အလွယ်တကူ စာစီစာရိုက်ဖို့ ဂူဂဲဒေါ့ ဆော့ဝဲ


ဂူဂဲဒေါ့ (Google Docs) ဆိုတာဘာလဲ?
Docs ဆိုတာက Documents (စာတမ်း) ကို အတိုကောက် ရည်ညွှန်းတာ ဖြစ်ပါတယ်။ Google ရဲ့  စာရွက်စာတမ်း ပြုစုရေး ဆော့ဝဲလို့ အဓိပ္ပါယ် ရပါတယ်။ Google ကနေ တီထွင် ထုတ်လုပ်ထားတဲ့ အခမဲ့ သုံးနိုင်တဲ့ စာစီစာရိုက် လုပ်လို့ရတဲ့ နေရာတစ်ခုပါ။ #LGTmyanmar, #BBKmyanmar
 

Google Docs ကို 
  • ရုံးစာရွက်စာတမ်းများ၊ 
  • အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊
  • ဈေးနှုန်းစာရွက်များ
  • အစည်းအဝးမှတ်တမ်းများ
  • ကိုယ်ရေးအချက်အလက်
  • Business Proposal 
  • Report စတဲ့ စာရွက်စာတမ်းမျိုးစုံကို Internet ရှိရုံနဲ့ ဖုန်းနဲ့ရော computer နဲ့ပါ ဖန်တီးနိုင်ပါတယ်။  

Google Doc ရဲ့ အားသာချက်က စက်ထဲမှာ Microsoft office ထည့်သွင်းဖို့ မလိုပဲ Online ကနေ စာရိုက်နိုင်တာပါ။ ဘယ်မြို့ ဘယ်နေရာကပဲ ဖြစ်ဖြစ် ကြည့်လို့ရသလို စာရွက်တစ်ခုတည်းကိုပဲ ကိုယ့်ရဲ့ team တစ်ခုလုံး တစ်ချိန်ထဲမှာ ဝိုင်းပြင်လို့ ရသလို ပြင်နေတာတွေကိုလဲ မြင်နေရတယ်။ ကိုယ်ရေးထားတဲ့ စာတွေကို ဘယ်သူ့ကိုမဆို အလွယ်တကူ မျှဝေနိုင်တာပါပဲ။

Google Doc ကို အသုံးပြုဖို့ ဒီ link လေးကို မှတ်ထားဘို့ပဲ လိုပါတယ်။

  • Gmail account တစ်ခုလိုအပ်ပါတယ်။ 
  • https://docs.google.com ဆိုတဲ့ ဝဗ်ဆိုက်ကို ဖွင့်ရမှာ ဖြစ်ပါတယ်။
.

Google Docs ကို အသုံးပြုပြီး

  • စာရွက်အသစ်ကို ဘယ်လိုယူရမလဲ
  • စာသားနှင့် စာပိုဒ်များ ပြင်ဆင်ပုံအကြောင်း
  • ပုံနင့် ဇယားများ ဘယ်လိုထည့်ရမလဲ
  • ကိုယ်ရဲ့ စာတွေကို တခြားသူတွေနဲ့ ဘယ်လို မျှဝေမလဲ
  • ကိုယ့်ရဲ့ အချက်အလက် စာရွက်စာတမ်းတွေကို ရုံးမှာ မဟုတ်ပဲ ဘယ်နေရာကမဆို ပြင်လို့ ကြည့်လို့ရအောင် ဘယ်လိုလုပ်မလဲ  ဆိုတာတွေကို ပြောပြပေးထားပါတယ်
.

စာရွက်အသစ်ကို ဘယ်လိုယူရမလဲ။
စာရွက်အသစ်ယူမယ်ဆိုရင်
  1. New 
  2. Google Docs
  3. Blank Document ကို နှိပ်ပါ။


ကိုယ်တိုင် အသစ်လုပ်ထားတာမဟုတ်ပဲ ရှိပြီးသား ပုံစံချပြီးသားစာရွက်ကို သုံးမယ်ဆိုရင်တော့ 
  1. New 
  2. Google Docs 
  3. From a template ကို နှိပ်ပါ။
.


File menu ကနေ ဘာတွေလုပ်လိုရလဲ

File ဆိုတဲ့ စာသားကို တစ်ချက် နှိပ်ပြီးတော့ 
  • စာရွက်ကို တခြားသူဆီ မျှဝေတာ (share)
  • စာရွက်အသစ်ယူတာ(New) 
  • သိမ်းထားပြီတာကို ဖွင့်တာ(Open)
  • နာမည်ပြောင်းတာ (Rename) ... စတာတွေကို လုပ်လို့ရပါတယ်

စာရိုက်တဲ့ အချိန်မှာ keyboard ပေါ်မှာ ရှိတဲ့ Enter, Backspace , down arrow , up arrow စတဲ့ key တော်တော်များများကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
.

စာသားနှင့် စာပိုဒ်များ ပြင်ဆင်ပုံအကြောင်း
ပြင်ချင်တဲ့ စာသားတွေကို select လုပ်ပြီး Format menu က ပြင်ဆင်နိုင်ပါတယ်
စာသားထင်းအောင်လုပ်တာ(Bold) , စာသားအစောင်းလုပ်တာ(Italic), စာလုံး အကြီးအသေး စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်

စာလုံးပေါင်း (spelling) ပြင်တာနဲ့ စာလုံး အရေအတွက် တွေကို Tool နေတဆင့် သွားနိုင်ပါတယ် 

Toolbar ကနေတဆင့်လဲ 
  • စာလုံး အကြီးအသေးလုပ်တာ
  • စာသား အရောင်ချယ်တာတွေကို 
  • စာသားထင်းအောင်လုပ်တာ(Bold)
  • စာသားအစောင်းလုပ်တာ(Italic)
  • link ထည့်တာ၊ ပုံ၊ video တွေကို အလွယ်တကူ ထည့်လိုရပါတယ်။
  • အစက်လေး ၃စက် ကို နှိပ်ပြီး paragraph ပြင်တာ၊ စာကြောင်း အကွာအဝေးချဲ့တာ ၊ Bullet တပ်တာတွေကို အလွယ်တကူ လုပ်လို့ ရပါတယ်။
.

ပုံနင့် ဇယားများ ဘယ်လိုထည့်ရမလဲ
Insert ကနေ တဆင့် ပုံထည့်တာ website link, equation, chart, table, header နဲ့ စာမျက်နှာနံပါတ်တွေကို ထည့်လို့ရပါတယ်။

Shortcut တွေကို သိချင်တယ်ဆိုရင် Ctrl + L  နှိပ်ပါ

ကိုယ်ရဲ့ စာတွေကို တခြားသူတွေနဲ့ ဘယ်လို မျှဝေမလဲ
share ခလုတ်လေးကို နှိပ်ပြီး မျှဝေချင်သူရဲ့ email address ကို ထည့်ပြီး 
ညာဘက်က ခဲတံပုံ လေးကို နှိပ်ပြီး 
  • ကိုယ်စာသားတွေကို ပြင်ပေးစေချင်ရင် can edit
  • မပြင်စေချင်ဘူး မှတ်ချက်ပေးစေချင်ရုံပဲဆိုရင် can comment
  • ကြည့်စေရုံပဲ သက်သက်ပဲ ဆိုရင် can view ကို ရွေးချယ်ပေးပါ။



Previous Post Next Post