နှစ်စဉ် စပါကတီ တန်ချိန်သန်းပေါင်းများစွာ ထုတ်လုပ်မှု လုပ်ငန်း



‌ပါစတာခေါက်ဆွဲ သည် ကမ္ဘာပေါ်တွင်  လူအကြိုက်အများဆုံး အစားအစာတစ်ခုဖြစ်လာပြီး ပါစတာ ခေါက်ဆွဲ စားသုံးမှုသည် နှစ်စဥ် တန်ချိန်သန်းနှင့် ချီပြီး နိုင်ငံများစွာတွင် မရှိမဖြစ် လိုအပ်သော အဓိကအစားဖြစ်လာသည်။ ခေါက်ဆွဲအမျိုးအစား များစွာရှိသော်လည်း စပါကတီသည် လူကြိုက်များသော အစားအစာဖြစ်လာသည်။ ဤ‌ အထူးထုတ် ခေါက်ဆွဲ ၏ ထုတ်လုပ်မှုလုပ်ငန်းစဥ် ကိုလေ့လာရန် ကျွန်တော်တို့ အတူတူလေ့လာကြပါစို့။  #LGTmyanmar , #BBKmyanmar


စပါတကီ ခေါက်ဆွဲ ပြုလုပ်ပုံအဆင့်ဆင့်

  • ဂျုံတွေကို အခွံချွတ် de-hulling system ကို ဖြတ်ပြီး အခွံ့ချွတ်ပေးပါသည်။
  • semolina flavour ကို ရေနှင့် အတူရောမွှေပေးပြီး အထူးပြုလုပ်ထားသော ရောစပ်ကိရိယာများနဲ့ အားကောင်းသော စက်များဖြင့် စဥ်ဆက်မပြတ် ရောမွှေပေးပါ။ ရောစပ်ခြင်းလုပ်ငန်းစဥ်သည် အချိန် ၁၀ မိနစ် မှ ၁၅ မိနစ် ရောမွှေပြီးနောက် ချောမွေ့၊ ညီညာ အမှုန့်များ တစ်သားတည်း ဖြစ်သွားသည်အထိ ကြိတ်ပေးပါ။  ရောစပ်ခြင်း လုပ်ငန်းစဉ်မှာ ကြက်ဥကိုပါထည့်ရောမွှေပါတယ်။
  • ရောစပ်ပြီးရလာတဲ့ သေးငယ်သော အမှုန့်လေးတွေက ပုံစံဖော်ရတာလွယ်ကူစေပါတယ် ဂျုံမှုန့်ညက်တွေကို မြင့်မားသော ဖိအားနဲ့ rolling machine မှာ အပြားလိုက် ဖိပေးပြီးနောက် mold (ပုံစံဖော်ခွက်)ရဲ့ သေးငယ်သော အပေါက်ငယ်ထဲ ဖိနှိပ်ခြင်းအားဖြင့် သေးမျှင်သော စပါကတီ မျှင်လေးတွေ ရလာပါတယ်။
  •  ရှည်လျားပြီး၊ ပါးလွှာသော စပါကတီ ခေါက်ဆွဲမျှင်တွေကို လိုချင်တဲ့ အရှည်ရအောင် ဖြတ်ပေးရပါတယ်။
  • ဖြတ်တောက်ပြီးတဲ့  စပါကတီ ခေါက်ဆွဲများ အခြောက်ခံစက်များမှာ ပူပြီးခြောက်သွေ့တဲ့လေနဲ့ စိုထိုင်းမှုမရှိ ပုံစံမပျက်သွားစေဖို့ အခြောက်ခံပေးရပါတယ်။
  • ရွေ့လျားစက်များဖြင့် တင်ပြီး ထုပ်ပိုးမှု လုပ်ငန်းစဥ်သို့ ပို့ဆောင်လျှက်ရှိသည်။ စက်များသည် စပါကတီ ခေါက်ဆွဲများကို အလိုအလျောက် ထုပ်ပိုးသည့် လုပ်ငန်းကိုလုပ်ဆောင်သည်။ 


ထုပ်ပိုးမှုအဆင့်တွင် အရေးကြီးဆုံးအဆင့်မှာ ထုတ်လုပ်မှုရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုပ်ပိုးသည့်နံပါတ် နှင့် ဘားကုဒ်စသည့် အချက်အလက်များကို ပုံနိုပ်ထည့်သွင်း ခေါက်ဆွဲအထုပ်ကို တံဆိပ်ခတ်ခြင်းအဆင့်ဖြစ်သည်။ ခေါက်ဆွဲ စက်ရုံများတွင် လုပ်ငန်းတွင်  ရိုးရာနည်းပညာများနှင့် ခေတ်မှီနည်းပညာများကို ရောနှောပေါင်းစပ်အသုံးပြုသည်။ ယနေ့ဈေးကွက်တွင် spaghetti၊ fettuccine၊ penne သို့မဟုတ် macaroni ကဲ့သို့သော ခေါက်ဆွဲအမျိုးအစား ရာနှင့်ချီရှိနေပါပြီ။ ထို့ကြောင့် နောက်တစ်ကြိမ် ချက်ပြုတ်ရန် ခေါက်ဆွဲကို ရွေးချယ်သည့်အခါတွင်၊ အကြိုက်ဆုံး ခေါက်ဆွဲ အရသာကို ဝယ်ယူပြီး မတူညီသောအမျိုးအစားများကို ရှာဖွေကြည့်ပါ။ဤကုန်ထုတ်လိုင်းများ၏ စွဲမက်ဖွယ် ရှုပ်ထွေးမှုများကို မျက်မြင်တွေ့လိုပြီး အဆိုပါ စက်ရုံများ မည်သို့လုပ်ဆောင်သည်ကို ပိုမိုလေ့လာလိုပါက၊ ကျွန်တော်တို့ ဒီဗီဒီယိုများကို ဆက်လက်ကြည့်ရှုလေ့လာနိုင်ပါမည်။








Previous Post Next Post