လူတိုင်းကို အမျိုးအစားခွဲခြားနိုင်တဲ့ ဆက်သွယ်ရေးပုံစံလေးမျိုး ရှိပါတယ်။
• အနီရောင် - အာဏာနဲ့ ရလဒ်တွေကို ဦးတည်တယ်။
• အစိမ်းရောင် - ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ဦးတည်တယ်။
• အပြာရောင် - ယုတ္တိနဲ့ စနစ်ကျမှုကို ဦးတည်တယ်။
• အဝါရောင် - ပျော်ရွှင်မှုနဲ့ ဆက်သွယ်မှုကို ဦးတည်တယ်။
.
ဒီအရောင်လေးမျိုးနဲ့ လူတွေအကြောင်းကို နားလည်ခြင်းက ကျွန်တော့်ကို နိုင်ငံတကာ ဟောပြောပွဲ ပြောသူနဲ့ ဆက်သွယ်ရေး နည်းပြအဖြစ် တွေ့ဆုံခဲ့သူ ၉၅% နဲ့ ဘာမှတူချင်မှ တူပေမယ့် ခိုင်မာတဲ့ ဆက်သွယ်မှုတည်ဆောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။#LGTmyanmar , #BBKmyanmar
.
ဒီဗီဒီယိုမှာ သင်လေ့လာရမှာကတော့ -
၁။ သင်က ဘာအရောင်လဲ?
၂။ အရောင်အလိုက် ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေက ဘာတွေလဲ?
၃။ အရောင်စုံနဲ့ ဘယ်လိုစကားပြောရမလဲ?
ဒါကို မသင်ယူရင် တစ်ချို့လူတွေနဲ့ စကားပြောရတာ လွယ်ကူပေမယ့် တစ်ချို့နဲ့ကတော့ မဖြစ်နိုင်သလို ခံစားရတာကို ဆက်ပြီး အံ့ဩနေရပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အခန်းထဲကို ဝင်ဝင်ချက်ချင်းပဲ လူတစ်ယောက်ကို ဖတ်လိုက်ပြီး သူတို့ကို ဘာက မောင်းနှင်နေလဲ၊ ဘာကို ကြောက်နေလဲ၊ သူတို့ရဲ့ ဘာသာစကားနဲ့ ဘယ်လိုပြောဆိုဆက်သွယ်ရမလဲဆိုတာ သိနိုင်တဲ့အကြောင်း စိတ်ကူးကြည့်လိုက်ပါ။ ဒါက ပထမဆုံး သင်ကိုယ်တိုင်ရဲ့ အရောင်ကို သိရှိခြင်းကနေ စတင်ပါတယ်။
.
သင့်အရောင်ကို မှတ်သားခြင်း
သင့်အရောင်ကို ကျွန်တော် Thomas Ericson ရေးသားတဲ့ "Surrounded by Idiots" စာအုပ်မှာ ဖော်ပြထားတဲ့ အရောင်စနစ်နဲ့ ခွဲခြားတတ်အောင် သင်ယူခဲ့ပါတယ်။ ဒီစာအုပ်က အံ့ဩဖွယ်ကောင်းပါတယ်။ အချိန်ရရင် သေချာဖတ်ကြည့်ပါ။
.
စာအုပ်အရ သင်ဟာ ဒီအရောင်လေးမျိုးထဲက တစ်မျိုးမျိုးထဲမှာ ပါဝင်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့အားလုံးမှာ အရောင်အားလုံးရဲ့ ရောနှောမှုရှိပေမယ့် ကျွန်တော်တို့အားလုံးမှာ ပုံမှန်အားဖြင့် ပြောဆိုလေ့ရှိတဲ့ မူလအရောင်တစ်ခု ရှိပါတယ်။ ဒီအရောင်တွေအကြောင်း ပြောနေစဉ် သင်က ဘာအရောင်လဲ စဉ်းစားကြည့်ပါ။ ပြီးရင် အခြားအရောင်တွေအတွက် ဘယ်သူငယ်ချင်း ရှိလဲ စဉ်းစားကြည့်ပါ။ ဒါက အရောင်အားလုံးကို အလွယ်တကူ မှတ်မိစေဖို့ ကူညီပါလိမ့်မယ်။
.
