ကိုယ့်မှာ ဘယ်လိုပဲ ချို့ယွင်းချက်တွေရှိရှိ၊ ကိုယ့်မှာ သာအရည်အချင်း ရှိမယ်ဆိုရင် ကိုယ်နှင့်ထိုက်တန်တဲ့အလုပ်က ရမယ် ဆိုတာ သိရှိလာရတယ်။

.


ဒီသင်တန်းကိုတက်ပြီးတော့ စိတ်ခွန်အားရလာတယ် ၊ကိုယ့်ကိုယ်ကိုယ် အားကိုးချင်လာတယ်။ ငါလုပ်နိုင် တယ်ဆိုတဲ့ဟာမျိုးပေါ့။ 

.

မသန်စွမ်း၊သန်စွမ်းသူဖြစ်ဖြစ် အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဒီသင်တန်းမှာ အခြေခံကစ သင်ပေးတာ ကြောင့်မို့လို့ တက်ရောက်စေချင်တယ်လို့ အကြံပေးချင်ပါတယ်။ 

.

အလုပ်ခွင်ထဲရောက်ရင်တော့ မကြောက်ရွံတော့ဘူးပေါ့နော်။

ဒီသင်တန်းက ကျွန်တော်တို့လိုလူတွေအတွက် စိတ်ခွန်အားတွေလဲရရှိစေပါတယ်။ ဘဝကိုရင်ဆိုင်နိုင်မဲ့ စိတ်ခွန်အားတွေ ပေးတဲ့ သင်တန်း တစ်ခုလို့လဲ လဲကျွန်တော် သုံးသပ်ချင်ပါတယ်၊ပြောချင်ပါတယ်။


Previous Post Next Post