ကိုယ်ပိုင်ပျိုးဥယျာဉ် လုပ်ငန်း လည်ပတ်ဖို့ လျှို့ဝှက်နည်းများ


ကိုယ်ပိုင်ပျိုးဥယျာဉ် လုပ်ငန်းတစ်ခုကို လည်ပတ်ဖို့အတွက် လျှို့ဝှက်ချက်ကတော့။ 

"သင်ဟာအပင်တွေကို ပျိုးထောင်နေရုံနဲ့ ပိုက်ဆံမရသလို၊ အပင်တွေကို စိုက်ပျိုးနေရုံနဲ့လည်း ပိုက်ဆံမရပါဘူး။ အပင်တွေကို 'ရောင်းနိုင်မှသာ' ပိုက်ဆံရတာပါ။"

ဒါဟာ လူတိုင်းသိတဲ့ အခြေခံအချက်လို့ ထင်ရပေမယ့်၊ လက်တွေ့မှာတော့ ကျွန်တော်တို့ ဘာလို့ ခဏခဏ လမ်းပျောက်ကုန်ကြတာလဲ? ဒါဟာ ပျိုးဥယျာဉ်အသေးစားလေးတွေကနေ အကြီးစားတွေအထိ ကျရှုံးရတဲ့ နံပါတ် (၁) အကြောင်းရင်းပါပဲ။ အပင်တွေအများကြီး ပျိုးလိုက်တယ်၊ မျိုးပွားလိုက်တယ်၊ ဒါပေမဲ့ အဲဒါကို ဝယ်မယ့်သူမရှိဘူး ဖြစ်နေတတ်ပါတယ်။  #LGTmyanmar , #BBKmyanmar

ဥပမာ- ကျွန်တော့်လိုလူမျိုးက နှင်းဆီမျိုးပွားစိုက်ပျိုးနည်းအကြောင်း ပြောပြတဲ့အခါ သင်က အပင် ၁၀၀၀၊ ၂၀၀၀ လောက် စိုက်ဖို့ စဉ်းစားမိမယ်။ အပင်တစ်ပင်ကို ၅ ဒေါ်လာနဲ့ ရောင်းရမယ်ဆိုရင် စုစုပေါင်း ဒေါ်လာ ၂၅၀၊ ၅၀၀ စသဖြင့် ခေါင်းထဲမှာ တွက်ချက်နေမိလိမ့်မယ်။ ဒါပေမဲ့ သင်မေ့နေတဲ့ စာကြောင်းတစ်ကြောင်းရှိပါတယ်။ အဲဒါက "အကယ်၍ သင် အဲဒီအပင်တွေကို ရောင်းထွက်ခဲ့မယ်ဆိုရင်..." ဆိုတဲ့ အချက်ပါ။

ဒါကြောင့် ပျိုးဥယျာဉ်လုပ်ငန်းရဲ့ အခက်ခဲဆုံးအပိုင်းက "အရောင်း" ပါပဲ။ သင်ဟာ ကမ္ဘာမှာ အတော်ဆုံး အပင်မျိုးပွားသူ ဖြစ်နိုင်ပေမယ့် အရောင်းဘက်ကို အာရုံမစိုက်ရင် လုပ်ငန်းပျက်ဖို့ အလွယ်ဆုံးပါပဲ။ ဒါကြောင့် ကျွန်တော်စမ်းသပ်ခဲ့တဲ့ ရောင်းချနည်း ၄ ခုကို ပြောပြပါရစေ။


၁။ တောင်သူ နှင့် ဈေးကွက် 

ဒါက ကျွန်တော် အစောဆုံး စမ်းသပ်ခဲ့တဲ့နည်းပါ။ အိမ်နောက်ဖေးမှာ အပင်နည်းနည်းပဲ ပျိုးနေတဲ့အချိန်ကတည်းက လုပ်ခဲ့တာပါ။