• အနီရောင် - ရဲရင့်၊ ဆုံးဖြတ်ချက်မြန်၊ ပြိုင်ဆိုင်မှုများ၊ ရလဒ်ကို ဦးတည်၊ သည်းမခံနိုင် အနည်းငယ်ရှိ။
• အဝါရောင် - လူမှုရေးကောင်း၊ စိတ်အားထက်သန်၊ စကားများ၊ ဖန်တီးနိုင်စွမ်းရှိ၊ အကောင်းမြင်စိတ်ရှိ။
• အစိမ်းရောင် - အေးဆေးတည်ငြိမ်၊ ပံ့ပိုးကူညီမှုရှိ၊ ယုံကြည်ရ၊ ရုတ်တရက် ပြောင်းလဲမှုကို မကြိုက်၊
• အပြာရောင် - တိကျ၊ အသေးစိတ်ကို အာရုံစိုက်၊ သတိထား၊ ဝေဖန်ပိုင်းခြားတွေးခေါ်သူ၊ ပြီးပြည့်စုံမှုကို လိုက်စား။
ဒီအဆင့်မှာ သင်ဘာအရောင်လဲ မသေချာသေးရင် အောက်ပါမေးခွန်း ၃ ခုကို ပြန်မေးကြည့်ပါ။
၁။ သင်က introverted လား၊ ပွင့်လင်း (extroverted) လား?
• Introvert = အပြာ သို့မဟုတ် အစိမ်း
• Extrovert = အနီ သို့မဟုတ် အဝါ
၂။ သင်က ပိုပြီးယုတ္တိကျ (logical) လား၊ စိတ်ခံစားမှုများ (emမotional) လား?
• ယုတ္တိကျရင် = အစိမ်း သို့မဟုတ် အနီ
• စိတ်ခံစားမှုများရင် = အပြာ သို့မဟုတ် အဝါ
၃။ သင်က စကားကို သေချာစဉ်းစားပြီး ဖြည်းဖြည်းပြောသလား (deliberate)၊ ဒါမှမဟုတ် မြန်မြန်ပြောသလား (quickly)?
• ဖြည်းဖြည်းပြောရင် = အစိမ်း သို့မဟုတ် အပြာ
• မြန်မြန်ပြောရင် = အနီ သို့မဟုတ် အဝါ
ဒီမေးခွန်းတွေကနေ သင်ဘာအရောင်လဲ ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော့်ကို ဥပမာထားကြည့်ပါ။ ကျွန်တော်က ပွင့်လင်းသူ (extroverted) မို့လို့ အနီ သို့မဟုတ် အဝါ။ နောက်ထပ် - ကျွန်တော်က စိတ်ခံစားမှုများသူ (emotional) မို့လို့ အပြာ သို့မဟုတ် အဝါ။ ဒါဆို ကျွန်တော်က အဝါရောင် ဖြစ်ပါတယ် (ကျွန်တော်က အာရှလူမျိုး ဆိုတဲ့အတွက် မဟုတ်ဘဲ ဒီအရောင်ပရိုဖိုင်အရပါ)။
သင်ဘာအရောင်လဲ ဆုံးဖြတ်ပြီးရင် အောက်မှာ မှတ်ချက်ရေးခဲ့ပါ။
.
