ဈေးကောင်းရပြီး လူသိနည်းသေးတဲ့ ဖာလာစေ့ စိုက်ပျိုးရေး

 



ဖာလာ‌သည် ဈေးအကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်များထဲမှ တစ်ခုဖြစ်သည်။  ၁ ကီလိုဂရမ်ကို 19 ဒေါ်လာ ဝန်းကျင်  နဲ့ ရောင်းနိုင်ပါတယ်။ ဖာလာအစေ့  ၆ ကီလိုဂရမ်ကို  ဖာလာဟင်းခတ်အမွှေးအကြိုင် ၁ ကီလိုဂရမ်သာ ရရှိနိုင်သည်။  
#LGTmyanmar, #BBKmyanmar

ဖာလာသည် အတွင်းတွင် အနက်ရောင်အစေ့များစွာပါရှိသော ဘဲဥပုံသဏ္ဌာန်သေးငယ်သော အသီးအနှံများမှ ဆင်းသက်လာသည်။ အချဉ်အရသာ၊ ချိုသောအရသာနှင့် အမွှေအနံ့တို့ကို ပေးစွမ်းနိုင်ပါတယ်။ အသီးသီးလာဖို့  အချိန်သုံးနှစ်စောင့်ရမည်ဖြစ်သည်။
.
စိုက်ပျိုးခြင်း

ပုံသဏ္ဌာန် : အပင်-- နှစ်ကြာခံ အမြဲ စိမ်းလန်းသောအပင် ဖြစ်သည်။ ပတဲကောပင်နှင့် ဆင်ဆင် တူသည်။ မြေအောက် ပင်စည် ရှိသည်။ အစုလိုက် ဘေးဘက် သို့မဟုတ် မတ်မတ် ထောင်၍ ထွက်တတ်သည်။ အရုံ တစ်ရုံ၌ ၅ ပေ မှ ၁၂ ပေ အထိ မြင့်နိုင်သည်။

အရွက်--ရွက်လွှဲ ထွက်သည်။ ရှည်မျောမျောပုံ ရှိ၍ အလျား ၂ - ၃ ပေ ရှည်သည်။ ရွက်ပြား အကျယ် ၆ လက်မ မှ ၈ လက်မ ထိ ကျယ်၍ အစိမ်း ရင့်ရောင် ရှိသည်။

အပွင့်-- အသီး တောင့်မှာ ရှည်မျော မျော သို့မဟုတ် သုံးမြှောင့်ပုံ ဆန်ဆန် ဖြစ်သည်။ များသော အားဖြင့် သုံးထောင့် ပုံ ရှိပြီး အရှည်လိုက် မြောင်းများ ရှိသည်။ အကန့် ၃ ကန့် ရှိ၍ အကန့် ထဲတွင် စူးရှ မွှေးကြိုင်သော အစေ့ ကလေး များ ပါရှိသည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ အစေ့။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ ပူပြင်း စွတ်စို သော တောင်ပေါ် ဒေသရှိ သဘာ၀ အရိပ်ရသော တောင်ကြား လျှိုမြောင် ကုန်းစောင်း များတွင် ပေါက်ရောက် သည်။ အမြင့်ပေ ၂၅၀၀-၄၀၀၀ တွင် အကောင်း ဆုံး စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ မိုးရေချိန် ၆၀-၁၅၀ လက်မ အတွင်း နှင့် အပူချိန် ၆၀ ဒီဂရီ ဖာရင်ဟိုက် မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် ကို နှစ်သက်သည်။ မြန်မာနိုင်ငံ ၌ ပေါက်ရောက်သော ဖာလာ မျိုးများ အနက် ဖာလာကြီး၊ ဖာလာ ချဉ်ပေါင် များကိုသာ အလေ့ကျ အနေနှင့် အများ အပြား တွေ့ရှိ ရပြီး ဖာလာဖြူ ကို စိုက်ပျိုးပင် အဖြစ် စိုက်ပျိုး ရ၏။ ပေါက်ရောက်ပုံ-- စိုက်ပျိုးပင် ဖြစ်သည်။
.