  • အားသာချက်: ရင်းနှီးမြှုပ်နှံမှု အများကြီးမလိုဘူး (တဲတစ်လုံး၊ စားပွဲ၊ ခင်းနှီးနဲ့ ဆိုင်းဘုတ်ရှိရင် ရပြီ)။

  • အရေးကြီးဆုံးအချက်: ဝယ်သူတွေဆီက တိုက်ရိုက် တုံ့ပြန်မှုရတာပါ။ ဘယ်အပင်က လူကြိုက်များလဲ၊ ဘာကို ဝယ်ချင်ကြလဲဆိုတာကို သိရတဲ့အတွက် နောက်နောင် ဘာအပင်တွေ ပိုစိုက်ရမလဲဆိုတာ ဆုံးဖြတ်ရလွယ်ကူစေပါတယ်။

.

၂။ ဖောက်သည်သွင်းရှာဖွေခြင်း

ဒါကတော့ အပင်အများအပြားကို တခြားစိုက်ပျိုးသူ ဒါမှမဟုတ် ပန်းခြံအရောင်းဆိုင်တွေဆီ တစ်ဆင့်ပြန်ရောင်းဖို့ သွင်းပေးတာပါ။

  • အားနည်းချက်: အမြတ် နည်းနည်း လျှော့ပေးရပါတယ်။

  • အားသာချက်: အော်ဒါ တစ်ခုတည်းနဲ့ ဒေါ်လာ ရာနဲ့ချီ၊ ထောင်နဲ့ချီ ရနိုင်ပါတယ်။ တစ်ဦးချင်း လိုက်ရောင်းရမယ့် အချိန်တွေကို သက်သာစေပါတယ်။ ဒါပေမဲ့ အရောင်းဆိုင်တွေဆီ သွားပြီး "ကျွန်တော့်ဆီက အပင်ယူမလား" လို့ လိုက်မေးရတာမျိုးတော့ ရှိတတ်ပါတယ်။

.

၃။ ကိုယ်ပိုင်နေရာမှာ အရောင်းပွဲလုပ်ခြင်း 

ကိုယ့်ခြံထဲမှာပဲ အရောင်းပွဲလုပ်တာပါ။ လူတွေ ကိုယ့်ဆီလာမှာဖြစ်လို့ အထုတ်အပိုး ပြင်စရာမလိုဘူး ထင်ရပေမယ့် တကယ်တော့ နေရာပြင်ဆင်ရတာ၊ လူစောင့်ရတာက တော်တော်ပင်ပန်းပါတယ်။

  • အကြံပြုချက်: အစမှာ စနေ၊ တနင်္ဂနွေ တစ်ရက် နှစ်ရက်လောက်ပဲ အချိန်သတ်မှတ်ပြီး စမ်းလုပ်ကြည့်ပါ။ အောင်မြင်ရင်တော့ တစ်နေ့တည်းနဲ့ အမြတ်အများကြီး ရနိုင်ပါတယ်။

.

၄။ အွန်လိုင်းမှ ရောင်းချခြင်း 

ဒါကတော့ နည်းလမ်း နှစ်မျိုးရှိပါတယ်။

  • စာတိုက်ကတစ်ဆင့် ပို့ဆောင်ခြင်း : ဝေးလံတဲ့ဒေသက ဝယ်သူတွေဆီ ရောက်နိုင်ပေမယ့် ကနေဒါလို နေရာမျိုးမှာတော့ စာတိုက်ခက တော်တော်ကြီးပါတယ်။

  • Marketplace များမှတစ်ဆင့် ရောင်းခြင်း: Craigslist ဒါမှမဟုတ် Facebook Marketplace မှာ ကြော်ငြာတင်ပြီး ချိန်းဆိုရောင်းချတာပါ။ ကျွန်တော့်သူငယ်ချင်း Mark ဆိုရင် ဆိုင်ဖွင့်မထားဘဲ ချိန်းထားတဲ့အချိန်မှပဲ တံခါးဖွင့်ရောင်းတဲ့အတွက် အချိန်ကုန်သက်သာပြီး အရမ်းထိရောက်ပါတယ်။

Previous Post Next Post