ဆွစ်ချောကလက် ရဲ့ ဒေါ်လာသန်းချီတန်တဲ့ Marketing Skill လုပ်ဆောင်မှု ဟာ စားသုံးများ အလွန်စိတ်ဝင်စားတဲ့ အရာဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှတ်တံဆိပ်က စားသုံးတွေကို ချောကလက်ထုပ်အတိုင်းတွင် တစ်တုံး လျော့နေတာကို ပုံစံတစ်မျိုးနဲ့ ရောင်းချခဲ့တာကြောင့်ပါ။ #LGTmyanmar , #BBKmyanmar
.
၂၀၁၃ ခုနှစ်တုန်းက ဆွစ်ချောကလက် အမှတ်တံဆိပ် တစ်ခုဟာ ချောကလက်ထုပ်အတွင်း တစ်တုံး လျော့နေတဲ့ ချောကလက်ထုပ်ပေါင်း သန်း ၁၀ ကို ထုတ်လုပ်ခဲ့ပါတယ်။ လူတွေက ဝယ်ယူပြီး လျော့နေတဲ့ ချောကလက်တုံးကို သတိထားမိတာနဲ့ စိတ်ရှုပ်ထွေးပြီး ထိုချောကလက်အမှတ်တံဆိပ်ကို တရားစွဲဆိုဖို့ အထိတောင် စဉ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့ ချောကလက်ထုပ် အတွင်းက စာတိုလေးကို ဖတ်လိုက်တဲ့အခါ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။
.
တကယ်တမ်းမှာ ဒါဟာ မတော်တဆဖြစ်ရပ် မဟုတ်ပါဘူး။ စားသုံးသူတွေဟာ သူတို့ လျော့နေတဲ့ ချောကလက်တုံးကို ပြန်လည်ရရှိဖို့ အခွင့်အရေး ရခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ချောကလက်ချောင်းတိုင်းမှာ ကုဒ်နံပါတ် တစ်ခုစီ ပါဝင်ပြီး အဲဒီကုဒ်ကို အမှတ်တံဆိပ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ရိုက်ထည့်ခြင်းဖြင့် လျော့နေတဲ့ ချောကလက်တုံးကို သူတို့ကိုယ်တိုင် တောင်းဆိုနိုင် သလို၊ ကိုယ်ချစ်တဲ့သူတွေဆီကို စိတ်ကြိုက်စာတိုလေးနဲ့အတူ ပို့ပေးနိုင် ခဲ့ကြပါတယ်။
.
ရလဒ်အနေနဲ့ လူဦးရေ ငါးသိန်းကျော် ဟာ သူတို့ရဲ့ လျော့နေတဲ့ ချောကလက်တုံးကို ချစ်စဖွယ် မက်ဆေ့ချ်လေးတွေနဲ့အတူ ချစ်ရသူတွေဆီ ပို့ပေးခဲ့ကြပါတယ်။