10. ဂျင်ဆင်း
ဂျင်ဆင်းရိုင်းများကို ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ရိတ်သိမ်းရန် ၃ နှစ်မှ ၁၂ နှစ်ခန့် အချိန်ယူရသည်။ American ginseng နှင့် Panax ginseng နှစ်မျိုးလုံးကို တိုင်းရင်းဆေးပညာတွင် ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ ယနေ့ခေတ် ဂျင်ဆင်းစိုက်ပျိုးမှုသည် အလွန်အမင်းတိုးတက်လာပြီး၊ ထွက်နှုန်းများ၊ ဂျင်ဆင်း ထုတ်ကုန်များ စျေးကွက်များတွင် ထင်ဟက်လျှက်ရှိသည်။ လက်ရှိတွင် အရည်အသွေး ကောင်းမွန်သော ၈နှစ်မှ ၁၀ နှစ်သား ဂျင်းဆင်နှင့် တူသော တစ်ပေါင်လျှင် ဒေါ်လာ ၈၀၀ သို့မဟုတ် လတ်ဆတ်သောအလေးချိန် တစ်ပေါင်လျှင် ဒေါ်လာ ၂၀၀ အထက်ဖြင့် ရောင်းချလျက်ရှိသည်။ဂျင်ဆင်း တစ်ဧက ပေါင် ၃၀၀ ထွက်ရှိပြီး တစ်ပေါင် $200 နှင့် ရှစ်နှစ်အတွင်း တစ်ဧက ဒေါ်လာ ၆၀,၀၀၀ တန် ဂျင်ဆင်း ထုတ်လုပ်နိုင်ပြီး အမြစ်၊ အစေ့နှင့် အမြစ်များကို ထည့်တွက်ပါက တစ်ဧကလျှင် ဒေါ်လာ ၂၀၀,၀၀၀ အထိ ရွှေ့ပြောင်းနိုင်သည်။ ဂျင်ဆင်းများကို မှန်ကန်သောနေရာဒေသ၊ စိုက်ပျိုးခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်သာ လိုအပ်သောကြောင့် အလွန်အကျိုးအမြတ်ရှိသော သီးနှံဖြစ်သည်။
.
9. Goji ဘယ်ရီသီး
Goji ဘယ်ရီသီးများ အလွန်အာဟာရပြည့်ဝပြီး အိုမင်းရင့်ရော်မှု နှင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်သော အကျိုးကျေးဇူးများပင် ရရှိနိုင်သည်။ ထို့ကြောင့် Goji ဘယ်ရီသီးများကို စူပါအစားစားအဖြစ် သတ်မှတ်ထားကြသည်။ Goji ဘယ်ရီပင်၏ ပုံစံသည် အရွက်မရှိသလောက်ပုံစံနှင့်၊ ဆူးရှိပြီး ကိုင်းများသော ချုံပုတ်ပုံစံများအဖြစ်တွေ့ရမည်။ အမြင့် ၃ပေ မှ ၆ ပေအထိ ကြီးထွားနိုင်သည်။ Goji ဘယ်ရီအပင်များကို တစ်ဧကလျှင် ပေါင် 7,000 အထိ စိုက်ပျိုးနိုင်သည်။ Goji ဘယ်ရီသီးများသည် အဖိုးတန်ဆုံးသီးနှံများဖြစ်သည်။ Goji ဘယ်ရီသီးခြောက်သည် တစ်ပိဿာလျှင် ဒေါ်လာ ၂၀ နှင့်အထက် ရောင်းချနိုင်ပြီး သုံးနှစ်ရိတ်သိမ်းချိန်အတွင်း တစ်ဧကလျှင် ကန်ဒေါ်လာ ၁၄၀၀၀၀ ဖိုးအထိ ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင် အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ၄၆၀၀၀ ခန့် ရရှိသည်။
- .
