Teaching approach and Practice Teaching

 


ကျွန်မတို့ရဲ့မိတ်ဖက် သင်ကြားရေးစင်တာက ဆရာ ဆရာမတွေအကုန်လုံးဟာ TOT သင်တန်းကို ဖြတ်သန်းရပါတယ်။ အဲ့ဒီ TOT သင်တန်းက စာတွေ့လက်တွေ့ နှစ်ခုစလုံးပေါင်းစပ်ထားပါတယ်။ သူတိုကိုယ်တိုင်ကိုက သင်တန်းသားအနေနဲ့ သင်ရိုးနှင့်အရင်ထိတွေ့ ပြီးတော့ သင်ကြားရေးနည်းစနစ်ကို စာတွေ့လေ့လာရပါတယ်။ ညနေတိုင်း ညနေပိုင်းတွေမှာ Debriefing Session ကို သူတို့တက်ရောက်ရပါတယ်။ 

#LGTmyanmar  #BBKmyanmar #OfficeSkill

.

သင်တန်းသားအနေနဲ့ တက်ရောက်ပြီးတဲ့အခါမှာ ညနေမှာ သင်ယူတဲ့ Debriefing Session ကနေပြီးတော့ သင်ကြားရေးနှင့် ဆိုင်တဲ့ သီအိုရီနှင့်ဆိုင်တဲ့ သဘောတရားတွေကို သူတို့စပြီးတော့ ထိတွေ့ခွင့်ရကြပါတယ်။ ToT ကို စာတွေ့သင်ပြီးတဲ့အခါ နောက်သူများတွေရဲ့ သင်ကြားမှုကို ကြည့်ပြီးတဲ့အခါမှာ သူတို့ကိုယ်တိုင်သင်ကြားရတဲ့အချိန်ရောက်လာပါတယ် Facililative Teaching ဖြစ်တဲ့အတွက်ကြောင့် မသင်ခင်မှာအများကြီး ကြိုတင်ပြင်ဆင် မှုတွေလုပ်ဆောင်ရပါတယ်။ 

.

အဲ့ဒီကြိုတင်ပြင်ဆင်မှုကို ကျွန်မတို့နှင့်အတူ သင်မဲ့အတန်းတစ်ခုချင်းစီအတွက် ပြင်ဆင်ရပါတယ်။ ဒါကို ပြင်ဆင်ပြီးဆုံးတဲ့အခါမှာတော့ ကိုယ်တိုင်သင်ကြားတဲ့အချိန်ကိုရောက်ရှိပါတယ်၊ လက်တွေ့ကျကျ နှင့် စနစ်တကျ သင်တဲ့သင်တန်းမျိုးတွေက ကျွန်မတို့ဘက်ခြမ်းမှာ အားနည်းပါတယ်။ အဲ့ဒီအတွက် ကျွန်မတို့ဒေသမှာလည်း အကျိုးးရှိအောင် ဒီရဲ့သင်တန်းတွေနှင့် သင်ရိုးတွေကို မျှဝေခြင်း ဖြစ်ပါတယ်။

.

BBK နှင့် Job Readiness Skill Development အတန်းများတွင် သင်ကြားသော ဆရာဆရာမ များသည်။ စာတွေ့လက်တွေ့ သင်ကြားနိုင်သည်အထိ သင်ကြားရေး လေ့လာခဲ့သူများဖြစ်ကြသည်။ လက်တွေ့သင်ကြားမှု လေ့ကျင့်ရေးအား လေ့လာကြည့်ရှုနိုင်ပါသည်။



Previous Post Next Post