ကျောင်းမှာတုန်းက သုံးခဲ့တဲ့ ဆက်သွယ်ရေးနည်းလမ်းတွေက အလုပ်ခွင်မှာ သုံးဖို့အတွက် မထိရောက်ပေမယ့်
လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်လို ပြောဆိုဆက်သွယ်နိုင်ဖို့ နည်းလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ #LGTmyanmar, #BBKmyanmar
.
အာရုံစိုက်နားထောင်တက်ခြင်း
တခြားသူ ပြောနေတာတွေကို အာရုံစိုက်နားထောင်ပေးတက်တာကလဲ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။
ကိုယ်ပြောတဲ့အချိန်မှာ တခြားသူတွေက သေချာနားထောင်ပေးတာတွေ အားနည်းနေတာလဲ တွေရပါလိမ့်မယ်။ ဒါပေမယ့်လည်း နားထောင်တက်တာက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ် ပြောဆိုကြတဲ့အခါ တစ်ဖက်သူ ဘာကို ဆိုလိုချင်တယ်ဆိုတာ နားလည်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။
အာရုံစိုက် နားထောင်တက်ဖို့ -
- ပြောတာနားမလည်လိုက်ရင် ရှင်းရှင်းလင်းလင်းပြန်မေးပါ။
- သူပြောချင်တာနဲ့ ကိုယ်နားလည်တာ မှန်မမှန် ပြန်မေးပါ။
- လိုအပ်သလို အပြန်အလှန် ပြောဆိုပါ။
- ပြုံးပြုံးရွင်ရွင်နဲ့ ရင်းနှီးတဲ့လေသံကို အသုံးပြုတာက လုပ်ငန်းပိုင်းဆိုင်ရာ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်မယ့်နည်းလမ်းကောင်းတစ်ခုပါ။
ဝန်ထမ်းအချင်းချင်း အပြန်အလှန် နှုတ်ဆက်စကားပြောဆိုပါ။ small talk လေးတွေ မေးပါ။
.
အတွေးမြင်သစ်တွေကို လက်ခံစဉ်စားပေးနိုင်တဲ့စိတ် ထားရှိပါ။
ကိုယ်ယုံကြည်စွဲယူထားတဲ့ အယူအဆတွေကို ကျော်လွန်ပြီး တခြားသူရဲ့ အကြံဉာဏ်နဲ့ အတွေးမြင်သစ်တွေကို
လက်ခံစဉ်စားပေးနိုင်တဲ့ စိတ်ထားရှိပါ။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မင်းရဲ့ အမြင်ကရောဘယ်လိုရှိလဲ စသည်ဖြင့် မေးမြန်းပါ.
ဒီလိုစိတ်မျိုးထားရှိတာက လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ စိတ်ကူးတွေ အကြံဉာဏ်တွေက
အကူအညီ ဖြစ်စေနိုင်တယ်လို့ ခံစားမိစေပြီး ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ရရှိနိုင်အောင် လမ်းဖွင့်နိုင်ပါတယ်။
.
Feedback
ဘာလို့ ဒီလို အကြံမျိုးပေးတာလဲ ဆိုတဲ့ အကြောင်းပြချက် အရင်းအမြစ်ကို မေးမြန်းပြီး အကြောင်းအရာတစ်ခုအတွက် ဆုံးဖြတ်ချက်ချတဲ့ အချိန်မှာ စဉ်းစားပေးပါ။
တဖက်သားရဲ့ တုံ့ပြန်မှု နှင့် ကောင်းမွန်တဲ့ ဝေဖန်မှုတွေကို ထည့်သွင်းစဉ်းစားပေးပြီးတော့ ကိုယ်တိုင်ကလဲ
ပြုပြင်ပြောင်းလဲသင့်တာတွေကို အကြံပေးပါ။
ဘယ်လိုတုံ့ပြန်မှုမျိုးမှ မရှိတဲ့အခါ ကိုယ့်ရဲ့ နည်းလမ်းက ထိရောက်မှုရှိရဲ့လား ဘာတွေပိုကောင်းအောင်လုပ်ဖို့လိုလဲဆိုတာကို မသိနိုင်ပါဘူး။ ပြောသမျှအားလုံးကို focus ထားဖို့ မလိုပေမယ့် ပိုကောင်းမွန်တဲ့ အကြံပေးမှုမျိုးကို စဉ်းစားပေးဖို့လိုပါတယ်။
.
စကားလုံးရွေးချယ်မှု
ပြောဆိုအကြံပေးတဲ့အခါ တိုက်ရိုက်မဟုတ်ပဲ စကားလှအောင် တဖက်လူ နားလည်မှုလွဲစေမယ့် စကားလုံးအသုံးနှုန်းတွေရှောင်ပြီး သွယ်ဝိုက်သော နည်းလမ်းတွေ သုံးဖို့လိုပါတယ်။
" layoutကိုတော့ ကြိုက်တယ် စာသားတွေက မကောင်းဘူး " လို့ ပြောမယ်အစား
" layout တွေက အမြင်လှတယ် စာသားလေးသာ ပြင်လိုက်ရင် လုံးဝ ပြည့်စုံသွားပြီ " လို့ ပြင်ပြောကြည့်ပါ။
.
ကိုယ်ဟန်အမူအရာများက စကားပြောနေခြင်း
ကိုယ်က ဘာမှမပြောပဲ နှုတ်ဆိတ်နေတဲ့ အချိန်မှာတောင် ကိုယ့်ရဲ့ အပြုအမူကို ခန့်မှန်းပြီး ၉၀ ရာခိုင်နှုန်း အဓိပ္ပာယ် ကောက်နေနိုင်ပါတယ်။
များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦး စကားပြောတဲ့အချိန်မှာ ၅ စက္ကန့်ထက်ပိုပြီး စိုက်ကြည့်တာမျိုးရှောင်ပါ။ စကားပြောတဲ့အချိန် တောင့်တောင့်ကြီး နဲ့ လက်ပိုက်ထားနေတာမျိုး မဖြစ်အောင် သတိထားပါ။
သက်တော့သက်သာရှိနေတဲ့ ပုံစံ နဲ့ ကိုယ့်ရဲ့ မျက်နှာအနေအထားကို အာရုံစိုက်ပေးပြီး ဆက်သွယ်ပြောဆိုပါ။
မရည်ရွယ်ပေမယ့် ကိုယ်ရဲ့ မျက်နှာအနေအထားက မာကျောနေတာမျိုး စကားပြောနေတာကို စိတ်မဝင်စားတဲ့မျက်နှာမဖြစ်အောင် သတိထားပေးပါ။