8. lavender
lavender သည် အလွန်စွယ်စုံရသော အပင်တစ်မျိုးဖြစ်သည်။ Lavender ပန်းပွင့်များကို တိုက်ရိုက် သို့မဟုတ် အခြောက်လှန်း၍ ရောင်းချနိုင်သည်။ Lavender ပန်းခြောက်များကို ပန်းစည်းများ သို့မဟုတ် ပန်းခွေများအဖြစ် ပြုလုပ်ပြီး ရောင်းချနိုင်သည်။ Lavender များကို ဆီများအဖြစ်လဲ သုံးပြုပါသည် ။ lavender များကို ရနံ့ကုထုံး ထုတ်ကုန်များအဖြစ် ဆပ်ပြာနှင့် lotion များကဲ့သို့ အသားအရေထိန်းပစ္စည်းများ၊ နှင့် ဆေးဖက်ဝင်အပင်များ ခေါင်းအုံးများနှင့် ရနံ့ အိတ်များ အဖြစ်လဲ ထုတ်လုပ်ရောင်းချသေးသည်။ Lavender အခြောက်ပန်းစည်းများ ရောင်းချခြင်းသည် အလွယ်ဆုံးနည်းလမ်းဖြစ်သည်။ Lavender တစ်ထုပ်ကို $ 6 မှ $ 13 အကြားမည်သည့်နေရာတွင်မဆိုရောင်းချနိုင်သည်။ တစ်ဧကတွင် လာဗင်ဒါ အစည်း ၁၂၀၀၀ ခန့် ထွက်ရှိနိုင်ပြီး သုံးနှစ်တာ ရိတ်သိမ်းကာလတွင် တစ်ဧကလျှင် ကန်ဒေါ်လာ ၇၂၀၀၀ မှ ၁၅၆၀၀၀ ခန့် တန်ဖိုးရှိကာ တစ်နှစ်လျှင် အကြမ်းဖျင်း ကန်ဒေါ်လာ ၂၄၀၀၀ မှ ၅၂၀၀၀ အထိ ထွက်ရှိသည်။
.
7. ဝါး
ဝါးပင်ကို အစားသုံးနိုင်ရန် အဓိက စိုက်ပျိုးခြင်းမဟုတ်ပါ။ ဝါးပင်သည် များစွာသောထုတ်ကုန်အဖြစ်ပြောင်းလဲခါ ဝင်ငွေရှာနိုင်သည်။ ဝါးပင်သည် အပူပိုင်း ဒေသ အပင်ဖြစ်သော်လဲ တချို့ဝါးပင်မျိုးကွဲများသည် အေးပိုင်ဒေသများတွင်ပေါက်ရောက်နိုင်သေးသည်။ ဝါးပင်သည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားနိုင် သစ်သားပင်များထဲမှ တစ်ခုဖြစ်သည်။ ဂျပန်တွင် ဝါးပင်မျိုးစိတ်တစ်ခု သည် ၂၄ နာရီအတွင်း ၃ ပေလောက်ကြီးထွားနိုင်သည်။ ဝါးပင်သည် စွယ်စုံအပင်ဖြစ်ပြီး အလှဆင်ရန်သာမက အမိုးအကာ များအတွက်ပါအသုံးပြု ရောင်းချနိုင်သည်။ ဝါးပန်းအိုး တစ်ပင် လျှင် ဒေါ်လာ ၁၅၀ ကျော်ပေးရရှိသည်။ ဝါးစိုက်ပျိုးသူများသည် ပုံမှန်စိုက်ခင်းတစ်ခုမှ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀၀၀ ကျော်ရရှိသည်။
.
