ဓနိသကြား ထုတ်လုပ်ခြင်း အခွင့်အလမ်းများ

.

လျစ်လျူရှုထားမိသည့် ‌‌စီးပွားရေး အခွင့်လမ်းများ 

ဒီရေရောက်တောများတွင် ပေါက်လေ့ ရှိသော ဓနိပင်များသည် အမြင့် ၉ မီတာထိ ကြီးထွားတတ်သော အပင်များဖြစ်ပြီး၊ ပင်လယ် ကမ်းရိုးတမ်းဒေသတွင် မျက်စိတဆုံး တွေ့မြင်ရတတ်သည့် အပင်များ ဖြစ်သည်။ စီးပွားဖြစ် အသုံးမချဖြစ်ဘဲ လျစ်လျူရှုထားမိခြင်းသည် ‌‌ဒေသခံများအတွက် လက်လွတ် ဆုံးရှုံးနေသော စီးပွားရေး အခွင့်လမ်းများ ဖြစ်သည်ကို သတိပြုသင့်သည်။ #LGTmyanmar, #BBKmyanmar

.

သိပ္ပံနည်းကျ သုတေသန ပြလုပ်ခြင်း

ဖိလစ်ပိုင်နိုင်ငံ၊ စိုက်ပျိုးရေးသုတေသနဗျူရိုသည် သဘာဝအတိုင်း ချိုသော ဓနိ သကြား ထုတ်လုပ်ရန် စီမံကိန်းသုံးခုကို အကောင်အထည်ဖော်ခဲ့သည်။ ပြည်တွင်း ပြည်ပစျေးကွက်များသို့ ရေရှည်တည်တံ့ခိုင်မြဲသော စျေးကွက်ချိတ်ဆက်မှုများ၊ ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရန် ဗဟုသုတ ဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။ ၎င်းသည်ခိုင်မာသောစီးပွားရေးအလားအလာရှိသောသဘာဝနှင့်ကျန်းမာသောထုတ်ကုန်များကိုထုတ်လုပ်နိုင်ပြီးသရက်သီးကာကွယ်ရေးနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်အထောက်အကူပြုနိုင်သည်။

.

စီးပွားရေး အလားအလာ

ဤလုပ်ငန်းသည် စီးပွားဖြစ်/မဖြစ် ကိစ္စကို ပညာရှင်များ တွက်ချက် သုတေသန လုပ်ကြည့်သည့်အခါ အောက်ပါ အချက်များကို တွေ့ရသည်။

 
  
 
   
  

    
  1. ၁ ဟက်တာ (၂.၄၁ ဧက) စတုရန်း မီတာ ၁၀,၀၀၀ ရှိသည်။ ထို့ကြောင့် ဒီရေတောတွင် ဓနိပင် တစ်ပင်နှင့် တစ်ပင် ၁ မီတာ (၃ပေ) ခန့်သာ ကွာဝေးသည်ဆိုလျှင် ၁ ဧကတွင် ဓနိပင် ၁၀,၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်း ရသည်။ 
  2. ဓနိပင် ၁၀,၀၀၀ တွင် ဓနိသီး သို့မဟုတ် ဓနိပန်းဖူးနေသည့် အပင် ပျမ်းမျှ ၁၂၀၀ ခန့် ရှိတတ်သည်။ 
  3. ဓနိပင် ၁ ပင်မှ တစ်ရက်လျှင် ဓနိရည် ၁ လီတာမှ ၂ လီတာထိ ရရှိနိုင်သည်။
  4. ၁ ဟက်တာတိုင်းတွင် လူ ၃ ယောက်ကို အချိန်ပြည့် အလုပ်အကိုင် ဖန်တီး ပေးထားနိုင်သော အလားအလာများ ရှိသည်။
  5. သကြား၊ ဝိုင်၊ ရှာလကာရည် (ဗင်နီကာ) များ ထုတ်လုပ်နိုင်လျှင် ၁ ဟက်တာတွင် ဖိလစ်ပိုင် ပေဆို ၁ သန်း (US$ 17,000) ခန့် ဝင်ငွေ ရရှိနိုင်သည့် အခွင့်အလမ်းကို တွက်ချက် ပြထားသည်။
  6. အဆိုပါ ဓနိ ဗင်နီကာနှင့် ငရုတ်သီး တွဲဖက် ထုတ်လုပ်လျှင် ငရုတ်ချဉ်ရည် ကဲ့သို့သော ဆင့်ပွား ထုတ်ကုန်များလည်း ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများကောင်းများ ရှိနေသည်။

.

