အမေးများသော အလုပ်အင်တာဗျူး မေးခွန်းနှင့် နမူနာ အဖြေများ (အပိုင်း ၃)

 



မေးခွန်း ၁၁ - အဖွဲ့အဝင်တစ်ဦးအနေဖြင့် သင်လုပ်ဆောင်ခဲ့သောအချိန်ကို ပြောပြပါ။

STAR နည်းလမ်းကိုအသုံးပြုပြီးသင့်အဖြေကိုတည်ဆောက်ပါ။

  • Situation ( အဖြစ်အပျက်တစ်ခု )
  • Task ( တာဝန် )
  • Action (လုပ်ဆောင်ချက် )
  • Result (ရလဒ် )

#LGTmyanmar , #BKKmyanmar

နမူနာဖြေများ


Situation (အဖြစ်အပျက်တစ်ခု) အရင်အလုပ်မှာ manager က ကျွန်တော်တို့အသင်းကို company ရဲ့ ထုတ်ကုန်အသစ်ထုတ်လုပ်ဖို့တာဝန်ပေးခဲ့တယ်။

Task (ကိုယ်ရရှိခဲ့တဲ့တာဝန်) အဖွဲ့ရဲ့တာဝန်က ထုတ်ကုန် နှင့် ထုတ်လုပ်ရေးအောင်မြင်အောင်သည် အထိ ထိရောက်မဲ့ဈေးကွက်မြှင့်တင်ရေးအကြံများကို လုပ်ဆောင်ရန်ဖြစ်သည်။

Action (ကိုယ်ပြုလုပ်ခဲ့တဲ့လုပ်ဆောင်ချက်) ကျွန်တော်တို့သည် အကြံဥာဏ်များကိုဖော်ထုတ်နိုင်ရန် အဖွဲ့ လိုက်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်။ Customer များကို ၁၀ ရာခိုင်နှုန်းလျှော့ဈေးပေးပြီး သတ်မှတ်ထားသော target ကိုမြန်မြန်ရရှိနိုင်ရန် company ရဲ့ social media platform တွေကနေတစ်ဆင့်ကြော်ငြာရန် ကျွန်တော်တို့က အကြံပေးခဲ့သည်။ တခြားအဖွဲ့ဝင်များက ကျွန်တော်တို့ကို တွဲဖက်စျေးကွက်မြှင့်တင်ရေးနှင့် influencer များကိုအသုံးပြုရန်အကြံပြုခဲ့ကြတယ်။

အစည်းအဝေးပြီးသည့်ခါ ကျွန်တော်တို့ ၏ အကြံဉာဏ် နှင့် အဆိုပြုချက်များကို manager အားတင်ပြလိုက်တဲ့အခါ ထုတ်ကုန်ကိုထုတ်လုပ်နိုင်ရန် အတွက် ခွင့်ပြုချက်ရရှိခဲ့သည်။

Result (ရလဒ်) ကျွန်တော်တို့ company သည် အကောင်းဆုံးအကြံစည်များကိုပူးပေါင်းပြီး ထုတ်ကုန်အသစ်များ ထုတ်လုပ်နိုင်သောကြောင့် company ၏သမိုင်းတွင် အကောင်းဆုံးရောင်းအားကိုရရှိခဲ့တယ်။


မေးခွန်း ၁၂- အလုပ်မှာသင်ကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုအခြေအနေနှင့် သင်ကိုင်တွယ်ခဲ့ပုံကိုဖော်ပြပါ။


