.
ဓနိပင် ခေါ် Nipa Palm or Water Coconut
#ဓနိ ပင်ကို ဓနိမိုးမိုးဘို့ အရွက်ယူတာကိုတော့ တစ်နိုင်ငံလုံးက မြန်မာတွေ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဓနိပင်ရဲ့ အသီး၊ ဓနိပင်က ဓနိပန်းခိုင်က အရည်တွေကို ထားဝယ်ဘက်မှာ အသုံးပြုတာများပြီး၊ အခြား ဒေသတွေမှာ အတော် အသုံးနည်းတယ်လို့ သိရပါတယ်။ ဘယ်လို အသုံးတည့်တယ် ဆိုတာ နဲနဲလောက် လေ့လာကြည့်ရအောင် ခင်ဗျာ။
.
ဒီရေတောတွေမှာပေါက်တတ်တဲ့ ဓနိပင်တွေကနေ ထူးထူးဆန်းဆန်း အချွန်ကြီးတွေပါတဲ့ အသီးတွေကတော့ nipa လို့ခေါ်တဲ့ #ဓနိ ပင်က အသီးတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ ဈေးများတွင် ရောင်းလေ့ရှိသော သစ်သီးဝလံတစ်ခု ဖြစ်သည်ဟု သိရသည်။ ဓနိသီးဆိုတာဟာ စျေးကွက်ထဲမှာ ရှာမတွေ့နိုင်လောက်တဲ့ ဒေသဆိုင်ရာ အထူး အစားအစာ တစ်ခုဖြစ်ပါတယ်။
.
ဓနိသီး ရွေးခြယ်ခြင်း
ခက်ခက်ခဲခဲ ဓားနှင့်ခုတ်ယူပြီး ရတဲ့ အသီးအတွင်းမှာ ဖယောင်းတိုင်လို ဂျယ်လီ လို အရောင်ရှိတဲ့ ဓနိသီးရဲ့ အတွင်းသားကို စားရတာဟာ အရသာရှိလှ ပါတယ်။ ရင့်လွန်းသွားရင်လည်း ဂျယ်လီလို ကြည်ကြည်လေး မရှိတော့ဘဲ အဖြူရောင် စစ်စစ် ဖြစ်သွားရင် မာသွားပြီးတော့ စားရခက်သွားပါတယ်။
.
ဓနိသီးရဲ့ အလယ်လောက်မှာ အရည်ပျော်နေသေးတာကို တွေ့ရရင် အတော်ပါပဲ။ အနံ့မပြင်းပေမယ့် အနံ့မွှေးတယ်။ အရသာက တကယ်ကောင်းပါတယ်။ အရသာက အရမ်းနူးညံ့တဲ့ အုန်းသီးနဲ့ ပိုတူတယ်။ အရမ်းမချိုဘူး- အုန်းရေနဲ့ ပိုချိုတယ်။ တကယ်ကို နူးညံ့ပြီး လန်းဆန်းစေပါတယ်။ အရမ်းကောင်းပါတယ်။
.
ဓနိပင်မှ ထွက်ရှိသည့် ထုတ်ကုန်များ
၁။ #ဓနိဖက်
ဓနိမိုး မိုးရန်အတွက် ဓနိဖက်ထိုးခြင်းလုပ်ငန်းမှာ ဝင်ငွေ အလွယ်ဆုံး ရရှိသည့် လုပ်ငန်း တစ်ခု ဖြစ်သည်။ တဲဆောက်သည့် အခါ အမိုးမိုးသည့် ဓနိဖက်များကို နိုင်ငံအနှံ့ ဝယ်ယူသူများ ရှိသည်။
.
၂။ #ဓနိသီး
ဓနီသီးကို အချိုပွဲအဖြစ် ရောင်းချနိုင်ပါတယ်။ အုန်းသီးထက် နည်းနည်း ပိုအရသာ ရှိတယ်။ အသားက တကယ်ကို နူးညံ့ပြီး အနံ့အရသာရှိပါတယ်။ အအေးခံထားပြီး စားရင် ပိုကောင်းပါတယ်။ ဓနိသီးတွေ အရသာက လိမ္မော်သီး လောက်မဟုတ်ပေမဲ့ အချဉ်ဓာတ် နဲနဲပါတယ်။
.
၃။ #ဓနိရည်အချို
ဓနိရည်ကို ဓနိသီးမှမဟုတ်ဘဲ ဓနိပန်းခိုင်ကို လှီးဖြတ်ထားသည့်နေရာမှ အရည်များ ထွက်လာသည်ကို ထန်းရည်ခံသကဲ့သို့ စုဆောင်း အသုံးပြုခြင်း ဖြစ်သည်။ လတ်ဆတ်သော ဓနိရည် အချိုကို အချိုရည်ကဲ့သို့ သောက်သုံးနိုင်သည်။ ထန်းရည်ချိုနှင့် ဆင်တူသည်။ အုန်းရေနှင့်တူသော်လည်း အရသာ သိပ်မကွာပါ။ ကြံရည်အပျော့စား အချိုရည်ဟု ပြောနိုင်သည်။ ထူးဆန်းသည်မှာ ကြက်ဥအကာဆန်ဆန် အရသာ အနည်းငယ်ရှိပြီး ထူးခြားသည့်အရာ ရှိသည်။
.
.
၄။ #ဓနိရည်အခါး
ထန်းရည် ကဲ့သို့ပင် အလွန်ပြင်းထန်သော ကစော်ဖောက်ခြင်း မဟုတ်ဘဲ နေ့တစ်ဝက်ခန့်သာ ထားလိုက်လျှင် ဘက်တီးရီးယားများ ပိုးပေါက်ပြီး အခါးရည်အဖြစ် အသွင် ပြောင်းသွားသည်။ ထန်းရည်ခါး ကဲ့သို့ပင် သောက်လျှင် မူးသည်။ ဓနိရည်အခါးကိုမှ အချို့ နိုင်ငံများတွင် ပေါင်းခံပြီး အရက်ပြင်း ထုတ်လုပ်ကြသည်ဟု သိရသည်။
.
၅။ #ဓနိသကြား
ဓနိရည် အချိုကို ကြိုပြီး ထန်းလျက် ထုတ်လုပ်သည့် ပုံစံအတိုင်း ကြိုချက်အပြီးတွင် ဓနိသကြားကို အချို့ ဒေသများတွင် ထုတ်လုပ် ရောင်းချသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်မူ လုပ်ကိုင်သူ မရှိသလောက် နည်းနေသေးသည်။
.
၆။ #ဓနိရှာကလာရည်
ဓနိရည်ကို အချဉ်ဖောက်ပြီး၊ စနစ်တကျ ထုတ်လုပ်လျှင် Nipa vinegar ခေါ် ဓနိရှာလကာရည် ကိုလည်း အချို့နိုင်ငံများတွင် ထုတ်လုပ်ကြသည် သိရသည်။
.
၇။ #ဓနိယို
ဓနိပန်း ကို ဓနိသကြားနှင့် ယိုထိုးပြီး စားကြသည့် ဓလေ့မှာ ထားဝယ် ရိုးရာ စားစရာမုန့်တစ်ခု ဖြစ်သည်။ အခြား ဒေသများတွင် ထုတ်လုပ်သည့် ဓလေ့ မရှိသဖြင့် ယင်းအခွင့်အလမ်းများ ဆုံးရှုံးလျက် ရှိနေသည်ကို သတိပြုသင့်သည်။