စိုက်ပျိုးပုံ-


(က) မြေအမျိုးအစား-- မြေဆွေး ဩဇာ ထက်သန်ပြီး အစို ဓာတ် များများ ထိန်းနိုင်သည့် မြေမျိုး ကို နှစ်သက် သည်။ ရေဝပ် ခြင်း ကို လုံး၀ မကြိုက်၍ တောင်စောင်း ဆင်ခြေလျှော ဖြစ်ရန် လိုသဖြင့် တောင်စောင်း လျှိုစောင်း များကို ရွေးချယ် ရမည်။

(ခ) ပျိုးထောင်ခြင်း-- အစေ့ ကို လည်းကောင်း၊ အတက် ကို လည်းကောင်း ယူ၍ စိုက်ကြသည်။ အစေ့ ကို စိုက်က အပင် ပေါက်နှုန်း ကောင်းစေရန် အသီးခူး ပြီးလျှင် ချက်ချင်း စိုက်ရမည်။ ၁ ပေ အမြင့် ရှိ ပျိုးဘောင်များ ကို ပြုပြင်၍ မြေဆွေး ထူထူ ခင်းပြီး ကောင်းစွာ ခြောက်သွေ့ ၍ ပြာဖြင့် ပွတ်ထားသော အစေ့ များကို လက်နှင့် ကြဲပြီး လျှင် ထွန်ခြစ် နှင့် ဆွဲပေး ရမည်။ ပျိုးဘောင် တွင် ရေထုတ်မြောင်း နှင့် အရိပ်စင် များ ပြုလုပ်ပေး ရမည်။ အပင် ပေါက်ရန် ၂-၃ လကြာသည်။ အတက် ဖဲ့၍ စိုက်ပါက အတက် ကလေး များအား ချိုးဖဲ့ ၍ စိုက်ရသည်။ အတက် တစ်ခုလျှင် အပိုင်း ၂၀ ခန့် ရသည်။ မြေမှ ဖော်ပြီးပြီး ချင်း ချက်ချင်း စိုက်ရန် လိုသည်။

(ဂ) စိုက်ပျိုးခြင်း-- တစ်ပင် နှင့် တစ်ပင် ၁၀ ပေ ခွာ စိုက်သင့် သည်။ မြေထဲ၌ အစိုဓာတ် ရှိနေရန် လိုသည်။ အတက် စိုက်ရာ၌ မြေဩဇာ များများ ဖို့ပေး ရမည်။ တစ်ကျင်း လျှင် အတက် ၃ ပိုင်း ၄ ပိုင်း ထည့်သင့် သည်။

(ဃ) ပြုစုဂရုစိုက်ခြင်း--လိုအပ်က လေကာပင် များ စိုက်ပေး သင့်သည်။ အပေါ်ယံ မြေကို မကြာ မကြာ ဆွပေး သင့်သည်။ အစိုဓာတ် အမြဲ ရှိနေရန် လိုအပ်သည့် အတွက် ရေကို ဂရုစိုက် သွင်းပေး ရမည်။ အသီး ကို တော တိရစ္ဆာန် များနှင့် ကြွက်များ ကြိုက်နှစ် သက် သောကြောင့် ယင်းအန္တရာယ် ကို ကြိုတင် ကာကွယ် ထားသင့်သည်။

(င) ဆွတ်ခူးခြင်း--မျိုးစေ့ ချပြီး ၃-၄ နှစ် ကြာက ပန်းစ ပွင့်သည်။ မျိုးအောင် ပြီး ၃-၄ လ ကြာက အသီးကို တပို့တွဲ၊ တပေါင်း နှင့် တော်သလင်း၊ သီတင်းကျွတ် လများတွင် ခူးရသည်။ ပွင့်တံရှိ အသီးများ အနက် သုံးပုံ နှစ်ပုံ ခန့် ရင့်စပြုချိန်၌ အညှာ ပါ ပါအောင် ခူးပေးရ သည်။ လက်နှင့် ဆွဲ မခူးဘဲ ကတ်ကြေးနှင့် ခူးသင့်သည်။ ၁၀ ရက် တစ်ကြိမ် ခန့် ခူးသင့် သည်။ ရရှိ သည့် အသီးများကို စင်ကြယ်အောင် ဆေးကြောပြီး အခြောက် လှန်း၍ အစေ့ကို ရယူရသည်။
.
ဖာလာစေ့ ရိတ်သိမ်းချိန် နှင့် ထုတ်လုပ်မှု

