ကမ္ဘာရောင်းအားအကောင်းဆုံး ဖိနပ် Crocs အကြောင်း အပိုင်း (၁)


Crocs ဖိနပ်ကို စတင်မိတ်ဆက်ပြီး ရောင်းချခဲ့သည့်အချိန်မှာ အပြောင်းအလဲများစွာဖြစ်ပေါ်စေခဲ့သည်။ Crocs ဖိနပ်များကို ဝတ်ရတဲ့သူများအတွက် ကတော့ သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးဖြစ်ပြီး အထာကျသောကြောင့် လူငယ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ Captain Discovery သည် Crocs Factory ရဲ့ လုပ်ငန်းစဥ် လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြတော့မှာဖြစ်ပါတယ်။ Crocs ဖိနပ်များကို  ထုတ်လုပ်ပုံ နှင့် လူအများစိတ်ဝင်စားအောင် ဖန်းတီးမှု များကို လေ့လာကြရအောင်။  #LGTmyanmar , #BBKmyanmar

.


Crocs သမိုင်းကြောင်း

2002 ခုနှစ်မှာ Scott ၊ Lyndon Hansen နဲ့ George သူငယ်ချင်း သုံးယောက် စတင်ခဲ့တယ်။ Boder Jr သည် Foam Creations ဟုခေါ်သော ကနေဒါကုမ္ပဏီတစ်ခုမှ Clogs ဖိနပ်ဒီဇိုင်းထုတ်ထားသော ထူးခြားသည့် ရေမြှုပ်ခံနိုင်သော ဖိနပ်များကိုထုတ်လုပ်ခဲ့သည်။ သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးဖြစ်သောကြောင့် အလားအလာကောင်းများကို မြင်ခဲ့သောကြောင့် ထုတ်လုပ်ဖြန့်ဖြူးခဲ့ကြသည်။ ကမ်းခြေဟု အမည်ပေးထားသည့် ပထမဆုံး Crocs မော်ဒယ်ဖိနပ်ဒီဇိုင်းကို ထိုနှစ်တွင် ဖလော်ရီဒါရှိ Fort Lauderdale Boat Show တွင် စတင်မိတ်ဆက်ခဲ့ပြီး ဖိနပ်အရံ ၂၀၀ စလုံး လျှင်မြန်စွာ ရောင်းထွက်သွားခဲ့သည်။ 

.

ကနဦးအောင်မြင်မှုများကြောင့် စျေးကွက်များသည် အရှိန်အဟုန်ဖြင့် ချဲ့ထွင်နိုင်ခဲ့သည်။ Crocs ဖိနပ်၏ အဓိကကျော်ကြားမှုမှာ ပေါ့ပေါ့ပါးပါးဖြစ်ပြီး အထာကြသောကြောင့် ဖြစ်သည်။ 2000 ခုနှစ် အလယ်ပိုင်းများတွင် Crocs လူကြိုက်အများဆုံးဖြစ်လာပြီး နာမည်ကြီး ဆယ်လီများပါ ဝတ်ဆင်လာသောကြောင့် တိုးတက်လာခဲ့သည်။ သို့သော်လည်း 2008 ခုနှစ်တွင် စိန်ခေါ်မှုများ ပြိုင်ဆိုင်မှုများ တိုးလာခြင်းကြောင့် ကုမ္ပဏီအား ပြန်လည်ဖွဲ့စည်းပြီး ဗျူဟာများ ပြောင်းလဲမှုများစွားပြုလုပ်ခဲ့ရပြီး ပြန်လည်အာရုံစိုက်ရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ 2020 တွင် Covid-19 ကူးစက်ရောဂါသည် Stay At home ကြာလများတွင် သက်တောင့်သက်သာရှိပြီး ပေါ့ပါး အထာကျတဲ့ Crocs ဖိနပ်များသည်ရောင်းအား တိုးတက်လာသည်။ Crocs က ဆယ်လီများနှင့် collaboration လုပ်ခဲ့ပြီး ရောင်းအားရော Brand ပုံရိပ်ပါ တိုးတက်လာခဲ့သည်။

.

ထုတ်လုပ်မှုအတွက် ပြင်ဆင်ခြင်း 

Crocs ဖိနပ်တွင် အသုံးပြုထားသော ပစ္စည်းသည် ရော်ဘာမကျ ပလပ်စတစ်မကျ အထူးပြုလုပ်ထားသော Crosslite များကိုအသုံးပြုထားသည်။  ထို့‌ကြောင့် ပေါ့ပါးပြီး ရေစိုနေတောင် ချော်ထွက်သွားခြင်းမရှိပါဘူး။ Crosslite ကုန်ကြမ်းများသည်  သေးငယ်သောအလုံး များဖြစ်ပြီး  ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွက်  လုပ်ဆောင်ပေးသည်။  Crocs ဖိနပ်များ၏  အရေးကြီးသောလုပ်ငန်းစဥ်သည် texture နှင့် quality ကိုက်ညီမှုရှိစေရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။ 

.


Injection Molding 


  1. Crosslite ကုန်ကြမ်းများကို ပထမအဆင့်အနေဖြင့် မိုစက်ထဲသို့ထည့်ပါ။ 
  2. နောက်တစ်ဆင့်က Crocs ဖိနပ်ပြုလုပ်ရန်  ပျော့ပျောင်းသော အရည်အဖြစ်သို့ရောက်ရှိသည်အထိ အပူပေးပါ။
  3. ထို့နောက် Crosslite အရည်များကို မိုပုံစံခွက်ထဲသို့ သွန်းလောင်းပေးပါ။
  4. နောက်ဆုံးအဆင့်တွင် Crocs ဖိနပ် signature ဒီဇိုင်းဖြစ်တဲ့ လေဝင်လေထွက်အပေါက်များ နှင့် ခြေဖနောင့်သိုင်းကြိုး ဖိနပ်ထုတ်လုပ်နိုင်ပါပြီး။
  5. Crocs ဖိနပ် ထုတ်လုပ်သည့်မိုများသည် တိကျမှုရှိပြီး တိကျသော ဒီဇိုင်းသတ်မှတ်ချက်များ အတိုင်းအတာ နှင့် အရည်အသွေးများကို ထိန်းသိမ်းထား နိုင်သည်။ 

 

Previous Post Next Post