Marketing ဆိုတာကို ၃ မိနစ်နဲ့ လေ့လာကြည့်ပါ

 


မာကတ်တင်း ဆိုတဲ့စာလုံးကို Digital Marketing, Email Marketing, Social Media Marketing စသည်ဖြင့် နေရာတိုင်းမှာ တွေ့နေရပေမယ် သူ့ရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့

#LGTmyanmar , #BBKmyanmar

ဂူဂဲလ်မှာ ရှာကြည့်လိုက်ရင်တော့ မာကတ်တင်း လို့ပြောလိုက်တာနဲ့ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ကိုနားလည်ပြီးတော့ ကိုက်ညီတဲ့ တန်ဖိုးတစ်ခုပေးနိုင်အောင် ဖန်တီးပြီး ထိရောက်စွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပစ်မှတ်ထားတဲ့ ဝယ်ယူသူတွေ သိရှိအောင် ဆောင်ရွက်ပေးရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ မာကတ်တင်းမှာ ဈေးကွက်သုတေသနပြုလုပ်ခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ ကုန်ပစ္စည်းတွေ ဖြန့်ဝေတဲ့ နည်းလမ်း နဲ့ ကြေငြာတာ အရောင်းမြှင့်တင်တာ စတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။

ဝယ်ယူသူတွေ ပူးပေါင်းဆောင်ရွက်မယ့်သူတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးကျေးဇူးရှိစေမယ့် တန်ဖိုးတစ်ခုပါဝင်နေတဲ့ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှု ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း ပြသပေးရတဲ့ ဆောင်ရွက်ချက်တွေလဲ ပါဝင်ပါတယ်။

မာကတ်တင်း ဆိုတာက ဝယ်ယူသူရဲ့  ပြဿနာအတွက်  ရောင်းချသူတွေက အဖြေရှာပေးနိုင်တယ်ဆိုတာကို သိရှိစေဖို့ ဆက်သွယ်ပေးနိုင်တဲ့ နည်းလမ်း တစ်ခုပါ။ကိုယ့်ရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးတွေကို မှန်ကန်ကိုက်ညီတဲ့ သုံးစွဲသူတွေဆီ သိရှိ ရောက်ရှိစေဖို့ သုံးရပါတယ်။

မာကတ်တင်းမှာ Traditional Marketing နဲ့ Modern Marketing ဆိုပြီး နှစ်မျိုးရှိပါတယ်။ Traditional marketing မှာ လမ်းမကြီးဘေးမှာ ထောင်ထားတဲ့ Billboard တွေ  TV ကြေငြာတွေ radio တွေ ပါဝင်ပါတယ်

Traditional Marketing က လူတွေ အများကြီးမြင်ပြီးတော့ အနည်းငယ်လောက်ပဲ ဝယ်ယူဖို့  စိတ်ဝင်စားတဲ့ ကြေငြာနည်းလမ်းဖြစ်ပြီးတော့ အရောင်းအတွက် ထိရောက်တဲ့ နည်းလမ်းမဟုတ်ပေမယ့် ကုန်ပစ္စည်းပေါ် သိသွားစေချင်ရုံသက်သက်ပဲဆိုရင် ဒီနည်းလမ်းက ကောင်းပါတယ်။

လက်ရှိမှာ သုံးနေတုန်းနည်းလမ်းဖြစ်ပေမယ့် ပြဿနာတစ်ခုက ROI တိုင်းမရတာနဲ့ ကိုယ်ရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုနဲ့ သက်ဆိုင်မှုရှိသော ဝယ်ယူသူကိုပဲ သီးသန့် ရွေးချယ်ပြလို့မရနိုင်ပါဘူး။  

ကိုယ်ရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုနဲ့ သက်ဆိုင်မှုရှိသော ဝယ်ယူသူဆီကိုပဲ သီး သန့် ပြသနိုင်တဲ့ နည်းလမ်းက Modern Marketing တစ်ခုဖြစ်တဲ့ Digital Marketing ဖြစ်ပြီတော့ 

Digital Marketing မှာ 

  • Social media
  • SEO 
  • Search engine marketing
  • Email marketing 
  • Affiliate marketing တွေ ပါဝင်ပါတယ်

Previous Post Next Post