အပင်များကြီးထွားနှုန်းမြန်စေသော အချိူမှုန့်ဖြင့် စိုက်ပျိုးနည်း



အချိုမှုန့်ကို အပင်များစိုက်ပျိုးသည့်အခါ ဘာလိုမျိုးအသုံးဝင်သလဲ။ အချိုမှုန့် မြေသြဇာရဲ့ အားသာချက်မှာ စိုက်ပျိုးရေး ပစ္စည်းများ နှင့် မြေသြဇာများ စျေးကြီးနေတဲ့ အချိန်များတွင်  အချိုမှုန့်ကို စိုက်ပျိုးရေးအတွက် စမ်းသပ် အသုံးချဖို့ဖိတ်ခေါ်ပါရစေ  စျေးသက်သာပြီး အကျိုးရှိပါတယ်။ #LGTmyanmar, #BBKmyanmar

.

အချိုမှုန့်ဆိုတာ ဘာလဲ ?

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။

• Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုးပါဝင်ပြီး စားစရာထဲထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

.

အချိုမှုန့်ကို ဘယ်လို လုပ်သလဲ ???


ကာဘွန်ဟိုက်ဒရိတ် ဓာတ်ကို အဏုဇီဝပိုး ဘတ်တီးရီးယား Corynebacterium glutamicum ဖြင့်က စော်ဖောက်ခြင်းဖြင့် ပြုကြသည်။

အပင်မှထွက်လာသော  ကာဘွန်ဟိုက်ဒရိတ်ဓာတ်(အချိုဓာတ်) များသောအပင်များမှာ ပီလောပီနံဥ၊ ကြံချောင်း နှင့် ပြောင်းဖူးအဆံ များဖြင့် ကစော်ဖောက်ကြသည်။ ကစော်ဖောက်ခြင်း မှထွက်လာသော အမိုင်နိုအက်ဆစ် များကို အခဲပြုလုပ်ပြီး အချိုမှုန့်ထွက်လာသည်။

.

ဖျော်စပ်နှုန်းထား


ရေ ၁ ဂါလံမှာ အချိုမှုန့် ဟင်းစားဇွန်း ၁ ဇွန့်ဖြင့် သေချာစွာမွှေပြီး ဆေးဖြန်းပုံးထဲသို့ထည့် ၍အသုံးပြုနိုင်ပါပြီး။ အပင် ၊မြေကြီး နှင့် အမြစ် မိမိနှစ်သက်ရာ နေရာများကို ဖြန်းနိုင်ပါပြီ။

.

အကျိုး ကျေးဇူး များ -

အရွက်စား အပင်တွေ နဲ့ အလှစိုက်အပင်တွေ အတွက် အစာချက်အားကောင်းစေတယ်၊

• အရွက်များ ကြီးထွားစေပါတယ်၊

• သယ်ဆောင်ရ လွယ်ကူ၊

• ဩဂန်းနစ် ဖြစ်ပါတယ်၊

• ပဲပင်များအတွက် အစောပိုင်း အဆင့်တွေမှာ အကျိုးပြု ပဲမြစ်ဖု Rhizobium ဘတ်တီးရီးယားကို အားပေးတယ်၊

• အပင်တွေရဲ့ ပန်းပွင့် မှုကို လှုံဆော်ပေးနိုင်ပါတယ်

.

ဆိုးကျိုးများ -

တစ်လကို ၅ ကြိမ်ထက် ပိုမသုံးသင့်ပါ၊ မြေငန် စေတတ်သည်၊ ဆားဓာတ် Sodium တွေမြေမှာ စုလာတတ်ပါသည်၊

• အများဆုံး နှုန်းအနေဖြင့် ရေ ၁ ဂါလံ တွင် ဟင်းစားဇွန်း ၅ ဇွန်းအထိသာသုံးသင့်သည်၊

• အပင်မှာ ဗိုင်းရပ်စ် ရောဂါတွေကျနေရင်မသုံးသင့်ပါ


အချိုမှုန့်ဖြင့် စိုက်ပျိုးရာတွင် လက်တွေ့ စမ်းသပ်ရာတွင် အောင်မြင်မှု ရရှိခြင်း




ပန်းအိုးသေးဖြင့် စိုက်ပျိုးထားသော ပျိုးပင်မှာ အချိုမှုန့်  အသုံးပြု၍  စိုက်ထားခြင်းဖြစ်သည်။

ပန်းအိုး အကြီးမှာ ရိုးရိုး မြေသြဇာများ ဖြင့် စိုက်ပျိုးထားခြင်းဖြစ်သည်။

.


Previous Post Next Post