အရောင်တစ်ခုစီရဲ့ ပြဿနာ
ဒီမှာ ကျွန်တော်တို့ ဖြေရှင်းနေတဲ့ အဓိကပြဿနာက - လူအများစုက သူတို့ဘာသာ သူတို့ရဲ့ အရောင်နဲ့ပဲ ဆက်သွယ်ပြောဆိုပြီး သူတို့ပတ်ဝန်းကျင်က လူတွေလည်း ဒီတိုင်းပဲ ဆက်သွယ်ကြမယ်လို့ ယူဆနေကြတယ်။
• အနီရောင်နဲ့ အနီရောင် ဆုံရင် ကောင်းကောင်းသဘောတူနိုင်တယ်။
• ဒါပေမယ့် အနီရောင်က အစိမ်း၊ အပြာ၊ အဝါ တို့နဲ့ ဆုံရင် စိတ်တိုစရာ၊ အဆင်မပြေစရာ၊ မျှော်လင့်ထားတဲ့အတိုင်း တုံ့ပြန်မှုမရစရာ ဖြစ်တတ်တယ်။
အများစုက သူတို့ရဲ့ ပုံမှန်ဆက်သွယ်ရေးပုံစံကိုပဲ သုံးပြီး ဒါက သူတို့နဲ့တူတဲ့သူတွေနဲ့ပဲ အလုပ်ဖြစ်ပါတယ်။ ကျန်တဲ့လူတွေကတော့ အာရုံမစိုက်တော့ဘဲ ဒါမှမဟုတ် ပိုဆိုးတာက သင့်ကို မှားယွင်းစွာ ဆုံးဖြတ်ချက်ချမိပါလိမ့်မယ်။
.
အခြားအရောင်တွေက သင့်ကို ဘယ်လိုမြင်လဲ?
• သင်က အနီရောင် ဆိုရင် - မြန်၊ တိုက်ရိုက်၊ ရလဒ်ကိုဦးတည်တဲ့ ပုံစံနဲ့ အခြားသူတွေကို ဖိစီးနိုင်ပါတယ်။
အစိမ်းရောင်တွေက သင့်ကို အတင်း စေခိုင်းနေသူလို့ မြင်တယ်။
အဝါရောင်တွေက သင့်ကို သိပ်ပြီးလေးလေးနက်နက် ဖြစ်နေသူလို့ မြင်တယ်။
အပြာရောင်တွေက သင့်ကို အသေးစိတ်ကိစ္စတွေမှာ သတိမမူတဲ့သူလို့ မြင်တယ်။
• သင်က အဝါရောင် ဆိုရင် - စွမ်းအင်မြင့်မားမှု၊ စိတ်ကူးများပြားတဲ့ ဆက်သွယ်ရေးပုံစံကြောင့် ယုံကြည်စိတ်ချရမှု လျော့နည်းနိုင်တယ်။
အနီရောင်တွေအတွက် အာရုံစူးစိုက်မှုမရှိဘူး ထင်ရတယ်။
အစိမ်းရောင်တွေအတွက် ရှုပ်ထွေးနေတယ်လို့ ထင်ရတယ်။
အပြာရောင်တွေအတွက် အသေးစိတ်လိုချင်တဲ့သူတွေ အဖို့တော့ ပေါ့ပေါ့တန်တန် ထင်ရတယ်။
.................................................................................
သင်က အစိမ်းရောင် ဆိုရင် - သဘောထားကွဲလွဲမှုကို ရှောင်တတ်ပြီး ခုခံတတ်တာကြောင့်...
အနီရောင်တွေအတွက် ဆုံးဖြတ်ချက်မချနိုင်သူလို့ ထင်ရတယ်။
အဝါရောင်တွေအတွက် စိတ်လှုပ်ရှားစရာ မရှိလို့ ပျင်းစရာလို့ ထင်ရတယ်။
အပြာရောင်တွေအတွက် တိတိကျကျ မပြောတတ်တဲ့သူလို့ စိတ်တိုစရာလို့ ထင်ရတယ်။
.................................................................................
