နှင်းဆီပန်းအရွက်များကို ကြက်သွန်နီအသုံးပြုပြီး မျိူးပွားခြင်း

 


နှင်းဆီပန်း အရွက်များကို ကြက်သွန်နီအသုံးပြုပြီး မျိူးပွားခြင်း


မိမိ နှစ်သက်ရာ နှင်းဆီတစ်ခတ်ရဲ့ ထိပ်ဆုံးအရွက်ကို ယူ၍ မျိူးပွားနိုင်သည်။   #LGTmyanmar, #BBKmyanmar


ကြက်သွန်နီတစ်လုံးကိုယူပြီး အပိုင်းပိုင်းလှီးဖြတ်‌ပြီး ရေစိမ်ထားပေးပါ။ ရေစိမ်ထားသော ကြက်သွန်နီ ဇလုံထဲသို့ နှင်းဆီးပန်းအရွက်များ ပေါင်းထည့်ပေးပြီး ၁၅ မိနစ်ခန့် နစ်မြုပ်ထားပေးပါ။ ထို့နောက် နှင်းဆီအရွက်များကို ပန်းအိုးထဲ သို့စိုက်ပျိုးပေးပါ။


ရေစိမ်ထားသော ကြက်သွန်နီ ဇလုံထဲမှ ရေများကိုလောင်းထည့်ပေးပါ။ ၁ လခန့်ကြာပြီးနောက် နှင်းဆီအရွက်မှ အမြစ်ထွက်နေသည်ကိုတွေ့ရမည်။  ထို့နောက် မြေစာများကို စပါးခွံ (သို့) အုန်းဆံမှုန့် ထည့်နိုင်ပါတယ်။ ထို့နောက် ရေကို ထပ်မံလောင်းထပ်ပေးပါ။


မကြာခင်တွင် လှပသော နှင်းဆီးပန်းလေးများ  ပွင့်လန်းတော့မည်ဖြစ်ပါသည်။ နှင်းဆီအရွက်ဖြင့် မျိုးပြန့်ပွားသည့်နည်းလမ်းသည် မယုံနိုင်လောက်အောင်ပင် 100% အောင်မြင်မှု ရရှိထားသည်။

Previous Post Next Post