သဘာဝမြေသြဇာ၏အဓိပ္ပာယ်
သဘာဝမြေသြဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့် အပင်တို့၏ ရုပ်ကြွင်းများ စွန့်ပစ်ပစ္စည်းများနှင့်၊ ဘေးထွက်ပစ္စည်းတို့ကို ဆွေးမြေ့စေပြီး ပြုပြင်စီမံ၍ ရရှိသော ပစ္စည်းများကို ဆိုလိုပါတယ်။
#LGTmyanmar, #BBKmyanmar
.
သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ
အပင်အတွက်လိုအပ်သော
(၁)မြေဆီလွှာကောင်းမွန်ထက်သန်စေရန် လိုအပ်သော သြဂဲနစ်ပစ္စည်းများကို ပေးနိုင်ခြင်း၊
(၂) အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို ဖြေးဖြေးနှင့် မှန်မှန် ပေးနိုင်ခြင်း
(၃) မြေသြဇာပြုလုပ်ရာတွင် အသုံးပြုသောအရာများ ပေါ်မူတည်၍ အနည်းလို အာဟာရဓာတ်များ ပေးနိုင်ခြင်း၊
(၄) မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိပိုမိုကောင်းမွန်စေခြင်း၊
(၅) မြေသြဇာပမာဏ အများအပြားကို ထည့်သွင်းသော်လည်း အပင်များအား မြေသြဇာလောင်ခြင်း မဖြစ်စေခြင်း၊
(၆) မြေဆီလွှာအမှုန်အစိတ်အပိုင်းများနှင့် ရောနှောနေသဖြင့် မြေသြဇာမှ ပေးသော အာဟာရဓာတ်များဆုံးရှုံ:မှုမှာ ဓာတ်မြေသြဇာများထက် လျော့နည်းခြင်း၊
(၇) သဘာဝမြေသြဇာများကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် အား ဆိုးကျိုးနှင့် ညစ်ညမ်းမှုများ မဖြစ်ပေါ်ခြင်း၊
(၈) သီးနှံပင်အမြစ်များအတွက် လေဝင် လေထွက်ကောင်းစေခြင်း၊
(၉) စေးသောမြေကိုဖွယ်စေ၍ ဖွယ်သောမြေကို စေးစေခြင်း၊
(၁၀) မြေဆီလွှာအတွင်းအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ခြင်း၊
.
သဘာဝမြေသြဇာပြုလုပ်ရာတွင် အသုံးပြုနိုင်သောဩဂဲနစ်ပစ္စည်းများ
သဘာဝမြေသြဇာထုတ်လုပ်ရာတွင် အသုံးပြုမည့် သြဂဲနစ်ပစ္စည်း ရွေးချယ်မှုသည် အလွန်အရေးကြီးသည်။ အဓိကအားဖြင့် သြဂဲနစ်စွန့်ပစ် ပစ္စည်းအုပ်စု (၃) မျိုးရှိပါသည်။
(၁) နိုက်ထရိုဂျင်ဓာတ်အများအပြား ပါဝင်သော သြဂဲနစ်စွန့်ပစ်ပစ္စည်း များ (ဥပမာ- စွန့်ပစ်အစားအစာ (ဥခွံ၊ အရိုးအစို)၊ အသီးအရွက်အခွံများ၊ ဖြတ်ထားသောမြက်၊ ပေါင်းအစို၊ သစ်ရွက်များ၊ ... ကော်ဖီကြိတ်ဖတ်အစို) စသည်တို့ဖြစ်သည်။
(၂) ကာဗွန်ဓာတ်အများအပြား ပါဝင်သော ဩဂဲနစ်စွန့်ပစ်ပစ္စည်းများ (ဥပမာ- စပါးခွံ၊ ခြောက်သွေ့သောသစ်ပင်၊ မြက်၊ ပေါင်း၊ရွက်ခြောက်၊ လွှစာမှုန့်၊ ကောက်ရိုးနှင့် ပြောင်းရိုးပြတ်များ) စသည်တို့ဖြစ်သည်။
(၃) အချဉ်ဖောက်နိုင်သည့် အဏုဇီဝပစ္စည်းအများအပြား ပါဝင်သော သြဂဲနစ်စွန့်ပစ်ပစ္စည်းများ - သဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် ပမာဏအား ဖြင့် အနည်းငယ် လိုအပ်သော်လည်း ဆွေးမြေ့ခြင်းကို အားပေးသော ပစ္စည်းများ (ဥပမာ ကော်ဖီအခွံဖတ်များ၊ တိရစ္ဆာန်များ၏ အညစ်အကြေးများ၊ သွေးခြောက်၊ အရိုးခြောက်နှင့် ငါးကြေးခွံ) စသည်တို့ ဖြစ်သည်။
သြဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရွေးချယ်ရာတွင် အောက်ပါပစ္စည်းများကို မရွေး ချယ်သင့်ပါ။
(၁) ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားထုတ်ပေးနိုင်သော မီးသွေးပြာ
(၂) ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော ရောဂါပိုးမွှားများ ပါဝင်သော ခွေး၊ (သို့မဟုတ်) ကြောင်သေများ၊ ၎င်းတို့၏ စွန့်ပစ် အညစ်အကြေးများ
(၃) အပင်ရောဂါပိုးမွှားများပါဝင်သော ဩဂဲနစ်စွန့်ပစ်ပစ္စည်းများ
(၄) အဏုဇီဝများကို အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်များ ပါ
ဝင်သည့် အရွက်များ (ဥပမာ- Eucalyptus နှင့် Cassia အရွက်များ)
(၅) အသားနှင့်တိရစ္ဆာန်အဆီ(fat)
(၆) သဘာဝမြေဩဇာပြုလုပ်ရန် အသုံးပြုနိုင်သော ကုန်ကြမ်းများနှင့် အာဟာရဓါတ်ပါဝင်မှု
ဒေသအလိုက် အလွယ်တကူရရှိနိုင်သော တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သီးနှံအကြွင်းအကျန်များကို အသုံးပြု၍ သဘာဝမြေသြဇာများကို ပြုလုပ်နိုင် ရန် ကုန်ကြမ်းပစ္စည်းများ အမျိုးအမည်အလိုက် အာဟာရဓါတ်ပါဝင်မှု၊ သစ်ဆွေးဓါတ်ပါဝင်မှု၊ C:N ratio တို့ကို ပူးတွဲပါ ဖြင့် ဖော်ပြ ပါသည်။
https://www.youtube.com/shorts/q8-kC9a1EKc