သင်က အပြာရောင် ဆိုရင် - တစ်ခါတစ်ရံ ဘဝရဲ့အရာတွေကို (YouTube ဗီဒီယိုတစ်ခုလိုမျိုး) အလွန်အကျွံရှုပ်ထွေးအောင်လုပ်မိပြီး ပျော်ရွှင်မှုကို မေ့ထားတတ်တယ်။
တိကျမှု၊ အသေးစိတ်ကိစ္စတွေအတွက် လိုအပ်ချက်က...
အနီရောင်တွေအတွက် နှေးကွေးလွန်းတယ်လို့ ခံစားရတယ်။
အဝါရောင်တွေအတွက် အလွန်အကျွံ ဝေဖန်တတ်သူလို့ ခံစားရတယ်။
အစိမ်းရောင်တွေအတွက် အေးချမ်းမှုကိုသာ လိုချင်တဲ့သူတွေ အဖို့တော့ အလွန်အကျွံ ကြီးကြပ်နေသူလို့ ထင်ရတယ်။
ဒါကြောင့် ဒါကို ကျွမ်းကျင်ဖို့က သင့်အရောင်ကိုသိတာထက် အရောင်အားလုံးကို ပြောတတ်အောင် သင်ယူဖို့ပါ။ ကျွန်တော်က အဝါရောင်ဖြစ်တော့ သဘာဝအားဖြင့် ဖော်ရွေပြီး အသံကျယ်၊ စိတ်အားထက်သန်သူပါ။ ကျွန်တော့်ဇနီးကတော့ အနီရောင်ဖြစ်ပြီး ခိုင်မာ၊ ဆုံးဖြတ်ချက်မြန်၊ ရလဒ်ကို စူးစိုက်သူပါ။ သူမက ရှင်းလင်းမှု၊ ထိရောက်မှု၊ အရာရာတိုးတက်အောင် လုပ်မှုကို တန်ဖိုးထားတယ်။ ကျွန်တော်ကတော့ သူမမနက်စာ မကုန်သေးခင် ၁၂ခုသော စိတ်ကူးကောင်းတွေကို ပြောပြဖို့ ကြိုးစားနေတာမျိုးပေါ့... ကျွန်တော်က နည်းနည်းလောက်နေတယ်နော်။
.
ကျွန်တော်တို့ မကြာခဏ အဆင်မပြေခဲ့တဲ့ အချိန်တွေရှိပါတယ်။ ကျွန်တော်က စိတ်ကူးတွေကို မြန်မြန်ပြောပြီး ဒီစိတ်ကူးကနေ ဟိုစိတ်ကူးကို ခုန်ပြောင်းပြောတတ်ပြီး သူမလည်း ပါဝင်လာမယ်လို့ မျှော်လင့်တတ်တယ်။ ဒါပေမယ့် သူမအတွက်ကတော့ စိတ်ဖိစီးစရာဖြစ်ပြီး သူမက ကျွန်တော့်ကို ငြင်းပယ်တတ်တယ်။ သူမက ကျွန်တော့်ကို ဂရုမစိုက်လို့၊ ချစ်လို့ မဟုတ်ဘဲ၊ ကျွန်တော်က သူမရဲ့ တိုက်ရိုက်၊ အဓိကအချက်ကို ဆုပ်ကိုင်တဲ့ ပုံစံကို လေးစားတဲ့နည်းနဲ့ ပြောဆိုခြင်း မရှိလို့ပါ။ ကျွန်တော်က သူမရဲ့ နှစ်သက်ရာ ဆက်သွယ်ရေးပုံစံဖြစ်တဲ့ အနီရောင်နဲ့ သူမကို မပြောမိခဲ့ဘူး။
.
