ဓနိ ရှာလကာရည်မှုန့်


.

ဓနိ ရှာလကာရည်မှုန့်

ဘောဂဗေဒ သဘောတရားအရ မိမိထုတ်ကုန်ကို ဈေးချိုစွာ ရောင်းနိုင်ခြင်းသည် အလွယ်ဆုံး ရောင်းအားမြှင့်တင်ခြင်း နည်းစနစ်ဖြစ်သည်မှာ အများသိပြီးဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဓနိပင်မှ ရှာလကာရည် အမှုန့်ဖြစ်အောင် ထုတ်လုပ်ပြီး ရောင်းချနေသည်ကို လေ့လာသင့်သည့်အတွက် မျှဝေ ရေးသားလိုက်ရပါသည်။ #LGTmyanmar, #BBKmyanmar

.

ရှာလကာရည် ဆိုသည်မှာ ဈေးကြီးကြီး ရောင်းချနိုင်သည့် ဇိမ်ခံပစ္စည်းလည်း မဟုတ်သလို၊ ယင်း အရည်များကို ထည့်သည့် ပုလင်းနှင့် ထုပ်ပိုးပစ္စည်း စရိတ်၊ သယ်ယူပို့ဆောင် စရိတ် များမှာလည်း ဈေးမသေးလှပေ။ ယခုအခါ ပညာရှင်အချို့က ထုတ်ပိုးစရိတ်၊ သယ်ယူပို့ဆောင်စရိတ် တွက်ချေကိုက်စေရန်အတွက် ရှာလကာရည်ကို ပျစ်၍ နေရာကျုံ့သွားအောင် ရှာလကာရည် အပြင်းစား (concentrated) ဖြစ်‌စေ၊ အမှုန့် (powder) ဖြစ်အောင် လုပ်ပြီး အထုပ်သေးသေး များဖြင့် အလွယ်တကူ ထုတ်ရောင်းနိုင်ရန် ဖြစ်စေ၊ (နွားနို့မှုန့်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့်) အရည်ဖြန်း အခြောက်ခံစက် spray-drier with a rotary atomizer စက်ကို အသုံးပြု၍ စမ်းသပ်သည့် ထုတ်လုပ်ထားသည်ကို ဤ တွေ့ရှိရပါသည်။ ဤသို့ ထုတ်လုပ်ရောင်းချနိုင်လျှင် သယ်ယူပို့ဆောင်စရိတ်များ၊ ထုပ်ပိုးပစ္စည်း စရိတ် အဆများစွာ လျော့ကျသွားမည်မှာ ဧကန် ဖြစ်သည်။ လက်ရှိ အခြေအနေမှာ စမ်းသပ်နေဆဲဟု သိရသည်။

.

ဓနိ ရှာလကာရည် 1 Litre မှ ရှာလကာရည် အမှုန့် မည်မျှ ထွက်သည်ဆိုသည်ကို မတွေ့ရှိရပေ။ သို့သော် နည်းပညာ အသေးစိတ်ဖော်ပြထားသော စာတမ်းအား စနစ်ကျ အခမဲ့ မျှဝေထားသည်ကို အောက်ပါ အင်တာနက်လိပ်စာတွင် ရယူနိုင်ပါသည်။

Download: https://mdpi-res.com/d_attachment/fermentation/fermentation-08-00272/article_deploy/fermentation-08-00272-with-cover.pdf?version=1722413301




Previous Post Next Post