🌱 ဂေါ်ရခါးသီးတစ်လုံးနဲ့ သဘာဝအတိုင်း သန့်စင်ပြီး မျိုးပွားအပင် ကြီးထွားအောင် ပြုလုပ်ကြည့်ရအောင်နော်! 🌱
- သန့်ရှင်းတဲ့ ရေဖြင့် ဂေါ်ရခါးသီးများကို ပြောင်စင်အောင် ရေဆေးပါ။ ကြီးမားပြီး အသီး ခူးဆွတ်ထားတာ ရက်အနည်းငယ်ကြာနေတဲ့ ဂေါ်ရခါးသီးများကို ရွေးချယ်လိုက်ပါ။ ဂေါ်ရခါးသီးကို ရေထဲမှာ ၂ နာရီလောက် စိမ်ထားပေးရပါမယ်။ ရေစိမ်ပြီးနောက် အသီးများကို ဇစ်အိတ်ထဲထည့်ကာ အစိုဓါတ်ရအောင် ရေအနည်းငယ် ဖြန်းပြီး ဇစ်အိတ်ကို ပိတ်ထားပါ ။ #LGTmyanmar , #BBKmyanmar
.
- ဇစ်အိတ်ထဲ ထည့်ထားတဲ့ ဂေါ်ရခါးသီးတွေကို စက္ကူပုံး ထဲထည့်ထားပြီး ၁ ပတ်ကြာပြီးအောင်ထားပေးရပါမယ်။ တပတ်ကြာတဲ့အခါ အညှောင့်လေးတွေ ပေါက်လာတာတွေ့ရပြပြီ။ ဂေါ်ရခါးသီးစိုက်ပျိုးမယ့် စိုက်ပျိုးမြေမှာ ၆၀% အုန်းဆံမှုန့် ၊ ၁၀% စပါးခွံဖွဲပြာ၊ ၃၀% ကောင်းမွန်တဲ့ နွားချေးမြေဩဇာတွေကို ရောထည့်ပေးပါပြီး ။ ၃ ပတ်ကြာပြီးသွားတဲ့အခါမှာတော့ သင့်ဂေါ်ရခါးသီးကနေ အပင်ငယ်လေးကြီးထွားလာတာကို တွေ့ရမှာပါ။
.
- ၃ လကြာပြီးတဲ့အခါမှာတော့ အရွက်အစုံအလင်နဲ့ ဂေါ်ရခါးပင် ကြီးထွားလာတာကို အံ့သြဖွယ်ရလဒ်အနေနဲ့ မြင်တွေ့ရမှာပါ။
😊 စိုက်ပျိုးရလွယ်ကူပြီး အသီးမှတဆင့် အလွယ်တကူမျိုးပွားနိုင်တဲ့ ဂေါ်ရခါးပင်များကို စိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်