ဒီတော့ ထပ်ပြီး သင်ခန်းစာက - သင်က သင့်အရောင်နဲ့ပဲ ဆက်သွယ်ပြောဆိုရင်၊ သင်နဲ့တူသူ၊ သင့်လိုအရောင်ရှိသူတွေနဲ့ပဲ တကယ်အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းက သင့်လို မဟုတ်ပါဘူး။ လူတိုင်းက သင့်လို တူညီတဲ့အရောင် မဟုတ်ပါဘူး။
သင်က ဘယ်သူဖြစ်တယ်ဆိုတဲ့ အရင်းအမြစ်ကို ပြောင်းလဲဖို့ ပြောနေတာ မဟုတ်ပါဘူး။ သင်က ပိုပြီးထိရောက်တဲ့ ဆက်သွယ်ရေးသမားဖြစ်ချင်ရင်၊ သူတို့နဲ့ ပိုကောင်းအောင် ချိတ်ဆက်နိုင်ဖို့ သူတို့ရဲ့ ဆက်သွယ်ရေးပုံစံနဲ့ လိုက်ဖက်အောင် သင်ယူပြီး သင့်ရဲ့ပြောဟန်ကို ညှိယူတတ်ဖို့ လိုပါတယ်။
မနက်ဖြန် အလုပ်ကို သွားပြီး သင့်အကြီးအကဲ ဘာအရောင်လဲ မြန်မြန်ဆန်ဆန် သိနိုင်ပြီး၊ သူတို့နဲ့ ပိုကောင်းအောင် ချိတ်ဆက်နိုင်ဖို့ သင့်ဆက်သွယ်ရေးပုံစံကို ညှိယူနိုင်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ဒါက လူတိုင်းနဲ့လုပ်ဖို့လား။ မဟုတ်ပါဘူး။ သင်တကယ်ချိတ်ဆက်ချင်တဲ့ လူတွေနဲ့ပဲ လုပ်ပါ။
.
အခြားသူတွေကို ဝေဖန်ခြင်း ဘယ်လိုရပ်မလဲ
လူတွေကို ကျွန်တော် ဝေဖန်တတ်လား? ဟုတ်ပါတယ်။ ကျွန်တော်လည်း လူသားပါပဲ။ ဒါပေမယ့် ကျွန်တော် ပိုပြီးကရုဏာရှိလာတာက အရောင်လေးမျိုး ရှိတယ်၊ ဘဝမှာ လူသားအမျိုးအစားလေးမျိုး ရှိတယ်၊ သူတို့မှာ မတူညီတဲ့ ဘာသာစကားတွေ ရှိတယ်ဆိုတာကို နားလည်လာလို့ပါ။ ဒါကို ပိုပိုပြီး နားလည်လာတာနဲ့အမျှ ပိုပြီး စာနာတတ်၊ နားလည်တတ်၊ လူတွေကို ပိုပြီးနည်းနည်းပဲ ဝေဖန်မိတော့တယ်။ ပိုမိုကောင်းမွန်တာက - ကျွန်တော်က အရောင်လေးမျိုးစလုံးကို ပြောတတ်ပြီ။ အနီ၊ အဝါ၊ အစိမ်း၊ အပြာ အားလုံးပြောတတ်တယ်။ ဆိုလိုတာက ကျွန်တော်က သင်နဲ့ဆုံရင်၊ သင်ဘာအရောင်ဖြစ်ဖြစ်၊ သင်နဲ့ ပိုပြီးချိတ်ဆက်နိုင်မယ်၊ ဝေဖန်မှုထက်။
.
