ကြက်ရိုးပြုတ်ရည် ပြုလုပ်နည်း
အသားအနည်းငယ်ပါဝင်တဲ့ ကြက်ရင်ပုံရိုး နှင့် တောင်ပံရိုးများ နှင့် အခြား ကြက်ရိုးများကို ရေဆေးကြောသန့်စင် အဆီတွေကို ဖယ်ထုတ်ပြီး ကြက်ရိုးပြုတ်ရည် ပြုလုပ်ပါမယ်။ ပထမအကြိမ် ပွက်ပွက်ဆူလာပြီဆိုရင် ရေတစ်ထပ်ပြန်ဆေးပါ။
#LGTmyanmar, #BBKmyanmar
နောက်ထပ်တစ်ကြိမ် အိုးထဲကို ရေ နှင့်ကြက်ရိုး များကိုထည့်၍ ၁၂ နာရီ ကြာအောင် ပြုတ်ပေးပါ။ ပြုတ်ပြီးသွားရင် အားလုံးကြေမွ အရည်ပျော်သွားပါတယ်။ ထိုကြက်ပြုတ်ရည်များကို ၅၅၀ မီလီတာ ဂျပန်အရက် မြေ သို့ ကြွေအိုး များသို့ ထည့်ပေးပါ။
ကြက်ဆီထမင်းကိုပြင်ဆင်ပါ။
ပေါင်းအိုးထဲမှာ ဆန်နဲ့ ကြက်ပြုတ်ရည် ၅၅၀ မီလီတာထည့်ပီး ထမင်းကိုချက်ပါ ။
Japanese Tare Sauce ဆော့တွင် လိုအပ်သောပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်နှင့်သစ်သီးများ (ကြက်သွန်နီ ၊ နာနတ်သီး၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ဂျင်း ၊ သစ်တော်သီးနဲ့ ရင်ပုံအရိုးတွေကို ကင်ပါ)
- ရေ
- အဆီအနှစ်
- အညိုရောင် သကြား
- ပြောင်းဖူးရည်
- ပဲငံပြာရည်
- ရိုးရာအရက်တို့ကို ရောနှောပြီး 12 နာရီကြာ ချက်ပေးရပါမယ်။
ကြက်သားတွေကို အဆီနဲ့ အသားနဲ့ ခွဲပြီး marinade နဲ့ ရေခဲသေတ္တာထဲထည့်ပြီး နှပ်ပေးပါ။ ကြက်သားတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး Japanese Tare sauce လေးသုတ်ပြီး ကင်ပေးပါ။
ဆော့များကိုပြင်ဆင်မယ်။
- ဂျပန်ပဲပိစပ်ဆော့
- လျှော်ပင်ဆော့
- ငရုတ်သီးစိမ်းဆော့
- ကြက်သွန်ဆော့
- ငရုတ်သီး အနီဆော့ များ
ကြက်အရေခွံကြော် ထမင်း ပြင်ဆင်ခြင်း
ကြက်ဆီထမင်း ကြက်အရေခွံကြော် နှင့် ကြက်သားကြော်များ ကို ပန်းကန်လုံးထည့်ပြီး။ ဂျပန်ပဲပိစပ်ဆော့၊ လျှော်ပင်ဆော့၊ ငရုတ်သီးစိမ်းဆော့၊ ကြက်သွန်ဆော့၊ ငရုတ်သီးအနီဆော့များနှင့် ကြက်ပြုတ်ရည် ဟင်းချိုများကြက်ဥပြုတ် မကျက်တကျက် ၊ ပါးပါးလှီးထားတဲ့ ဂေါ်ဖီထုတ်၊ ရေညှိ ၊ ကို စားပွဲပေါ် တွင်ပြင်ဆင်ပြီးပါက သုံးဆောင်နိုင်ပါပြီ။
ဂျပန်လူမျိုးတွေရဲ့ ပုံမှန်ရိုးရာစားသောက်ကတော့ သောက်စရာဟင်းချို တခွက် နဲ့ ထမင်း၊ နောက်ပြီး အရံဟင်း ၃ ခွက် က ပုံမှန် ဖြစ်ပါတယ်။ ဒီလိုမျိုး ရိုးရာ အစားစာကိုဂျပန်လူမျိုးတွေကတော့ နေ့စဥ်နဲ့အမျှ စားသောက်လေ့ရှိကြပါတယ်။