အလွယ်ဆုံး ငှက်ပျောသီးဖြင့် သရက်ပင်ကိုင်းကူးနည်း




ဒီတစ်ခါမှာတော့ အိမ်မှာနေရင်း သရက်ပင်ကို အလွယ်တကူ ကိုင်းကူးပျိုးနိုင်မယ့် နည်းလမ်းကို မျှဝေပေးသွားပါမယ်။ ဒီနည်းက ရိုးရာပျိုးနည်းတွေထက် အချိန်ကုန်သက်သာပြီး ရလဒ်ကောင်းတွေ ရရှိစေနိုင်ပါတယ်။#LGTmyanmar , #BBKmyanmar


လိုအပ်သော ပစ္စည်းများ

  • ရင့်တဲ့ သရက်ကိုင်း တစ်ပေခန့်ရှိပြီး ရင့်မာနေတဲ့ သရက်ကိုင်းကို ရွေးချယ်ပါ။

  • ငှက်ပျောသီးစိမ်း  မမှည့်သေးတဲ့ အစေ့မပါတဲ့ ငှက်ပျောသီးအမျိုးအစားဆို ပိုကောင်းပါတယ်။ (သီးမွှေး)

  • ပလတ်စတစ်ပုလင်း Cola ပုလင်း သို့မဟုတ် အခြား အလားတူပုလင်း။

  • ဓား သန့်ရှင်းပြီး ထက်မြက်ရပါမယ်။

  • ပျိုးမြေ: မြေဆွေး (Black Soil) နဲ့ ဖွဲပြာ/ဖွဲနု (Rice Husk or Rice Grain) ကို ရောစပ်ထားတဲ့ ပျိုးမြေ။


အဆင့်ဆင့် ပြုလုပ်နည်း

  1. ကိုင်းပြင်ဆင်ခြင်း: ပထမဆုံးအနေနဲ့ ရွေးချယ်ထားတဲ့ သရက်ကိုင်းရဲ့ အရွက်တွေကို ခြွေချပါ။ ပြီးရင် ကိုင်းရဲ့ အောက်ခြေပိုင်းကနေ အမြစ်ထွက်မယ့်နေရာကို ဓားနဲ့ အပေါ်ယံအခွံလွှာကို အသာလေး ခြစ်ပေးပါ။

  2. ငှက်ပျောသီးနှင့် ပေါင်းစပ်ခြင်း: ငှက်ပျောသီးစိမ်းကို အထူတစ်လက်မခန့် လှီးပြီး အလယ်မှာ အပေါက်ဖောက်ပါ။ ထို့နောက် ပြင်ဆင်ပြီးသား သရက်ကိုင်းကို အဲဒီငှက်ပျောသီးထဲကို မြှုပ်ထည့်ပါ။

  3. ဘူးပြင်ဆင်ခြင်း Coca Cola ပုလင်းခွံ ကို ယူပါ။ ပုလင်းရဲ့ သုံးပုံတစ်ပုံခန့် ကို အပေါ်ပိုင်းနား ကနေ ဖြတ်လိုက်ပါ။ သရက်ကိုင်းမြုပ်ထားတဲ့ ငှက်ပျောသီးအပိုင်းအစ ကို ပုလင်းရဲ့ အောက်ခြေပိုင်းထဲကို ထည့်ပါ။

  4. ပုလင်းထဲကို  Coca Cola ရည်လောင်း ထည့်ပါ။ Coca Cola ရည်က ငှက်ပျောသီး အပိုင်းအစကို လုံးဝမြုပ်နေအောင် ထည့်ပေးရပါမယ်။ 

  5. တိတ်နဲ့ ပုလင်းပြန်ပိတ်ပါ ဖြတ်ထားတဲ့ ပုလင်းရဲ့ခေါင်းပိုင်း ကို အောက်ခံပိုင်းနဲ့ ပြန်ပိတ်ပြီး တိပ်နဲ့ လုံအောင်ပတ်ပေးပါ။ ဒီအဆင့်တွေကို သေချာလိုက်လုပ်ပြီးရင် ကိုင်းကနေ အမြစ်တွေ ထွက်လာဖို့ စောင့်ဆိုင်းနိုင်ပါတယ်။

  6. ရက်သတ္တပတ်အနည်းငယ်ကြာရင် အမြစ်တွေ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ 

  7. ပြောင်းရွှေ့စိုက်ပျိုးခြင်း: အမြစ်တွေ သန်မာလာပြီဆိုရင်တော့ ကိုင်းကို ပုလင်းထဲကနေ ထုတ်ပြီး အိုးအသစ် သို့မဟုတ် မြေကြီးထဲကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။ မြေဆွေး (Black Soil) နဲ့ ဖွဲပြာ/ဖွဲနု (Rice Husk or Rice Grain) ကို ရောစပ်ထားတဲ့ ပျိုးမြေ ထည့်ထားတဲ့ အိုးထဲကို ပြောင်းရွေ့ စိုက်ပျိုးနိုင်ပါပြီ 


ဒီလောက်ဆိုရင်တော့ အိမ်မှာ သရက်ပင်ကို ဘယ်လို ကိုင်းကူးပျိုးရမလဲဆိုတာကို သိရှိသွားပြီလို့ ထင်ပါတယ်။ ဒီနည်းလမ်းကို စမ်းသပ်ကြည့်ပြီး ရလဒ်တွေကိုလည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Previous Post Next Post