နေရာမယူတဲ့ အော်ဂဲနစ် ပဲပင်ပေါက်ဖောက်နည်း



ပထမဦးဆုံး အဖုံးပါတဲ့ plastic စည်ပိုင်းကို အသုံးပြုဖို့အတွက် ထိပ်ပိုင်းကို ဖြတ်ထုတ်ပြီး ပြန်ဖုံးလို့ ရစေဖို့ နေရာအနည်းငယ်ချန်ထားပါသည်၊ အောက်ဆုံးမှာ ရေစီးဆင်းနိုင်ဖို့ အပေါက်တစ်ခု ဖောက်ပေးပါ။ #LGTmyanmar , #BBKmyanmar






စည်အတွင်းပိုင်းထဲမှာ အထပ်ကလေးတွေ ပြုလုပ်နိုင်ဖို့ ကော်အသုံးပြုပြီး အတုံးသေးလေးတွေကို ကပ်ပါသည်။




ပဲပင်ပေါက်ကို အသီးအရွက်ရေးဆေးတဲ့ ဇကာနဲ့ဖောက်ပါမယ်  ပဲသီစိမ်းကို ရေဆေးပါမယ်။ ပဲစိမ်းကိုဇကာထဲနဲနဲလေးပြည့်သွားရင် ရပါပြီ။ ကျွန်တော်တို့ကတော့ ရေခဲရေနဲ့ ၁ ရက်ရေစိမ်မှာဖြစ်ပါတယ်။ ပဲစိမ်းများပွလာသည်အထိရေစိမ်‌ပေးမှာဖြစ်ပါတယ်။  ၁ ရက် ရေစိမ် ပြီးနောက် ပဲများသည် ၂ဆ လောက် ကြီးလာသည်ကိုတွေ့ရပါမယ်။ ပဲများအားလုံးကို ရေတစ်ခေါက်လောက်ထပ်ဆေးပေးပါမယ်။ ‌





ပဲတီစိမ်း 3kg လောက်ကို ရေခဲနဲ့ ၂၄ နာရီ စိမ်ထားပြီး လင်ပန်းတစ်ခုချင်းစီမှာ ခွဲဝေထည့်ပြီးတာနဲ့ တဘတ်အသေးလေးတွေ အုပ်ပေးထားပြီး အစိုဓာတ် ထိန်းပေးထားပါ။ အပေါ်ကနေရေထပ်ဖြန်းပါသည်။  ပိတ်ကိုအသုံးပြုရမယ်နော်။ ပိတ်ကိုမသုံးပဲနဲ့ ဒီတိုင်းပဲ ပဲစေ့များကိုထည့်းပြီး အဖုံးလေးပဲအုပ်ထားမယ်ဆိုရင် ထွက်လာမည့် ပဲပင်ပေါက်က ပိန်ပိန်ပါးပါး နှင့် မညီမညာ ရလဒ်ပဲရှိပါမည်။ 


ပိတ်စကိုအသုံးမည်ဆိုရင် ပဲများ၏ လုံးပတ်သည် ပိုပြီး ကြီးထွားပါသည်။ ပိတ်အပေါ်မှ ရေတစ်ခါထပ်လောင်းချ‌ပေးပါ။ ထို့နောက် အလင်းမဝင်နိုင်သော အရာများဖြင့်ဖြင့် အုပ်ထားပေးရမှာ ဖြစ်ပါတယ်။ ပထမနေ့မှာတော့ ပဲပင်ပေါက်များ စထွက်နေပါပြီး။ ပဲပင်ပေါက်များသည် အလင်းရောင်များကို ကြောက်ပါသည်။ပလတ်စတစ်ပုံးတွေထဲ အဆင့်ဆင့်ထည့်ပေးပါသည်။ပဲပင်ပေါက်က အမှောင် ကြိုက်နှစ်သက်တဲ့အတွက် အလင်းနည်းတဲ့နေရာမှာ ပိုမိုဖြစ်ထွန်းပါသည်။ 


ထို့နောက် ဒုတိယနေ့မှာတော့ ပဲပင်ပေါက်များ၏ အောက်ခြေတွင် အမြစ်လေးများထွက်လာသည်ကိုတွေ့ပါမည်။ တတိယ နေ့မှာတော့ အမြစ်သည်ရှည်နေပါမည်။ စတုတ္ထမြှောက်နေ့မှာတော့ ပဲစေ့လေးများပျောက်သွားပြီး ပဲပင်ပေါက်များ ကိုစားသုံး ရောင်ချနိုင်သွားပြီး။ နေရောင်လုံးဝပြလို့ မရဘူးနော်။  ပိတ်စအသုံးခြင်းအားသာချက်မှာ ပဲပင်ပေါက်များ အမြစ်များသည် လုံးဝညီညာပေးမည်။


 ရေဖြန်းတဲ့စနစ် အဆင့်ဆင့်ကို video မှာ လေ့လာနိုင်ပါသည်။ 







Previous Post Next Post