6. ဂျူးဖူး
ဂျူးဖူး အရွက်များ ဆောင်းရာသီ ကြီးထွားလားပြီး နွေရာသီတွင် ဖူးပွင့်ကြသည်။ ဂျူးဖူးအပွင့် များသည် လွယ်ကူစွာကြီးထွားပြီး ဂရုစိုက်စရာမလိုသောကြောင့် gateway herb ဟု လူသိများသည်။ ဂျူးဖူးပင်သည် အမြတ်အစွန်းများဆုံး သီးနှံ တစ်ခုဖြစ်ရခြင်းမှာ နှစ်စဥ်ဆက်လက် ကြီးထွားသောကြောင့်ဖြစ်သည်။ ဂျူးဖူးသည် ပြည်တွင်း နှင့် နိုင်တစျေးကွက်များတွင် အထူးသဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ဝယ်လိုအားမြင့်မားလျက်ရှိသည်။ တစ်ပေါင်လျှင် ၄ ဒေါ်လာမှ ၈ ဒေါ်လာအထိ မည်သည့်နေရာတွင်မဆို လက်ကားရောင်းချသည်။ ဂျူးဖူးသည် တစ်ဧကလျှင် အကြမ်းဖျင်းအားဖြင့် ပေါင် ၁၆၀၀၀ ခန့်ထွက်နိုင်ပြီး တစ်ဧကလျှင် ကန်ဒေါ်လာ ၆၄၀၀၀ မှ ၁၂၈၀၀၀ အထိ ပေါက်နိုင်သည်။
5. ဝါဆာဘီ
ဆူရှီ တွင်ပါဝင်နေသော ဝါဆာဘီသည် ကျွန်တော်တို့ သိထားသမျှကို လိမ်ညာခြင်းများဖြစ်နေသည်။ အနောက်တိုင်းရှိ ဆူရှီအများစု တွင်ပေးထားသော ဝါဆာဘီသည် ဝါဆာဘီလုံးဝမဟုတ်ပါ။ ဝါဆာဘီအစား ၎င်းသည် မြင်းမုန်ညှင်း၊ မုန်ညင်းနှင့် အစိမ်းရောင်ဆိုးဆေးတို့ ရောစပ်ထားသည်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? ဝါဆာဘီသည် ပင်စည် ၁၀၀ ဂရမ်ကို ဒေါ်လာ ၅၀ ခန့်ကုန်ကျသည်။ လက်ကားဈေးမှာ ဝါဆာဘီတစ်ပေါင်လျှင် ဒေါ်လာ ၇၀ ခန့်ဖြင့် ရောင်းချနေသေးကြသည်။ ထို့အပြင် ဝါဆာဘီ၏ အရသာသည် အလွန်တည်ငြိမ်ပြီး လတ်ဆတ်သော ရှိသောကြောင့် သေချာပြင်ဆင်ထားရန် လိုအပ်ပါသည်။ လတ်ဆတ်သောဝါဆာဘီအစစ်သည် အပင်ကိုအစေ့ထုတ်ပြီးနောက် 15 မိနစ်ခန့် အတွင်း သာအကောင်းဆုံးဖြစ်သည်။ 15 မိနစ်ကျော်သွားလျှင် အရသာမကောင်းတော့ပါ။ ဝါဆာဘီသည် သန့်စင်သော စမ်းချောင်းရေကို နှစ်သက်တာကြောင့် စိုက်ပျိုးရန်ခက်ခဲသည်။ ပိုးမွှားအန္တရာယ်ကြရောက်နိုင်သောကြောင့် ဖန်လုံအိမ်တွင် အမြောက်အမြား စိုက်ပျိုးရန်ခက်ခဲသည်။ ဝါဆာဘီသည် ကမ္ဘာပေါ်တွင် စိုက်ပျိုးရန် အခက်ခဲဆုံး သီးနှံများထဲမှ တစ်ခုဖြစ်သည်။ ဝါဆာဘီ ရိတ်သိမ်းရန် အချိန်နှစ်နှစ်ကြာမြှင့်သည်။ ဝါဆာဘီစိုက်ခင်းတစ်ခုသည် တစ်နှစ်လျှင် တစ်ဧကဒေါ်လာ ၁၂၀,၀၀၀ ဝင်ငွေရှိသည်။