ငွေကြေးနှင့် အချက်အလက် လုံခြုံရေးအတွက် အရေးကြီးဆုံး Cybersecurity (၇) ချက်





လူတိုင်းပြောနေကျ password အားကောင်းကောင်းပေးပါ၊ 2FA ခံပါ ဆိုတဲ့ အခြေခံအချက်တွေထက် ပိုပြီး လူသိနည်းပေမဲ့ တကယ်အရေးကြီးတဲ့ Cybersecurity အချက် (၇) ချက် ကို ဘာသာပြန် တင်ပြပေးလိုက်ပါတယ်။  #LGTmyanmar , #BBKmyanmar


___________________________________________________________________________________


၁။ သီးသန့် "အီးမေးလ်" တစ်ခု ထားရှိပါ 

လူအများစုဟာ လူမှုဆက်ဆံရေး၊ ဈေးဝယ်ခြင်းနဲ့ ဘဏ်လုပ်ငန်းအားလုံးအတွက် အီးမေးလ်တစ်ခုတည်းကိုပဲ သုံးလေ့ရှိပါတယ်။ ဒါဟာ အန္တရာယ်များပါတယ်။
  • ဘာကြောင့်လုပ်သင့်လဲ: သင်ဟာ ပုံမှန်သုံးနေတဲ့ အီးမေးလ်ကို နေရာတိုင်းမှာ ပေးထားတဲ့အတွက် Hackers တွေလက်ထဲ ရောက်နေဖို့ ရာခိုင်နှုန်းများပါတယ်။ ဘဏ်လုပ်ငန်းအတွက် သီးသန့်အီးမေးလ်သုံးထားရင် Phishing (လိမ်လည်လှည့်ဖျားခြင်း) ကို ချက်ချင်းသိနိုင်ပါတယ်။ ဥပမာ- သင့်ရဲ့ ပုံမှန်အီးမေးလ်ထဲကို "ဘဏ်ကပါ" ဆိုပြီး စာရောက်လာရင် ဒါဟာ အတုဆိုတာ သေချာသွားပါပြီ (ဘာလို့ဆို သင့်ဘဏ်က ဒီအီးမေးလ်ကို မသိလို့ပါ)။
  • ဘယ်လိုလုပ်မလဲ: Gmail အသစ်တစ်ခုသီးသန့်ဖွင့်ပါ (သို့) ပိုမိုလုံခြုံတဲ့ Proton Mail သို့မဟုတ် Tuta တို့ကို သုံးပါ။ ပြီးနောက် သင့်ရဲ့ ဘဏ်အကောင့်၊ ရင်းနှီးမြှုပ်နှံမှုအကောင့်တွေမှာ အီးမေးလ်အဟောင်းကို ဖျက်ပြီး ဒီအီးမေးလ်အသစ်နဲ့ အစားထိုးလိုက်ပါ။
___________________________________________________________________________________


၂။ ကတ်ကို တိုက်ရိုက်မသုံးဘဲ "Tap to Pay" သုံးပါ 

ဆိုင်တွေမှာ ကတ်ကို စက်ထဲထိုးထည့်တာ (Swipe/Insert) ထက် ဖုန်း (သို့မဟုတ်) နာရီနဲ့ တို့ပြီးပေးချေတာက ပိုလုံခြုံပါတယ်။
  • ဘာကြောင့်လုပ်သင့်လဲ: ကတ်ကို စက်ထဲထည့်လိုက်ရင် သင့်ရဲ့ ကတ်နံပါတ်အစစ်အမှန်ကို ဆိုင်က သိသွားနိုင်ပါတယ်။ Tap to Pay (Apple Pay / Google Pay) သုံးရင်တော့ သင့်ကတ်နံပါတ်အစစ်ကို မပေးဘဲ Token လို့ခေါ်တဲ့ တစ်ခါသုံးကုဒ်ကိုပဲ ပေးတာကြောင့် ဆိုင်ရဲ့စက်က Hack ခံရရင်တောင် သင့်ကတ်အစစ်အမှန်က လုံခြုံနေမှာပါ။
  • ဘယ်လိုလုပ်မလဲ: သင့်ဖုန်းထဲက Wallet App ထဲမှာ ကတ်အချက်အလက်တွေ ထည့်သွင်းထားပြီး ဆိုင်တွေမှာ ဖုန်းနဲ့ တို့ရုံနဲ့ ငွေပေးချေပါ။
___________________________________________________________________________________


၃။ အကောင့်တိုင်းအတွက် သီးခြား Username သုံးပါ

အကောင့်တစ်ခုချင်းစီမှာ Password မတူအောင်ထားသလို Username (Email) ကိုလည်း မတူအောင် ထားသင့်ပါတယ်။

