လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ( Job Readiness Skill development Courses) သည်။ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသော လူငယ်များအတွက် လက်တွေ့ကျကျသင်ယူနိုင်ရန် ပြင်ဆင်ထားသော သင်တန်းများ ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများကို EDNA Myanmar နှင့် Moving Forward Together တို့မှ ပူးပေါင်းပြုစုသော သင်ရိုးဖြစ်ပါသည်။
Job Readiness Skill Development Course (1)
ကျွန်မတို့ဆီမှာ တစ်ပိုင်တစ်နိုင်နှင့် အသေးစားစီးပွါးရေးလုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေကို မြင့်တင်ပေးနိုင်ဖို့ အခြေအနေအားနည်းပါတယ်။ Training ဌာနတွေ ပြီးတော့လုပ်ငန်းခွင် နှင့်ပတ်သက်တဲ့ စွမ်းရည်မြင့်တင်ရေးနှင့်ဆိုင်တဲ့ ပညာရပ်တွေကို ဒေသမှာ သင်ကြားပေးနိုင်တဲ့နေရာတွေလည်း အင်မတန်နည်းပါးပါတယ်။ မရှိသလောက်ဖြစ်ပါတယ်။
#LGTmyanmar #BBKmyanmar #OfficeSkill
အလုပ်ခေါ် လိုတာ ကိုယ့်ရဲ့ဝါသနာနှင့်ကိုက်ခြင်းမကိုက်ခြင်းစဉ်းစားမှုမရှိဘဲနှင့် ဝင်လုပ်လိုက်တာမျိုးတွေပဲရှိတယ်၊ အဲ့တွက်ကြောင့် လူငယ်တွေရဲ့အနာဂတ် ကိုယ်ပိုင်အခွင့်လမ်းကို ဖန်တီးနိုင်ရန် နောက်ကိုယ့်ရဲ့ အရည်အသွေးကို သိပြီး ကိုယ်သွားချင်တဲ့ Goal Setting ပေါ့နော် ကျွန်မတို့သင်ရိုးနှင့်ချိတ်မယ်ဆိုရင် အဲ့လိုရောက်ရှိသွားအောင် လုပ်ငန်းရှင်တွေ ကိုယ်၌ကလည်း Office Skill နှင့်ပတ်သက်ပြီး အားနည်းတဲ့အပေါ်မှာ ကျွန်မတို့ ဒီဟာလေး တွေကို ပြန်ပြီး သင်တန်းတစ်ခုအနေနဲ့ စီစဉ်တာပါ။
Job Readiness Skill Development Course (2)
နောက်တစ်ခုက လုပ်ငန်းခွင်ရဲ့ Image ကိုလည်း ဒီရဲ့ ဝန်ထမ်းက Office Skill ကိုကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်တယ်ဆိုရင် သူ့ရဲ့လုပ်ငန်းခွင်ကို သူမြင့်တင်ရာကျတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်ကျွန်မတို့က ဒီ Office Skill ကိုတကယ်တတ်ပြီးတော့ အလုပ်ဝင်တာနှင့်ဒီတိုင်း အလုပ်သင်ရင်း အလုပ်ဝင်တာမတူဘူးပေါ့နော်။ အဲ့တွက်ကြောင့် ကျွန်မတို့ဆီကလူငယ်တွေကို Office Skill ကို ကျွမ်းကျွမ်းကျင်ကျင်တတ်ထားပြီး အလုပ်ဝင်မယ် ဆိုရင် သူတို့ကိုယ်တိုင်လည်း လုပ်ငန်းခွင်မှာအဆင်ပြေမယ်၊
Job Readiness Skill Development Course (3)
တကယ်လို့ ဝန်ထမ်းက မသိဘူးဆိုရင် လုပ်ငန်းရှင်က သိနေတဲ့အတွက် ပြန်ပြီးတော့ညွှန်ကြားသင်ကြား ပေလို့ရတာပေါ့နော်။အဲ့တွက်ကြောင့်မလို့ ကျွန်မရဲ့အတွေ့အကြုံအရပဲဖြစ်ဖြစ်၊ အပြင်မှာတွေ့မြင်နေရတာပဲဖြစ်ဖြစ်လုပ်ငန်းရှင်က ပိုသိဖို့ လိုအပ်ပါတယ်။ ဒီအတွက်ကြောင့်မလို့ ကျွန်မတို့ရဲ့ မိတ်ဖက်တွေအနေနဲ့ မိမိတို့ရဲ့ဒေသမှာအလုပ်လုပ်နေကြတဲ့လူငယ်တွေရဲ့ Capacity Building ကို အထောက်အကူဖြစ်ဖို့အတွက် လုပ်ငန်းခွင်သင်တန်းတွေကို စတင်ဖွင့်လှစ်ပါတယ်။ ကျွန်မတို့ဒေမှာမှာပဲ မကဘူးပေါ့နော်၊ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့လုပ်ငန်းရှင်တွေကို ကျွန်မတို့ပြောချင် တာက ဘာပဲဖြစ်ဖြစ်အခုချိန်မှာလုပ်ငန်းရှင်က အရှေ့ကနေ ပြေးနေရမှာပါ။ တော်တဲ့ဝန်ထမ်းတွေကိုခန့်အပ်တယ်ဆိုပေမဲ့ ကိုယ်ကို၌က လဲ တစ်ချိုဘာသာရပ်တွေကိုလေ့လာထား ဖို့လဲလိုပါတယ်၊ အဲ့တွက်ကြောင့် ဒီသင်တန်းကို Join ကြည့်ပါလို့ကျွန်မအနေနဲ့ ပြောချင်ပါတယ်။