အရောင်တစ်ခုစီနဲ့ ဘယ်လိုစကားပြောမလဲ
ဒါကို သင့်ရဲ့ လျှို့ဝှက်ဆက်သွယ်ရေးလက်နက်အဖြစ် စဉ်းစားပါ။
• အနီရောင်တွေနဲ့ စကားပြောရင် - တိုက်ရိုက်၊ ဆုံးဖြတ်ချက်ချတတ်၊ ယုံကြည်မှုရှိပါ။ Framework တွေ (ဆက်သွယ်ရေးစနစ်တကျ ပုံစံ) သုံးပါ။ သူတို့က အမြန်နှုန်း၊ ရှင်းလင်းမှု၊ ရလဒ်ကို တန်ဖိုးထားတယ်။ အပိုအကြောင်းအရာတွေ ချန်လှပ်ပြီး ရလဒ်ကို အာရုံစိုက်ပါ။
မပြောသင့်တာ - "ဆုံးဖြတ်ချက်ချခင် နောက်ခံအသေးစိတ်တွေ အကုန်လေ့လာကြည့်ရအောင်။ ဆလိုက် ၁၄၇ ချပ်လောက် ပြမယ်။"
ပြောသင့်တာ - "နားထောင်ပါ။ အစီရင်ခံစာပြီးပါပြီ။ ဒေတာအကုန်လေ့လာပြီး အဓိကအချက် သုံးချက်ကို ချုံ့ပြီး ပြင်ဆင်ထားပါတယ်။ နောက်တစ်ဆင့် ဘာလုပ်သင့်လဲဆိုတာ ဒါပါပဲ။ မေးစရာရှိရင် မေးပါ။"
အဝါရောင်တွေနဲ့ စကားပြောရင် - စိတ်အားထက်သန်၊ အပြုသဘောဆောင်ပါ။ စိတ်ဝင်စားစရာကောင်းအောင်ပြောပါ။
မပြောသင့်တာ - "ဒီကင်မရာကို ဘယ်လိုသုံးရမလဲဆိုတာ နာရီ ၅ နာရီလောက် သင်ခန်းစာပေးမယ်။ ပြီးရင် ဒီကင်မရာကနေ အကျိုးကျေးဇူးအများဆုံးရအောင် PDF ၄၀ မျက်နှာလည်း ပေးမယ်။"
ပြောသင့်တာ - "ဟေ့၊ RECORD ခလုတ်ကို နှိပ်လိုက်ပါ။ သွားပျော်လိုက်ပါ။ သွားရင်းလုပ်ရင်း သင်ယူလိုက်ပါ။ သင်ကြိုက်သွားပါလိမ့်မယ်။"
• အစိမ်းရောင်တွေနဲ့ စကားပြောရင် - အေးဆေးတည်ငြိမ်စွာ၊ သည်းခံစွာ၊ ပံ့ပိုးကူညီပေးမှုနဲ့ပြောပါ။
မပြောသင့်တာ - "အခု ဒီအပြောင်းအလဲကို လုပ်ဖို့လိုတယ်။ အခု၊ အခု၊ အခု။"
ပြောသင့်တာ - "ဟေ့၊ နားထောင်ပါ။ ဒါက အပြောင်းအလဲတစ်ခုဆိုတာ သိပါတယ်။ ဒါပေမယ့် သင့်အတွက် သက်တောင့်သက်သာရှိမယ့် အရှိန်နဲ့ ကျွန်တော်တို့ ရွေ့လျားသွားမှာပါ။ ကျွန်တော် တစ်လမ်းလုံး ပံ့ပိုးပေးသွားမှာပါ။"
........................................................................................................
• အပြာရောင်တွေနဲ့ စကားပြောရင် - တိကျ၊ စနစ်ကျ၊ အချက်အလက်အပေါ်အခြေခံပြီး ပြောပါ။
မပြောသင့်တာ - "အသေးစိတ်တွေ ပူစရာမလိုဘူး။ ကျွန်တော်ကို ယုံလိုက်ပါ။"
ပြောသင့်တာ - "ဒေတာအားလုံးက ဒီမှာပါ။ ပြီးတော့ ဒေတာကနေ ထုတ်ထားတဲ့ အဆင့်ဆင့် စီစဉ်ထားတဲ့ အစီအစဉ်က ဒီမှာပါ။ သင် ထပ်ပြီး စစ်ဆေးချင်ရင် ပေးမယ်။"
ဒါကို သင်ယူတတ်မြောက်လာရင် သင်တွေ့ဆုံမယ့်လူ ၉၅% နဲ့ ချိတ်ဆက်နိုင်ပါလိမ့်မယ်။ မှတ်ထားပါ - ဒါက သင်ဘယ်သူဖြစ်တယ်ဆိုတာကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆက်သွယ်ရေးပုံစံနဲ့ လိုက်ဖက်အောင် သင့်ရဲ့ဆက်သွယ်ရေးပုံစံကို ညှိယူတတ်အောင် သင်ယူဖို့ပါ။
.