  • ဘာကြောင့်လုပ်သင့်လဲ: Hacker တွေမှာ သင့်အီးမေးလ်လိပ်စာ ရှိနေပြီးသားပါ။ အဲဒီတော့ သူတို့က Password ကိုပဲ ခန့်မှန်းဖို့ လိုတော့ပါတယ်။ အကယ်၍ Username ပါ မတူဘူးဆိုရင် သူတို့အတွက် ဖောက်ထွင်းဖို့ နှစ်ဆခက်သွားပါလိမ့်မယ်။
  • ဘယ်လိုလုပ်မလဲ: Apple ရဲ့ "Hide My Email" သို့မဟုတ် Proton ရဲ့ "SimpleLogin" တို့ကို သုံးပြီး အကောင့်တစ်ခုချင်းစီအတွက် အီးမေးလ်အတုလေးတွေ ဖန်တီးပေးလို့ရပါတယ်။ (ဥပမာ- netflix_123@simplelogin.com)

___________________________________________________________________________________


၄။ Credit Freeze လုပ်ထားပါ 

ဒါကတော့ နိုင်ငံတကာ (အထူးသဖြင့် US) မှာ ပိုအသုံးဝင်ပါတယ်။ သင့်နာမည်နဲ့ တစ်ယောက်ယောက်က ချေးငွေလျှောက်တာ၊ ကတ်အသစ်ဖွင့်တာမျိုး မလုပ်နိုင်အောင် ပိတ်ထားတာပါ။

  • ဘာကြောင့်လုပ်သင့်လဲ: သင့်အချက်အလက်တွေ ပေါက်ကြားသွားရင်တောင် Credit Bureau တွေမှာ Freeze လုပ်ထားရင် Hacker က သင့်နာမည်နဲ့ ဘာမှလုပ်လို့မရတော့ပါဘူး။ သင်ကိုယ်တိုင် လိုအပ်တဲ့အခါမှသာ ခဏပြန်ဖွင့် (Thaw) လို့ ရပါတယ်။
___________________________________________________________________________________


၅။ Public WiFi အစား Mobile Data ကိုသာ သုံးပါ 

လေဆိပ်၊ ကော်ဖီဆိုင်တွေက အခမဲ့ WiFi တွေကို အယုံအကြည်မရှိပါနဲ့။
  • ဘာကြောင့်လုပ်သင့်လဲ: Public WiFi တွေက လုံခြုံမှုအားနည်းသလို Hacker တွေက WiFi အတုထောင်ပြီး သင့်အချက်အလက်တွေကို ခိုးယူနိုင်ပါတယ်။ VPN သုံးတာထက် သင့်ဖုန်းရဲ့ Mobile Data (Hotspot) ကို သုံးတာက ပိုမြန်သလို ပိုလည်းလုံခြုံပါတယ်။
___________________________________________________________________________________

၆။ Bluetooth နဲ့ WiFi ကို အသုံးမလိုလျှင် ပိတ်ထားပါ

အိမ်ပြင်ထွက်တာနဲ့ သင့်ဖုန်းရဲ့ Bluetooth နဲ့ WiFi ကို ပိတ်ထားတဲ့ အလေ့အကျင့်လုပ်ပါ။

  • ဘာကြောင့်လုပ်သင့်လဲ: ဖွင့်ထားရင် သင့်ဖုန်းက ချိတ်ဆက်ဖို့ signal တွေကို အမြဲရှာနေတတ်ပါတယ်။ ဒါဟာ Hacker တွေအတွက် ဝင်ပေါက် (Threat Vector) တစ်ခု ဖြစ်သွားနိုင်ပါတယ်။ အိမ်ကထွက်ရင် အလိုအလျောက် ပိတ်သွားအောင် Shortcuts တွေနဲ့လည်း ဖန်တီးထားလို့ ရပါတယ်။
___________________________________________________________________________________


၇။ ဖုန်းအခိုးခံရခြင်းမှ ကာကွယ်ပါ 

ဖုန်းထဲမှာ အရေးကြီးအချက်အလက်တွေ အများကြီးရှိတဲ့အတွက် ဖုန်းအခိုးခံရရင် ဒုက္ခမရောက်အောင် ကြိုတင်ပြင်ဆင်ရပါမယ်။

  • ဘယ်လိုလုပ်မလဲ: iPhone: Settings > Face ID & Passcode > Stolen Device Protection ကို On ထားပါ။ ဒါဆိုရင် သူစိမ်းတစ်ယောက်က သင့် Passcode သိသွားရင်တောင် အရေးကြီး Setting တွေကို ပြင်လို့မရတော့ပါဘူး။
  • Android: Theft Detection Lock ကို ဖွင့်ထားပါ။
  • iOS 18: အရေးကြီး App တွေကို Face ID နဲ့ ခတ်ထားလို့ ရပါပြီ။
Previous Post Next Post