  • ဖာလာအပင် ရင့်မှည့်လာသည်နောက်  အလုပ်သမားများသည် ရိတ်သိမ်းချိန်မှာ ဇူလိုင်လမှ  နောက်နှစ် ဖေဖော်ဝါရီလအထိ ရိတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းချိန်က စိုက်ပျိုးတဲ့ ဒေသပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်၊
  • အစေ့အားလုံးကို တစ်ချိန်တည်း အားလုံး မခူးဆွတ်နိုင်ပါ။ 
  • ရိတ်သိမ်းချိန်ကို အတိအကျစေရန် နှင့် အကောင်းဆုံး ဖာလာစေ့များရရှိစေရန်   ကျွမ်းကျင်လုပ်သားများလိုအပ်သည်။ အချိန်စောရင် အနံမကောင်းတက်ပဲ နောက်ကျမှ ခူးရင် အရည်အသွေးမကောင်းပါဘူး။နောက်ထပ် ခက်ခဲတာတစ်ခုက အသီး ၅ ခုမှာ တစ်ခုလောက်ပဲ အရည်အသွေးပြည့်မီတာပါ။ 
  • တစ်ပင်မှာ ပျမ်းမျှအားဖြင့် အများဆုံး ဖာလာ ၁၀ စေ့လောက်သာ  ရိတ်သိမ်းနိုင်ပြီး ဖာလာ ၁၀ စေ့ဆိုရင် ဖာလာမှုန့် လက်ဖက်ရည်ဇွန်း ၂  ဇွန်းခန့် သာ ထွက်ရှိသည်။ 
  • ဖာလာစေ့များ၊ အတွင်းထဲက အနက်ရောင်အစေ့များ သို့မဟုတ် ဖာလာမှုန့်  ၃ မျိုးလုံး ရောင်းနိုင်ပါတယ်။
.

အခြောက်ခံခြင်းနှင့် အရွယ်အစား ခွဲခြင်း

  • အစေ့များအားလုံးကို ရိတ်သိမ်းပြီးနောက်  ၁၈ နာရီကြာ တရက်အတွက် တဆက်တည်း အခြောက်ခံပေးမှ အရည်အသွေးကောင်းပြီး အရောင်လှပါတယ်။
  • ရိတ်သိမ်းပြီးနောက် အခြောက်ခံ နှောင့်နှေးခြင်းသည် အစေ့များကို ဆွေးမြေ့စေပြီး အရသာပျက်စေပါသည်။ 
  • အချိန်မှီအခြောက်ခံခြင်းက ဖာလာစေ့ရောင်နှင့် အရည်သွေးကို ထိန်းသိမ်းပေးနိုင်သည်။ 
  •  နောက်တစ်ဆင့်မှာ  အစေ့များကို သန့်စင်ပြီး ခွဲထားသည်။ 
  • အလုပ်သမားများသည် သေးငယ်ပြီး အရည်အသွေးနိမ့်သော ဖာလာစေ့များကို အပေါက်ပါတဲ့ ဇကာများကို အသုံးပြုပြီး  လက်များဖြင့်ဖယ်ထုတ်ကြသည်။
  • ထို့နောက် ဖာလာစေ့ တစ်ခုစီကို ၎င်း၏ အရွယ်အစား ၊ အလေးချိန်နှင့် အရောင်ပေါ်မူတည်ပြီး စျေသတ်မှတ်နိုင်ပါသည်။  
  • စျေးပိုကောင်းရ‌‌သော ဖာလာအစေ့များသည် ပိုကြီး၊ ပိုစိမ်းပြီး ဖာလာအစေ့များ ပြည့်နေပါသည်။ 
  • ဖာလာစေ့ ၆ စေ့ မှာ အရည်အသွေးကောင်းတာ ၁ စေ့ပဲ ပါပါတယ် 
  • export ပို့နိုင်တဲ့ အရွယ်အစားက 8 mm လောက် ရှိပြီး အထဲမှာ အစေ့တွေ အများကြီးပါတယ် 
  • အရည်သွေးကောင်းသော ဖာလာစေ့များသည်တစ်ကီလိုလျှင်  ၁၉ ဒေါ်လာ ကျော်ရရှိသည်။
  •  အရည်သွေးနိမ့်သောဖာလာစေ့များသည် တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၉၀၀ သို့မဟုတ် ၁၂ ဒေါ်လာခန့်သာရရှိနိုင်သည်။
.

