ဗီယက်နမ်မှာ လူကြိုက်များတဲ့ ဂုံး ဘယ်လိုမွေးရသလဲ?



မြန်မာနိုင်ငံမှာ မွေးမြူရေး ပုလဲ ထုတ်လုပ်တဲ့ မုတ်ကောင်တွေကို အောင်အောင်မြင်မြင် မွေးနိုင်ပေမဲ့၊ အသားစား ဂုံးတွေကို မွေးမြူတာမျိုး လုပ်တာ မအောင်မြင်သေးပါဘူး။ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဘယ်လို မွေးမြူနေကြသလဲ ဆိုတာတွေကို မျှဝေပေးချင်ပါတယ်။  #LGTmyanmar , #BBKmyanmar  

 .

ဗီယက်နမ်နိုင်ငံ၏ မြောက်ဘက်အလယ်ပိုင်း၏အစတွင် တည်ရှိသော Tanwa ပြည်နယ်ရှိ ဂုံးမွေးမြူရေးဧရိယာသည် ပင်လယ်စာငါးပုစွန်မွေးမြူရေးလုပ်ငန်းတွင် စုစုပေါင်း စိုက်ပျိုးဧရိယာ ဟက်တာ ၅၀၀ အထိရှိ တဲ့ ကျော်ကြားသောနေရာ တစ်ခုဖြစ်သည်။ ဤ ဂုံးမွေးမြူရေးဧရိယာသည် စံပြအဖြစ် လုပ်ငန်းများလုပ်ဆောင်ရန်  ရွှံ့နုန်းနုန်းချိုင့်ဖြင့် သဘာဝအခြေအနေများစွာရှိသည်။ ပင်လယ်စာဂုံးများသည်  ပင်လယ်တွင်းသဘာဝအလျောက် ကြီးထွားလာပြီး တစ်နှစ်ပတ်လုံး သိုလှောင်ထားပြီး ရိတ်သိမ်းရန်အတွက် စက်များအသုံးပြုပြသည်။  ၁၅ လမှ ၂၀ လ အထိစောင့်ကြည့်ပြီးနောက် ရိတ်သိမ်းကြသည်။ 

.


Harvesting

စက်များဖြင့် ဂုံးများကို ရိတ်သိမ်းခြင်းသည် ကုန်ထုတ်စွမ်းအားကိုလဲ မြှင့်တင်နိုင်ပြီး အလုပ်သမားကုန်ကျ စရိတ်များကိုလဲလျော့ချနိုင်သည်။ စက်များသည် ပန့်များဖိအားဖြင့်  ဂုံးများကို ရိတ်သိမ်းပေးသည်။

.

Pre-Processing

နောက်တစ်ဆင့်မှာတော့ ဂုံးများကို အခွံ၏မျက်နှာပြင်တွင်တွယ်ကပ်နေသော ရွှံ့များကို ဖယ်ရှားဖို့ အတွက်ဂုံးများကိုရေဖြင့်ဆေးကြောပြီး ဂုံးအခွံ့များကို ခွဲထုတ်ရန် ကိရိယာမှတဆင့်ဖြတ်သန်းပါသည်။ ဒီအဆင့်မှာတော့ စီမံဆောင်ရွက်ထားသော ဂုံးများကို အလုပ်သမားများက ဂုံးများကို အရွယ်အစားအလိုက် ခွဲခြားသည်။ ဂုံးများကို ကားများဖြင့် စက်ရုံသို့ ပို့ဆောင်သည်။

.

Washing

ဝန်ထမ်းများသည် ဂုံးများကို လက်ခံရရှိပြီးနောက် စက်ရုံအတွင်းသို့ တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများကို အကဲဖြတ်ကာ ရေကန်ထဲသို့ထည့်ကာ ဂုံးအခွံ့များမှရှိသော ရွှံ့နှင့် အညစ်အကြေးများကို ဖယ်ရှားသည်။ ဂုံးများမှ သဲများကိုဖယ်ရှားရန် လည်ပတ်နေသောရေစနစ်ဖြင့် စိမ်ထားသောရေကန်ထဲသို့ ပစ္စည်းကို လွှဲပြောင်းပေးသည်။ အရည်အသွေးစစ်ဆေးသော ဝန်ထမ်းများသည်  နှစ်နာရီမှ လေးနာရီအကြား ရေစိမ်ပြီးနောက် ဂုံးများကို ထပ်မံ စစ်ဆေးသည်။ 

.


Grading and Cleaning

လုပ်သားများက ကျိုးပဲ့နေသော ဂုံးကောင်များ နှင့် အညိုရောင်ဖြစ်နေသောဂုံးများကို ဖယ်ထုတ်သည်။နောက်တစ်ဆင့်မှာ အခွံများကို သန့်စင်ရန်အတွက် ဂုံးစက်လှောင်အိမ်ထဲသို့ လွှဲပြောင်းပေးပါသည်။ နောက်တစ်ကြိမ် လုပ်ငန်းများကို ထပ်မံစီစစ်သည်။


Weighing, Vacuuming

ဂုံးများကို ကုန်ချောထုတ်မည့်အဆင့်တွင်  ဂုံးများကို အလေးချိန်များချိန်တွယ်ပြီး အိတ်များထဲသို့ ထည့်ပါသည်။ ထို့နောက် တစ်ပိုင်းကုန်ချောပစ္စည်းများကို အိတ်များတွင် လေမခိုစေရန် စက်များဖြင့်ဆက်လက်လုပ်ဆောင်သည်။




.

Cooking And Cooling 

တစ်ပိုင်းကုန်ချောအိတ်တစ်ခုစီကို conveyor belt ပေါ်အညီအမျှဖြန့်ပြီး ချက်ပြုတ်စက်ထဲသို့ထည့်ပါ။ ချက်ပြုတ်ချိန်သည် 15 မိနစ်ခန့်ဖြစ်သည်။

.

Freezing and Packing

ထို့နောက် cooling conveyor belt သို့လွှဲပြောင်းမည်ဖြစ်ပြီး အအေးခံချိန်သည် 5 မိနစ်မှ 10 မိနစ်ဖြစ်သည်။ အအေးခံသည့်အဆင့်ပြီးနောက်  ရေခဲခန်းထဲသို့ လွှဲပြောင်းပေးသည်။ ဤနေရာတွင် ကုန်ချောထုတ်ကုန်များကို အပူချိန် -18 ဒီဂရီဖြင့် အေးခဲထားသည်။  နောက်တစ်အဆင့်မှာ ထုပ်ပိုးသည့် လုပ်ငန်းအဆင့်ဖြစ်သည်။ 

.


.

Storaging

ထုပ်ပိုးပြီးနောက် ကုန်ပစ္စည်းများအား တင်ပို့ရန်အတွက် မတင်ဆောင်မီ  ကွန်တိန်နာများအတွင်းသို့ သယ်ဆောင်သွားမည်ဖြစ်သည်။ စျေကွက်သို့ရောင်းချမည့် ဂုံးများကို  ဓာတ်ခွဲခန်းတွင် နိုင်ငံခြားမှ တိုက်ရိုက် E coli TPC နှင့် salmonella ကဲ့သို့သော ပဋိဇီဝပိုးသတ်ဆေးနှင့် အဏုဇီဝဗေဒဆိုင်ရာ စံနှုန်းများအတွက် စစ်ဆေးသေးသည်။






Previous Post Next Post