ကျွမ်းကျင်တဲ့ ဆက်သွယ်ရေးသမားတွေက လူတွေရှိရာနေရာကို သွားဆုံပြီး ချိတ်ဆက်မှုကို လွယ်ကူအောင် ဖန်တီးပေးတတ်တယ်။
"ကိုယ့်ကိုယ်ကိုယ် ဖြစ်အောင်နေပါ" ဆိုတဲ့ စကားကို ကျွန်တော်တို့ ကြားဖူးကြပါတယ်။ ဟုတ်ပါတယ်၊ ဒါက တစ်ချို့သော အတိုင်းအတာအထိ မှန်ပါတယ်။ ဒါပေမယ့် အခြားသူတွေနဲ့ တကယ်ချိတ်ဆက်ချင်ရင်၊ ရေလိုပဲ ပြောင်းလွယ်ပြင်လွယ်ဖြစ်တတ်အောင်လည်း သင်ယူရပါမယ်။ သင်ထည့်လိုက်တဲ့ ခွက်ရဲ့ ပုံစံအတိုင်း လိုက်လျောညီထွေဖြစ်အောင် နေတတ်ရပါမယ်။
.
"ပုံစံမရှိ၊ သဏ္ဍာန်မရှိ ရေလိုဖြစ်ပါစေ" - Bruce Lee ပြောခဲ့တာပါ။ သူပြောတာ မှန်တယ်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့အားလုံးဟာ အရောင်အားလုံးပါပဲ။ သင်ထဲမှာ ပျော်ရွှင်ကြည်နူးတတ်တဲ့ သဘောအဝါရောင်ရှိတယ်။ ဆက်သွယ်မှု၊ အနက်အဓိပ္ပာယ်၊ အသေးစိတ်ကို ရှာဖွေတတ်တဲ့ အပြာရောင်ရှိတယ်။ သဘောထားကွဲလွဲမှုကို ရှောင်တတ်ပြီး ငြိမ်းချမ်းမှုကိုသာ ရှာဖွေတတ်တဲ့ အစိမ်းရောင်ရှိတယ်။ ပြီးတော့ လုပ်ပြီးသွားတတ်တဲ့ အနီရောင်ရှိတယ်။ ကျွန်တော်တို့အားလုံးမှာ ဒါတွေအားလုံးရှိတယ်။ ကျွန်တော်တို့က တစ်ခုကို ပုံမှန်အားဖြင့် ဦးစားပေးလေ့ရှိပါတယ်။ ဒါက သင်ဟာ အခြားအရောင်တွေကို မပြောတတ်ဘူး၊ မပြောသင့်ဘူးလို့ မဆိုလိုပါဘူး။ ဒါကို အားလုံးသင်ယူသင့်တယ်လို့ ဆိုလိုတာပါ။ ကျွန်တော် သင်ကြားပေးတဲ့ အစီအစဉ်တွေမှာ သင်ယူတာက သင့်ကိုယ်ပိုင်လက္ခဏာကို မဆုံးရှုံးဘဲ ဘာသာစကားမျိုးစုံ ပြောတတ်စေဖို့ပါပဲ။ ဘယ်အခန်းထဲကိုမဆို ဝင်ပြီး လူတွေရှိရာနေရာကို သွားဆုံကာ သင့်ရဲ့အင်အားအပြည့်ဆုံး ပုံစံကို ယူဆောင်လာနိုင်စွမ်းဟာ ထူးချွန်တဲ့အစွမ်းတစ်ခုပါပဲ။
.