TikTok အသုံးပြုပြီး ဒေါ်လာ ၄၀ ရင်းနှီး၍ တစ်နှစ် ၁၂ သန်းထိ ရရှိခဲ့သော အသေးစား လက်ဝတ်ရတနာလုပ်ငန်း (အပိုင်း - ၂)

 




Liv သည် entrepreneurship ကိုစိတ်ဝင်စားသော follower များရရှိခဲ့ပြီး သူမ၏ကြီးထွားနေသော TikTok follower ဟာ DBL jewelry ကိုစိတ်ဝင်စားသောသူများအတွက် ကောင်းမွန်သော လူမှုရေးဆိုင်ရာအထောက်ထားဖြစ်ပါသည်။

အံ့ဩစရာ အကောင်းဆုံးမှာ ဤ follower အုပ်စု သည် Liv ၏ နောက်လုပ်ငန်းအတွက် ပါ customer အရင်းအမြစ် ဖြစ်ခဲ့ပါသည်။ #LGTmyanmar, #BBKmyanmar


ဒါပေမယ့် အဲ့ဒီအကြောင်းကို ခဏနေဆက်ပြောပါမည်။

DBL jewelry ကိုအမြတ်ရစေတဲ့ business ဖြစ်အောင်ကူညီပေးခဲ့သော လေးခုမြောက်နှင့် နောက်ဆုံးဖြစ်သော social media post အကြောင်းကိုပြောရမည်ဖြစ်ပါသည်။ ဤအရာဟာ Liv ရဲ့ ရလဒ်အကောင်းဆုံးဖြစ်သောအရာမှာ TikTok ဖြစ်ပါသည်။


နောက်ဆုံးဖြစ်သော social media post တော့ ကိုယ်အပေါ် ဖောက်ပြန်သွားတဲ့ ကောင်လေးနဲ့ သူရဲ့ ကောင်မလေးသုံးယောက်နာမည်နဲ့ ဆွဲကြိုးလုပ်ပေးဖို့ပါ။ သူ့ရဲ့ကောင်လေးကို နှစ်ပတ်လည်မှာ suprise လုပ်ပေးဖို့ တောင်းဆိုထားတဲ့ customer ပါ။ သူတို့ရဲ့နှစ်ပတ်လည်ရက်မှာ မိသားစုတွေရဲ့ရှေ့မှာ ဖတ်ပြခိုင်းဖို့အတွက်လို့ ပြောပါတယ်။ သူမက ဆွဲကြိုးပေါ်ကစာတွေကို သူအကျယ်ကြီးဖတ်နိုင်အောင် သူ့မိသားစုအရှေ့မှာပေးပါမည်။ သူမဟာ hot girl summer အတွက် လိပ်ပြာဆွဲကြိုးများ နှင့် negative energy ကိုဖယ်ရှားပေးသည့် ကျောက်လက်ကောက် ကိုလည်းဝယ်ယူသွားပါသည်။ သူ့ကောင်လေးရဲ့ reaction ကိုကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဤဗီဒီယိုသည် ယခု ကြည့်ရှုသူ ၁၈.၂ သန်း ရှိပါသည်။



ဒီ video က အငြင်းပွားစရာ video တစ်ပုဒ်ဖြစ်လာပါတယ်။ ဒီအကြောင်းကို အင်တာဗျူးတစ်ခုမှာပြောနေစဉ် နာမည်ကြီးတဲ့ဗီဒီယိုတိုင်းရဲ့ comment မှာအငြင်းပွားမှုများရှိတတ်ကြတယ်လို့ Liv ကပြောပါသည်။ ဒီနေရာမှာအမှန်ပင်ဖြစ်သည်။ သို့သော် DBL jewelry သည် အငြင်းပွားမှုကို အဓိကပြောချင်တာမဟုတ်ပါဘူး။ Liv သည် custom order တစ်ခုကိုဖြည့်ဆည်းပေးရုံသာဖြစ်သော်လည်း custom order ဖြစ်နေသောကြောင့် သူနှင့်တွဲပြီးပါလာသော ဇာတ်လမ်းတစ်ခုရှိနေတာက ထူးခြားသွားစေတာပါ။ အောင်မြင်မှုနှင့် ဆက်စပ်နေသော TikTok ဗီဒီယိုတွေကို ကြ ည့်ခြင်းဖြင့် custom ထုတ်ကုန်များသည် ဇာတ်လမ်းကောင်းများနှင့်တွဲပါလာသည်ကို တွေ့ရပါသည်။ ဇာတ်လမ်းကောင်းများဟာလည်း social media content ကောင်းများကို ပြုလုပ်ပေးပါသည်။



Liv သည်သူမ၏ထုတ်ကုန်များအတွက် social media following ကိုတည်ထောင်ခြင်းတွင်ကျွမ်းကျင်တာပင်မဟုတ်ပါ။

သူ့ကို TikTok မှာ follow လုပ်ထားသော entrepreneur များအတွက်ထုတ်ကုန်များတည်ထောင်ခြင်းအတွက်ရောပါပဲ။ကိုယ်ပိုင်လုပ်ငန်းဖန်တီးချင်သူများကိုသင်ခန်းစာရသော ဗီဒီယိုဇာတ်လမ်းတွဲများလေ့လာရန် Liv သည် Bossology ကိုတည်ထောင်ခဲ့ပါသည်။


Liv ဟာ Livexy ဟုခေါ်သော ကျောင်းသားများကို social media marketing ဗျူဟာများအကြောင်းအခမဲ့သင်ကြားပေးနိုင်မည့် တိုက်ရိုက်ပြသပေးသောသင်တန်း ကိုလည်းထပ်မံဖွင့်လစ်မည်ဟု သူမ၏နှစ်သစ်ကူး Instagram post တွင်ကြေငြာလိုက်ပါသည်။ ၂၀၂၁ တွင်သူမ၏ entrepreneurial အောင်မြင်မှုကြောင့် Forbes magazine ၏ အသက် ၃၀ အောက် အသက်အငယ်ဆုံး millionaire အဖြစ် Liv Portio ဟာနာမည်ပေးခံလိုက်ရပါသည်။


Liv သည် DBL jewelry ကိုအခြေခံမှ တည်ဆောက်လာခြင်းဖြင့် ထိုခေါင်းစဉ်ကိုရရန်ကြိုးစားခဲ့ပါသည်။

သင့်ကိုယ်ပိုင်လုပ်ငန်းစတင်ရန် အဆင်သင့်ဖြစ်သောအခါ shopify.com ကိုသွား၍ ၁၄ ရက် free trial ကိုရယူလိုက်ပါ။

Liv ၏ထုတ်ကုန်များကို dbljewelry.com တွင်ကြည့်ရှုနိုင်ပါသည်။

Previous Post Next Post