နမူနာဖြေများ


တစ်ရက်မှာ အနုတ်လက္ခဏာဆောင်သော online customer review များတက်လာသည် ကိုသတိပြုမိခဲ့သည်။ အနုတ်လက္ခဏာဆောင်သော review များအကြောင်းအရင်းများကို စုံစမ်းပြီး အကောင်းဆုံးဖြေးရှင်းဖို့နိုင်ဖို့သည် ကျွန်တော်တို့ ၏ အဓိကတာဝန်ဖြစ်သည်။ Delivery Delay ဖြစ်နေသော customer များကိုဆက်သွယ်ခဲ့သောအခါ customer များသည် ကျွန်တော်၏  website ကနေပစ္စည်းများကိုမှာယူထားလိုက်သော်လည်း ပစ္စည်းတွေကိုအချိန်အတိအကျမပို့ဆောင်ခဲ့ကြောင်းပြောပါတယ်။  ကျွန်တော်တို့ ရဲ့ ထုတ်ကုန်ပစ္စည်းများကို ကြားခံ supplier နှင့်ပို့ဆောင်တာဖြစ်သောကြောင့် သူတို့ကိုပြဿနာစုံစမ်းရန်ဆက်သွယ်လိုက်သောအခါ သူတို့တွင် supply chain ပြဿနာများရှိခဲ့ကြောင်းအကြောင်းပြန်ခဲ့ပါသည် ။ ပိုမိုကောင်းမွန်သော deal များလုပ်ဆောင်၊ ပေးဆောင်ပြီး customer များသို့အမြန်ဆုံးပို့ဆောင်နိုင်ရန် အာမခံနိုင်သည့်အစားထိုး supplier ကိုရှာဖွေရန်ချက်ချင်းလုပ်ဆောင်ခဲ့သည်။ ကျွန်တော်တို့ manager ကနေ supplier ပြောင်းလဲရန်ခွင့်ပြုချက်ရရှိသောအခါ customer service သည် အပေါင်းလက္ခဏာများ ‌ဆောင်လာပြီး အနုတ်လက္ခဏာဆောင်သော review များလည်းထပ်မရှိတော့ပါ။


မေးခွန်း ၁၃- ဘာလို့သင့်ကိုအလုပ်ခန့်သင့်လဲ?


တခြားအလုပ်လျှောက်သူများထက် ပေါ်လွင်စေမဲ့အရာတစ်ခုကို သင့်အဖြေမှာပြောဖို့အရေးကြီးပါတယ်။


ကျွန်တော်ကိုအကြောင်းပြချက်သုံးခုကြောင့်အလုပ်ခန့်သင့်ပါတယ်။ ပထမဆုံးက ကျွန်တော်သည် job description နဲ့ကိုက်ညီသောကြောင့် ကျွန်တော်သည်အသင်းထဲသို့ဝင်၍ ရည်မှန်းချက်များကိုမြန်မြန်လုပ်ဆောင်နိုင်အောင်ကူညီပေးနိုင်ပါတယ်။ ဒုတိယအနေနဲ့ ကျွန်တော်တွင် အောင်မြင်မှုမှတ်တမ်းရှိပြီး ကျွန်တော်သည်လိုက်လျောညီထွေနေထိုင်တတ်သောကြောင့် အလုပ်ခန့်သင့်ပါတယ်။  လိုအပ်ချိန်များတွင် company ကိုကူညီရန် ကျွန်တော်သည် အချိန်ပိုလုပ်ဆောင်မည်ဖြစ်ပြီး စီးပွားရေးပိုမိုတန်ဖိုးရှိစေရန် ကျွန်တော်သည် job description နှင့် flexible ဖြစ်ပါမည်။ နောက်ဆုံးအနေနဲ့ ဤနေရာတွင် ကျွန်တော်သည် အလုပ်စလုပ်သောသုံးလအတွင်းဘာလုပ်မည်ကို အသေးစိတ် ဖော်ပြထားသော ရက် ၃၀, ၆၀ နှင့် ၉၀ အစီအစဉ်ကိုပြုလုပ်ထားသောကြောင့် ကျွန်ုပ်ကိုအလုပ်ခန့်သင့်ပါတယ်။ 


မေးခွန်း ၁၄- ခေါင်းဆောင်မှုပြသခဲ့တဲ့တစ်ချိန်ကို ဥပမာပေးလို့ရမလား?