ဖာလာစေ့အရောင်းပြောင်းခြင်း နှင့် ရာသီဥတုအခြေနေ

  • ဖာလာစေ့များ အရောင်ပြောင်းခြင်း သို့မဟုတ် ပုပ်ခြင်း လက္ခဏာရှိသော ဖာလာစေ့များသည် စျေးကွက်တွင် လုံးဝစျေးမရသောကြောင့်  ပယ်ရမည်ဖြစ်သည်။
  •  ဖာလာစေ့များသည် မိုးအရမ်းရွာရင် ဖာလာစေ့များ ပုပ်သွားနိုင်သည်။ 
  • အရည်သွေးကောင်းသောဖာလာစေ့ များရရှိရန် နေရောင်ခြည် အလုံလောက်ရရှိနိုင်ဖို့လိုအပ်သည်။
  • မကြာသေးမီက၊ အိန္ဒိယ၏ Idukki ခရိုင်ရှိ ရာသီဥတုအပြောင်းအလှဲများ နှင့် ကြိုတင်မှန်းဆမရသော ရာသီဥတုကြောင့်  ဖာလာစိုက်ပျိုးမှုကို များစွာ ထိခိုက်ခဲ့သည်။
  • ပြင်းထန်သောရာသီဥတုနှင့် မိုးရွာသွန်းမှုကြောင့် ဖာလာစိုက်ပျိုးသော တောင်သူသမားများသည်  ဖာလာစိုက်ခင်းများ ပျက်စီးမှုများစွာရှိသည်။ 


ဖာလာစေ့စိုက်ခင်း တစ်ဧက ကို ဓာတ်မြေသြဇာအတွက် အိန္ဒိယရူပီး ၁၅၀၀၀ သို့မဟုတ် ဒေါ်လာ ၂၀၀ ခန့် သုံးစွဲရသည်။ ထိုတစ်ဧကမှ ရရှိမည့် စုစုပေါင်းအမြတ်၏ 10% နှင့် 15% ကြားဖြစ်တဲ့ အတွက် အမြတ်ငွေ သိပ်မကျန်ပါဘူး။ များများထွက် ဖို့အတွက် ဆိုရင် ပိုစိုက်ပျိုးဖို့လိုအပ်ပါတယ် ။

ကမ္ဘာ့ဖာလာဈေးကွက်သည် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၁၆၉ သန်းခန့် ကြီးထွားနိုင်မည်ဟု ခန့်မှန်းထားပါတယ်။ ဈေးကွက် လိုအပ်ချက် မြင့်ပေမယ် ရာသီဉတု အခြေအနေ တွေကြောင့် ပျက်စီးဆုံးရှုံး မှုတွေ ရှိနိုင်တာကြောင့် အိန္ဒိယ တောင်သူတွေ အနေနဲ့ ဈေးကွက် လိုအပ်ချက်ကို ဖြည့်နိုင်ဖို့က ခက်ခဲနေပါသေးတယ်။



Previous Post Next Post