“ကျွန်တော်တို့ မသန်စွမ်းသူများအနေနဲ့ သူများဆီမှာ အလုပ်လုပ်ဖို့က မလွယ်ကူဘူးပေါ့နော်။ ကိုယ်တိုင်ရပ်တည်နိုင်အောင်ပဲ ကြိုးစားရမှာပေါ့နော်” “တော်တော်များများက လုပ်ငန်းသာ လုပ်နေရတာ အချိန်ကာလတစ်ခုသာ ပြည့်သွားခဲ့မယ် ဒါပေမယ့် ကိုယ့်လုပ်ငန်းတိုးတက်လာဖို့ ဆိုတာလည်း မရှိဘူး ငွေကြေးဘယ်လောက် စုဆောင်းထားမိသလဲဆိုတာလဲ မရှိဘူးပေါ့နော်” “ကျွန်တော့်လုပ်ငန်းမှာက ကွန်ပျူတာသင်တန်းကို ဒီတိုင်းဖွင့်လိုက်ရုံပဲဖွင့်တာ ဘာတွေကုန်ကျတယ် ဘာတွေဝင်လာလဲဆိုတာ ကျွန်တော်မသိဘူး၊၊ ရတဲ့ ပိုက်ဆံတွေအကုန် သုံးလိုက်တာပဲ ရှိတယ်” #LGTmyanmar , #BBKmyanmar
.
“ဒီသင်တန်းကို တက်တော့ စီးပွားရေးတစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်မှာ ဘယ်လိုတွေ ပြင်ဆင် ထားရမလဲဆိုတာတွေ သိရှိခဲ့တယ်။ လူမှုစီးပွားရေးဘက်ကိုပါ ပြောင်းမယ်ဆိုရင် လူမှုစီးပွားဘက်မှာလဲ အကျိုးမြတ်ရရှိအောင်တော့ လုပ်ရမယ်။ သူတို့တွေရဲ့ သူတို့ပြဿနာ တွေကိုလဲ ဖြေရှင်းပေးရမယ်၊ ဒါပေမဲ့ အဲ့ပေါ်မှာ မူတည်ပြီး ကိုယ်ရေရှည် ရပ်တည်နိုင်ဖို့ ဆိုရင် ကိုယ့်ရဲ့အကျိုးအမြတ်ရှိမယ်။ အဲ့ချိန်ကျမှပဲ ကိုယ့်ရဲ့လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်မှာပေါ့နော်” “Customer service ပေးရမဲ့ အပိုင်းလေးတွေ သိလာတယ်။ နောက်ပြီး လုပ်ငန်းခွင်သုတေသနအပိုင်းတွေ လေ့လာတာပေါ့နော် ဥပမာ ဈေးကွက်ရှာဖွေရတဲ့အပိုင်းတွေ ၊ customer ပြဿနာတွေ ဖြေရှင်းရမဲ့အပိုင်းတွေ တော်တော်များများကို အသေးစိတ်သိရှိလာတယ်” “လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် ကုန်ကျစရိတ်တို့ ဝင်ငွေတို့ ထည့်သွင်းသင့်တယ် လိုအပ်ချက်တွေကို အရင်ဆုံး BUSINESS MODEL CANVAS ဆိုတဲ့ စာရွက်မှာ အရင်ဆုံးရေးပြီးတော့မှ လုပ်ငန်းလုပ်သင့်တာကို သိခဲ့ရတယ်” “ဝင်ငွေထွက်ငွေ သေချာမလုပ်ထားဘူးဆိုရင် ကိုယ့်မှာ ဒီလုပ်ငန်းက အရှုံးပေါ်နေမလား အမြတ်ပေါ်နေလား မသိရဘူးပေါ့နော်။ အဲ့အတွက် နောက်ပိုင်းမှာ လုပ်ငန်း ဖျက်သိမ်းရတဲ့ထိ၊ ရပ်တန့်သွားတဲ့အထိ ဖြစ်နိုင်တယ်။ အဲ့တွက် ဒီစာရင်းဇယားပိုင်းကို လုပ်ရမည်ဆိုတာကို ကျွန်မတို့ သတိမထားမိဘူးပေါ့နော် အဲ့တာတွေကို လုပ်ရန် လိုအပ်တယ်ဆိုတဲ့အကြောင်းကို သိရှိခဲ့ရပါတယ်”

“ကျွန်မ အပြင်သင်တန်းတွေလဲ တက်ဖူးတယ်ပေါ့နော်။ စီးပွားရေးပဲဖြစ်ဖြစ် ဒါပေမဲ့ သူတို့ကျတော့ သေချာရှင်းမပြဘူးပေါ့နော်။ ဒီမှာကျတော့ ကူလည်း ကူညီတယ်” “ဒီသင်တန်းက တကယ့်ကို အခြေခံလည်း ကျတယ် အရမ်းကို နားလည်ရတာလည်း လွယ်တယ်။ လိုက်ပြီးတော့ လေ့ကျင့်ခန်းလုပ်ရတာဖြစ်တဲ့အတွက် တက်သင့်တယ်ပေါ့နော်” “မသန်စွမ်းတွေဖြစ်ဖြစ် သန်စွမ်းတဲ့သူတွေပဲဖြစ်ဖြစ် ဒီသင်တန်းကို တက် မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတွေ့ကြုံတွေလဲ အများကြီးရတယ်” “ကျွန်တော်တို့လို လူမျိုးပဲ အလုပ်တော့လုပ်နေတယ် လုံးဝ ငွေကြေးစီမံခန့်ခွဲမှု အပိုင်းပဲဖြစ်ဖြစ် ဈေးကွက်စီးပွားရှာဖွေတဲ့ အပိုင်းပဲ ဖြစ်ဖြစ်ပေါ့နော် ပိုမိုသိရှိလာအောင် BBK သင်တန်း ကို သင်ယူသင့်တယ်၊ Join သင့်တယ်လို့ အကြံဉာဏ်ပေးချင်ပါတယ်”