စပါးစိုက်မယ်ဆိုရင် တောင်သူဦးကြီးတွေအတွက် မစိုက်ခင် အရေးအကြီးအဆုံး အဆင့်တစ်ခုက မြေသား ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ မြေသားပြင်အပြီးမှာ နောက်အရေးအကြီးဆုံး ကိစ္စက "ဘယ်စပါးမျိုးကို ရွေးရမလဲ?" ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ #LGTmyanmar, #BBKmyanmar
#တောင်သူ ဦးကြီးတွေအနေကတော့ မိုးရွာလို့ ရေကြီးလာရင် စပါးပင်တွေ ရေမြုပ်ပျက်စီးတာကြောင့် မြန်မြန်ကြီးမယ့် စပါးမျိုး၊ ဆန်အရည်အသွေးကောင်းမွန် အမြင်လှပြီး စားကောင်းစေမယ်၊ ဈေးကောင်းရမယ့် စပါးမျိုးကို ပိုကြိုက်ကြတယ်။
သေးငယ်တဲ့ ဆန်စေ့တွေက ကြီးတဲ့ဆန်စေ့တွေထက် ချက်တဲ့အခါ ဆန်ပွားနှုန်းပိုများတဲ့ အတွက် ဒီလိုစပါးမျိုးကိုလဲ ရွေးချယ်ကြတယ်။ မိုးမကုန်ခင် အထွက်နှုန်းကောင်းပြီး ရင့်မှည့်မယ်ဆိုရင် ရိတ်သိမ်းဖို့အတွက် စိတ်ပူစရာမလိုသလို တခြားအလုပ်တွေမှာ အချိန်ပေးနိုင်လို့ ဝင်ငွေကောင်းတယ်လို့ တောင်သူတွေက ရှင်းပြပါတယ်။
.
စပါးမျိုးကွဲသစ် ရွေးချယ်ခြင်းစနစ် (PVS)
PVS စနစ်မှာ ပါဝင်တဲ့ အမျိုးမျိုးသော ပညာရှင်များ တောင်သူဦးကြီးများနဲ့ သုတေသီတွေကို ပါဝင်ရွေးချယ် ခွင့်ပြုထား ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုများ နဲ့ ကန်သတ်ချက်များ၊ ဖြေရှင်းရမယ် ပြဿနာများကို အတူတကွ သတ်မှတ် ကန့်သတ်ထားပြီး ရာနဲ့ချီတဲ့ မျိုးကွဲအသစ်များကို ရွေးချယ်ကြပါတယ်။
ပြောင်းလဲလာတဲ့ ရာသီဉတုနဲ့ ဈေးကွက်အခြေအနေတွေပေါ်မူတည်ပြီး စပါးအမျိုးအစားအသစ်တွေကို သုတေသီတွေက တီထွင်ကြတယ်။ အမျိုးအစားအသစ်တွေကို တရားဝင် မထုတ်သေးခင် ပြင်ပလောကနဲ့ တကယ့်လက်တွေ့ စိုက်ပျိုးမယ့် တောင်သူဦးကြီးတွေ လက်ခံဖို့အတွက်ကလဲ စိန်ခေါ်မှုတစ်ခုပါပဲ။ တောင်သူဦးကြီးတွေက အမျိုးအစားအသစ်တွေကို အသုံးပြုတာ ဒါမှမဟုတ် ငြင်းပယ်တာတွေ ရှိပါတယ်။
မျိုးစိတ်သစ်တွေကို တောင်သူတွေရဲ့ မြေတွေမှာ စမ်းသပ်စိုက်ပျိုးကြပြီး အခြေအနေအရပ်ရပ်ရဲ့ အရည်အသွေးတွေကို တိုင်းတာကြရပါတယ်။
ပါ၀င်သောမျိုးကွဲရွေးချယ်ရာတွင် မျိုးကွဲအသစ်များ ပိုမိုလျင်မြန်စွာထွက်ရှိလာစေရန်နှင့် အရေးအကြီးဆုံးမှာ မျိုးစေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို တောင်သူအသိုင်းအဝိုင်းတွင် လျင်မြန်စွာရောက်ရှိဖို့ လုပ်ဆောင်ချက်ကလဲ အရေးကြီးပါတယ်။
မျိုးစိတ်အသစ်တွေကို ရွေးချယ်တဲ့ အခါတောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ လက်တွေ့ ဖြစ်ရပ်များ၊ မျှော်မှန်းချက်၊ ယဉ်ကျေးမှုနှင့် လူမှုရေးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားတဲ့ အပြင် စျေးကွက်တောင်းဆိုမှုများကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် PVS စနစ်မှာ လူမှုရေးသိပ္ပံပညာရှင်များရဲ့ ပါဝင်ပတ်သက်မှုလဲ လိုအပ်တဲ့ အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။
.
Julienne Gue (လူမှုရေးသိပ္ပံပညာရှင်)
သူမရှင်းပြတာကတော့ မျိုးစိတ်အသစ်တွေကို စမ်းသပ်စိုက်ပျိုးရန်အတွက် မြေပိုင်ရှင်တွေကို လေ့ကျင့်သင်ကြားပေးပါတယ်။ တောင်သူများစိုက်ခင်းမှာ စမ်းသပ်စိုက်ပျိုးဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ မြေဆီလွှာတွေနဲ့ ပြသနာတွေရဲ့ ဖြေရှင်းချက်တွေကို တောင်သူတွေထက် သုတေသီတွေက ပိုနားလည်တက်ကျွမ်းမှုရှိနေရင်တောင် သုတေသီတွေအနေနဲ့ ပါဝင်ခြင်းမရှိပဲ တောင်သူဦးကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ ဦးစားပေးဆောင်ရွက်ပါတယ်ဆိုတဲ့ အကြောင်း ပြောပြထားပါတယ်။