အပင်ရောဂါလက္ခဏာများနှင့် သဘာဝ ကာကွယ်ရေး ကိုယ်ခံစွမ်းအားစနစ်အကြောင်း

 



အပင်များတွင် ရောဂါဖြစ်နေသည်ကို မည်သို့သိရှိနိုင်သနည်းဆိုသည်နှင့် ရောဂါမရအောင် အပင်များတွင် သဘာဝအလျောက် ပါရှိသည့် ကာကွယ်ရေးစနစ်များအကြောင်းကို လေ့လာသွားပါမည်။ #LGTmyanmar , #BBKmyanmar

.

လူသားများကဲ့သို့ပင် အပင်များသည်လည်း မှို၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကဲ့သို့သော အဏုဇီဝပိုးမွှားများကြောင့်သာမက အင်းဆက်ပိုးမွှားများကဲ့သို့သော သတ္တဝါကြီးများကြောင့်လည်း ရောဂါကူးစက်ခံရတတ်ပါသည်။

ထို့အပြင် အပင်များအတွက် မရှိမဖြစ်လိုအပ်သော နိုက်ထရိတ် သို့မဟုတ် မဂ္ဂနီစီယမ် အိုင်းယွန်း ကဲ့သို့သော သတ္တုဓာတ်များ မလုံလောက်ပါက အာဟာရချို့တဲ့မှုဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ ဥပမာအားဖြင့် -

  • နိုက်ထရိတ် : ပရိုတင်းဓာတ် ထုတ်လုပ်ရန်နှင့် အပင်ကြီးထွားရန် လိုအပ်သည်။ ထို့ကြောင့် နိုက်ထရိတ် မလုံလောက်သော အပင်များသည် ကြီးထွားမှု ရပ်တန့်ခြင်း သို့မဟုတ် ပုညှက်ခြင်းများ ဖြစ်တတ်သည်။

  • မဂ္ဂနီစီယမ်: ကလိုရိုဖီး (Chlorophyll - ပစ္စိုရ်) ထုတ်လုပ်ရန် လိုအပ်ပြီး ၎င်းသည် အလင်းမှီစုအစာချက်ခြင်း (Photosynthesis) အတွက် အရေးကြီးသည်။ မဂ္ဂနီစီယမ် ချို့တဲ့သော အပင်များသည် ကလိုရိုဖီး နည်းပါးသွားသဖြင့် အရွက်များ ဝါလာသည့် အရွက်ဝါရောဂါ ဖြစ်ပေါ်စေပါသည်။


ရောဂါလက္ခဏာများ

ရောဂါကျနေသော အပင်များတွင် တွေ့ရလေ့ရှိသည့် အခြားလက္ခဏာများမှာ-

  • ပုံမှန်မဟုတ်သော အဖုအကျိတ်များ ထွက်ခြင်း။

  • ပင်စည် သို့မဟုတ် အရွက်များ ပုံပျက်ခြင်း။

  • အစိတ်အပိုင်းအချို့ ပုပ်ရိလာခြင်း။

  • အရွက်များပေါ်တွင် အရောင်ပြောင်းလဲခြင်း သို့မဟုတ် အစက်အပြောက်များ ဖြစ်ပေါ်ခြင်း။

အချို့အခြေအနေများတွင် ပျပိုး သို့မဟုတ် ပင့်ကူနီ ကဲ့သို့သော ရောဂါဖြစ်စေသည့် သတ္တဝါများကိုပါ အပြင်ပန်းမှ မြင်တွေ့နိုင်ပါသည်။


ရောဂါရှာဖွေခြင်း

ရောဂါကို စမ်းသပ်စစ်ဆေးရန် အလွယ်ဆုံးနည်းလမ်းမှာ အပင်၏ အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး မိမိတွေ့ရှိရသော လက္ခဏာများကို စိုက်ပျိုးရေးလက်စွဲစာအုပ် သို့မဟုတ် ဝက်ဘ်ဆိုက်များရှိ ရောဂါစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့စစ်ဆေးခြင်း မအောင်မြင်ပါက ရောဂါကျနေသော အပင်နမူနာကို အပင်ရောဂါဗေဒပညာရှင် ထံသို့ ပေးပို့နိုင်သည်။ ၎င်းတို့သည် အောက်ပါအဆင့်မြင့် စမ်းသပ်မှုများကို ပြုလုပ်ပေးနိုင်ပါသည်-