ဓနိရည် စုဆောင်းခြင်း

.

အရေးအပါဆုံး အဆင့်သည် ဓနိရည် စုဆောင်းခြင်းနှင့် ကျိုချက်ခြင်း ဖြစ်သည်။ အရောင်လှစေရန်နှင့် ကြာရှည်ခံစေရန်အတွက် သန့်ရှင်းမှုသည်လည်း အတော် အရေးပါသည့် ကိစ္စဖြစ်သည်။ 

.

ဓနိပန်းခိုင်ကို မခုတ်မီ ပတ်ပတ်လည်ကို တုတ်တစ်ချောင်းဖြင့် ခေါက်ပေးပြီးမှ ခုတ်ပါက အရည်ပိုထွက်သည်ဟု သိရသည်။ ဓနိသီး သို့မဟုတ် ဓနိပန်းခိုင်ကို ခုတ်ယူလိုက်သည့် အခိုင်မှ ထွက်ကျသည့် အရည်ကို ပုလင်း/ခွက် များဖြင့် ခံပြီး စုဆောင်းရယူရသည့် ပင်ကျရည်ကို ဓနိရည်ဟု ခေါ်သည်။ ဓနိရည်ကို စုဆောင်းရာတွင် ဓနိရည် အချိုစုဆောင်းခြင်းကို ပလပ်စတစ်ဗူးများဖြင့် စုဆောင်းသည်ကို တွေ့ရပြီး၊ ဓနိရည်အခါး စုဆောင်းခြင်းကို ဝါးကျည်တောက်များဖြင့် စုဆောင်းသည်ကို တွေ့ရသည်။  

.

ရည်ရွယ်ချက်မှာ ဝါးကျည်တောက်အတွင်းတွင် ယခင်ရက်များမှ ကျန်ရှိခဲ့သည့် ဘက်တီးရီးယားများကို ကစော် ပေါက်စေရန်အတွက် ပြန်လည် အသုံးချခြင်း ဖြစ်သည်။ လီတာ ၂၀ ခန့် ဗူးကြီး တစ်ဗူးစာရရန်အတွက် လူတစ်ယောက်သည် တစ်ရက်လျှင် ပျမ်းမျှ ၆ နာရီခန့် အချိန်ကုန်ခံ စုဆောင်းကြရသည်။ ဓနိရည်အချိုသည် ပြောင်းဖူး၏ ချိုသည့်အရသာနှင့် အနည်းငယ် ဆင်တူသည်။ 

.

ဓနိရည် ကျိုချက်ခြင်း

ဤဗီဒီယိုထဲတွင် ဓနိရည် ကျိုချက်ရန်အတွက် အခမဲ့ ရရှိသည့် ရွှံ့စေးကို ယူ၍ ကိုယ်ပိုင် မီးဖိုဆောက်သည်မှာ အလွန် အကုန်အကျ သက်သာသည့် နည်းဖြစ်သည်။ လောင်စာအဖြစ် တောထဲတွင် ရရှိသမျှ သစ်ရွက် သစ်ကိုင်းခြောက်များကို ယူ၍ မီးရှို့သည်မှာလည်း ကုန်ကျစရိတ် ရှိသည့် ကိစ္စ မဟုတ်ပေ။ 

ဓနိရည်များကို အမှိုက်မပါအောင် ရေစစ်ဖြင့် စစ်ယူပြီးနောက်၊ မိုးဗြဲဒယ်ကြီးများထဲတွင် ထည့်၍ ခန်းသွားအောင် အပူချိန် ပြင်းပြင်း‌ပေါ်တွင် အရည်ခန်းလာအောင် ချက်လုပ်ယူသည်။ ယင်း ဓနိရည်ကို ကျိုချက်၍ ရေခန်းလာသည့်အခါ နောက်ဆုံးတွင် ညောင်စေးကျပြီး ထန်းလျက်ကဲ့သို့ ပစ်ခဲလာသည့် အခြေအနေ ရောက်လာလျှင် အအေးခံပြီး မိမိလိုရာ ပုံသွင်း၍ နေရောင်အောက်တွင် အခြောက်ခံလိုက်ခြင်းသာ ဖြစ်သည်။

Previous Post Next Post