ပြောင်းဖူးမှုန့် ဘယ်လို ထုတ်လုပ်မလဲ?

 


ပြောင်းဖူးမှုန့်ကို မုန့်ဖုတ်တဲ့အချိန်မှာ သုံးသလို ဟင်းချိုများမှာလဲ ထည့်သွင်းအသုံးပြုနိုင်ပြီး ကျန်းမာပြီး  ဓာတုပစ္စည်းများမပါဝင်တဲ့ အိမ်မှာပဲ ကိုယ်တိုင် လုပ်လို့ရတဲ့နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။ #LGTmyanmar , #BBKmyanmar

    ပြောင်းဖူးမှုန့် ကြိုက်နှစ်သက်ရာပြောင်းဖူးအမျိုးအစားကို အသုံးပြုနိုင်ပြီး ၂ ဖူးက နေ ၃ ဖူး ထိ ပြောင်းဖူးစေ့တွေကို ခြွေပေးပါ။ ဓားနဲ့ လှီးတာမျိုး မလုပ်ပဲ အဆံလိုက်လေးဖြစ်အောင် လက်နဲ့ ခြွေပေးပါ။

    ရေနှစ်ထပ်ဆေးပြီး ၂ နာရီကြာအောင် စိမ်ပေးပါ။ ပြောင်းဖူးစေ့လေးတွေ မပျော့သေးဘူးဆိုရင်  ၆ နာရီကြာအောင်စိမ်ထားပေးပါ။ 

    ရေသွန်လိုက်ပြီး အမှုန့်ကြိတ်တဲ့စက်လေးထဲထည့် ပေးပါသည်။ အဲ့ဒီလို လုပ်ခဲ့ခြင်းဖြင့် ကစီဓာတ်တွေ ထွက်သွားလိမ့်မယ်။ အမှုန့်ကြိတ်တဲ့အခါ တစ်ကြိမ်ကြိတ်မယ့်ပြောင်းဖူးစေ့များနဲ့ ထည့်မယ်ရေပမာဏက တူညီရပါမယ်။

◈    ကြိတ်ထားတဲ့ရေတွေကို ဇကာများနဲ့ အကြိမ်ကြိမ်စစ်ချပါ ရေနည်းနည်းစီ ထပ်ထည့်ပြီး စစ်ချပါ။ fine strainer, cotton clothe, cheese cloth တစ်မျိုးမျိုးနဲ့ ထပ်စစ်ချပါ။ 

◈    စစ်ပြီးရတဲ့ ရေတွေကို နောက်ဆုံး မှာ ၂ နာရီလောက် စိမ်ထားလိုက်ပြီး နောက်ဆုံးနုညက်ပြီး အသေးဆုံးဖြစ်သွားတဲ့ ပြောင်းဖူးမှုန့်တွေ အနည်ထိုင်လာပါသည်။

◈    ရေသွန်လိုက်ပြီးတော့ အနည်ထိုင်နေတဲ့  ပြောင်းဖူးမှုန့်ကို ပန်းကန်ပြားထဲထည့်ပြီး တစ်နေ့လုံး နေလှမ်းပါ။ ခြောက်လာပြီဆိုရင် အက်ကွဲလာပြီးတော့ အစိုဓာတ်ကျန်နေသေးတယ်ဆိုရင် နေထပ်လှမ်းပါ။

◈    အစိုဓာတ် လုံးဝမရှိတော့တဲ့အခါ ကြိတ်စက်နဲ့ ကြတ်ပေးလိုက်တဲ့အခါ နုညက်နေတဲ့ ပြောင်းဖူးမှုန် ရရှိပါသည်။ အစိုဓာတ်မဝင်စေဖို့  လေလုံတဲ့ ဘူးထဲထည့်ပြီးတော့ သိမ်းထားပေးဖို့ လိုအပ်ပါသည်။





Previous Post Next Post