  1. တစ်ရှူးနမူနာကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုခြင်း: ပြဿနာကို အနီးကပ် မြင်တွေ့နိုင်ရန်။

  2. Antigen စမ်းသပ်ခြင်း: Monoclonal antibodies များကို အသုံးပြု၍ ရောဂါပိုးမှ ထွက်သော သီးသန့် အန်တီဂျင်များကို ရှာဖွေခြင်း။

  3. DNA စစ်ဆေးခြင်း: ရောဂါပိုး၏ DNA ရှိ၊ မရှိ စမ်းသပ်ခြင်း။


အစမ်းလုပ်ဆောင်ခြင်း

နောက်ထပ် ရိုးရှင်းသောနည်းလမ်းမှာ မှန်းဆပြီး စမ်းသပ်ကုသခြင်း ဖြစ်သည်။ ဥပမာ- အရွက်များ ဝါနေပါက မဂ္ဂနီစီယမ် ချို့တဲ့သည်ဟု ယူဆပြီး မဂ္ဂနီစီယမ်ဓာတ် ကျွေးကြည့်ကာ ပျောက်၊ မပျောက် စောင့်ကြည့်ခြင်း ဖြစ်သည်။ သို့မဟုတ် မှိုရောဂါဟု ထင်ပါက မှိုသတ်ဆေး ဖျန်းကြည့်ခြင်း ဖြစ်သည်။ ဤနည်းလမ်း၏ အားသာချက်မှာ တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်နိုင်ခြင်း ဖြစ်သည်။


အပင်များ၏ ခုခံကာကွယ်မှုစနစ်

အပင်များတွင် ရောဂါဒဏ်မှ ကာကွယ်ရန် နည်းလမ်း ၃ မျိုး ရှိသည် -

၁။ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု

ရောဂါပိုးများ အပင်ထဲသို့ မဝင်နိုင်အောင် အတားအဆီးအဖြစ် ဆောင်ရွက်သည်။

  • အရွက်နှင့် ပင်စည်ကို ဖုံးအုပ်ထားသော ဖယောင်းလွှာ။

  • ဆဲလ်တစ်ခုချင်းစီကို ကာကွယ်ထားသော ဆဲလ်နံရံများ။

  • ပင်စည်ပတ်လည်ရှိ သစ်ခေါက်ကဲ့သို့သော ဆဲလ်သေအလွှာများ။

၂။ ဓာတုဗေဒဆိုင်ရာ ကာကွယ်မှု

အပင်မှ ထုတ်လွှတ်သော ဓာတုပစ္စည်းများဖြင့် ကာကွယ်ခြင်း ဖြစ်သည်။

  • ပိုးသတ်ပစ္စည်းများ: ဘက်တီးရီးယားနှင့် မှိုများကို သေစေသည်။

  • အဆိပ်အတောက်များ: အင်းဆက်များကို မောင်းထုတ်ရန် သို့မဟုတ် သေစေရန် ထုတ်လုပ်သည်။

  • မှတ်ချက်: ကျွန်ုပ်တို့အသုံးပြုနေသော အကိုက်အခဲပျောက်ဆေး Aspirin သည် မိုးမခပင် ၏ အခေါက်နှင့် အရွက်များမှရသော ဓာတုပစ္စည်းမှ ဖော်စပ်ထားခြင်း ဖြစ်သည်။

၃။ စက်မှုပိုင်းဆိုင်ရာ ကာကွယ်မှု

ရုပ်ပိုင်းဆိုင်ရာနှင့် ဆင်တူသော်လည်း အကာအကွယ်ပေးရန် သီးသန့် လုပ်ဆောင်ချက်ရှိသည်။

  • ဆူးများနှင့် အမွှေးအမျှင်များ: သတ္တဝါများ လာရောက်စားသောက်ခြင်း သို့မဟုတ် ထိတွေ့ခြင်းမှ တားဆီးသည်။

  • အရွက်များ တွန့်လိပ်ခြင်း သို့မဟုတ် နွမ်းလျခြင်း: အင်းဆက်များ လာနားပါက အရွက်များ လိပ်ဝင်သွားခြင်း သို့မဟုတ် ညှိုးကျသွားခြင်းဖြင့် ကာကွယ်သည်။

Previous Post Next Post