သူမရဲ့အွန်လိုင်းစတိုးမှာ sweat-shirt , Hoodie တွေတင်လိုက်တာနဲ့ မကြာခင်မှာပဲ ပစ္စည်းတွေ အကုန်ရောင်းကုန်သွားပါတော့တယ်။ အကြောင်းကတော့ သူမက တခြားဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့ ထူးခြားတဲ့ဒီဇိုင်းပုံစံမျိုးနဲ့ ဖန်တီးချုပ်လုပ်တာကြောင့်ပါ။ သူမက sweat-shirt , Hoodie အမျိုးအစားနဲ့ အရွယ်အစားတူတွေကို အရောင်အမျိုးမျိုးနဲ့ အများအပြားဝယ်ပြီး လိုက်ဖက်လှပတဲ့ပုံစံဖြစ်အောင် ပေါင်းစပ်ချုပ်လုပ်ပါတယ်။ #LGTmyanmar , #BBKmyanmar
ဒီလိုမျိုး ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာမြောက်ဒီဇိုင်းတွေကြောင့်ပဲ လူတွေက မူရင်းဈေးထက် အဆပေါင်းများစွာ ပိုပေးပြီး ဝယ်ယူကြပါတယ်။ သူမရဲ့ဒီဇိုင်းလက်ရာက အထည်တစ်ထည်စီကို တစ်မူထူးခြားတဲ့ အနုပညာလက်ရာအဖြစ် ပြောင်းလဲပေးလိုက်တာပါပဲ။ ဒါကြောင့်လည်း လူတွေက ဒီ sweat-shirt တွေကို အလုအယက်ဝယ်ယူကြရတာ ဖြစ်ပါတယ်။