မြေအမျိုးအစား
မြေနီ၊ နုန်းတင်မြေနု၊ ခဲမြေနက်မြေမျိုးတွင် အာလူးကောင်းစွာ ဖြစ်ထွန်းသည်။ မြေအချဉ်ငန်ဓာတ် (၅.၅‒၆.၅) ရှိသောမြေတွင် အာလူးပင် အကောင်းဆုံးဖြစ်ထွန်းသည်။ မြေအချဉ်ငန်ဓာတ် (၄.၀‒၅.၅) အထိ ချဉ်သောမြေမျိုးတွင်စိုက်ပျိုး၍ ထွက်ရှိသော အာလူးများမှာ အထားခံပါသည်။ #LGTmyanmar, #BBKmyanmar
- မြေကြီး၊ Ash၊ စပါးခွံ၊ ပြာ တို့ကို ရောစပ်ပြီး ဆာလာအိတ် တစ်ဝက် ဖြည့် ပေးပါသည်။
- ရေဘူးနှစ်ဘူးကို တစ်ဘူးရဲ့ ၃ ပုံ တစ်ပုံကို ခေါင်းဖြတ်ပြီး နောက်တစ်ဘူးကို နောက်ပိတ်ဖြတ်ထုတ်ပြီး ဘူးနှစ်ဘူးကို စွပ်ပေးပါ။ ပြီးရင်တော့ ရေဘူးမှာ အပေါက်တွေဖောက်ပေးပါ။
- ဆာလာအိတ် ထဲကို ဘူးစိုက်ပြီး ကျန်နေတဲ့ မြေဩဇာ တဝက်ကို ဖြည့်ပါ။
- ဘူးရဲ့ တဝက်ကို အပြင်ဘက်မှာ ထားပြီး ဆာလာအိတ်ကို ကြိုးနဲ့ ချည်ပေးပါ။
- အာလူးတစ်လုံးကို လေးခြမ်းခြမ်းပြီး ဘိလပ်မြေ သုတ်ပေးပါသည်။
- မြေကြီးထည့်ထားတဲ့ အိတ် ကို တစ်ဖက် အပေါက် ၉ ပေါက်လောက် ဖောက်ပြီး ဘိလပ်မြေသုတ်ထားတဲ့ အာလူးကို အသားဘက်ကို အိတ်ထဲက မြေဩဇာ နဲ့ ကပ်ပေးထားပြီး အခွံ့ကို အပြင်ဘက်မှာ ထုတ်ထားပေးပါ ။
- ရက် ၃၀ ကြာတဲ့အခါ အပင်ထွက်လာပါပြီ။
- မီးဖိုချောင်က ထွက်လာတဲ့ အသီးအမှိုက်တွေကို မြေဩဇာနဲ့ ရောပြီး ပုလင်းခွံ့ထဲကတစ်ဆင့် မြေဩဇာကို ထည့်ပေးပါသည်။
- ၃လကြာတဲ့ အခါမှာတော တူးဖော်ရိတ်သိမ်းလို့ရပါပြီ။