အရင်အလုပ်မှာ အဖွဲ့ဝင်အသစ်တွေအတွက် သင့်လျော်တဲ့ training မရှိတာကို စိတ်ပူခဲ့တယ်။ တစ်ယောက်ယောက်က company ထဲဝင်လာတဲ့အခါ သူတို့ကိုယ်တိုင်အရာအားလုံးကိုလေ့လာဖို့မျှော်လင့်ထားတာကို မထိရောက်ဘူးလို့လည်းယုံကြည်ခဲ့တယ်။ Company မှကျွန်တော်ရဲ့ အတွေ့အကြုံအရ သိသင့်တယ်ထင်သော မူဝါဒများနှင့် ကျင့်ထုံးများ ကိုလူအသစ်များကိုသင်ကြားရန်အတွက် လေ့ကျင့်မှုအစီအစဉ်တစ်ခုဖန်တီးခဲ့တယ်။ Company ရဲ့ software ကိရိယာတွေနဲ့  package တွေရဲ့အသုံးပြုနည်းတွေကို ပြသပေးတဲ့ training document ကိုလည်းတီထွင်ခဲ့တယ်။ ပြီးတော့ အဲ့ training plan ကိုကျွန်ုပ်ရဲ့ manager အားပြလိုက်တဲ့အခါ ၎င်းသည်အဖွဲ့ဝင်အသစ်များသည် အလုပ်ခွင်ကို မြန်မြန်မှီနိုင်အောင် ပြုလုပ်နိုင်တဲ့အစီစဉ်ကောင်းတစ်ခုဖြစ်တယ်သည်ဟု  သဘောတူခဲ့ပါတယ်။ Training plan ကို အကောင်အထည်ဖော်ပြီးနောက် အဖွဲ့ဝင်အသစ်တွေကို အချိန်နှင့် တပြေးညီထိရောက်သော သင့်လျော်တဲ့ training ရရှိမှု ကိုသေချာအောင်ပြုလုပ်ပေးခဲ့တယ်။


မေးခွန်း ၁၅- သင်မအောင်မြင်ခဲ့တဲ့အချိန်တစ်ခုနဲ့ သင်အဲ့ဟာကိုဘယ်လိုကိုင်တွယ်ခဲ့ကြောင်းပြောပြပါ။


ဤမေးခွန်းသည် ရိုးသားမှုကိုအကဲဖြတ်ပြီး သင်ကျရှုံးနဲ့ တုန့်ပြန်ပုံကိုစမ်းသပ်ခြင်းဖြစ်ပါသည်။


ပထမဆုံးအလုပ်မှာ စဝင်တုန်းက end-of-course exam တစ်ခုပါဝင်တဲ့ training course ကိုပြီးမြောက်ဖို့လိုအပ်ခဲ့ပါတယ်။ အရာရာတိုင်းကို သိတယ်လို့ထင်ခဲ့တာကြောင့် စာမေးပွဲအတွက်သေချာစာမကျက်ခဲ့ဘဲ စာမေးပွဲကျခဲ့ပါတယ်။ ကိုယ့်ကိုယ်သူအရှက်ရခဲ့ပေမယ့်လည်း အရာရာကိုမှန်ကန်အောင်ပြုလုပ်ပြီး အတွေ့အကြုံကနေသင်ခန်းစာယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ရဲ့ supervisor ကို‌တောင်းပန်၍ စာမေးပွဲကျရတဲ့အကြောင်းအရင်းကိုပြောပြခဲ့ပြီး course ကိုနောက်တစ်ခါပြန်ကျက်ကာ စာမေးပွဲကိုအမှတ်ပြည့်နဲ့အောင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကနေ ကျွန်ုပ်အများကြီးသင်ယူခဲ့ပါတယ်။ ပြီးတော့အဲ့အချိန်ကစပြီး course စာမေးပွဲတိုင်းအတွက်သေချာပြင်ဆင်ရန်ပြုလုပ်ခဲ့ပါတယ်။

Previous Post Next Post