ခရမ်းချဉ်သီးဆော့စ် ပြုလုပ်ရာတွင်လိုအပ်သောပစ္စည်းများ
- ခရမ်းချဉ်သီး 3kg အလတ်အရွယ်အစား ခန့်မှန်းခြေ (15) လုံး
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း
- ကြက်သွန်နီ (၁)လုံး
- ကြက်သွန်ဖြူ (၃)မွှာ
- ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း
- oregano လက်ဖက်ရည်ဇွန်း (၁)ဇွန်း
- Basil (ပင်စိမ်း ) ၇-၈ ရွက်
- ဟင်းခတ်မှုန့်ထည့်
- သံပုရာရည်/ရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
.#LGTmyanmar, #BBKmyanmar,
ပြုလုပ်ပုံ အဆင့်ဆင့်
- ခရမ်းချဉ်သီးအောက်ခြေကို ပြုတ်ပြီးတဲ့နောက် အခွံချွတ်ရ လွယ်ကူစေဖို့ ကြက်ခြေခတ် X ပုံစံ ဓားအရာပေးပါ။
- ခရမ်းချဉ်သီးများကို စက္ကန့် ၃၀-၆၀ ကြာ ပွက်ပွက်ဆူနေသောရေတွင် ပြုတ်ပေးပါ။
- ခရမ်းချဥ်များကို ပြုတ်ပြီးသွားသည့်အခါ တွင် ရေခဲရေထည့်ထားသော ဇလုံတစ်ခုထဲသို့ လွှဲပြောင်းပါ။ ခရမ်းချဉ်သီးပြုတ်ပြီးနောက် ခရမ်းချဉ်သီးမှအခွံများကိုဖယ်ရှားပေးပါ။
- အညှာရင်းတွေကို ဖယ်ထုတ်ပြီး ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေ လှီးထားပါ။
- သံလွင်ဆီ 2 ဇွန်း ထည့်ပြီးနောက် နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီ ၁ လုံး ထည့်မွှေပါ။
- ရွှေရောင်သန်းလာသည်အထိ မီးနည်းနည်းဖြင့် ကြော်ပေးပါ။ နုတ်နုတ်စင်းထား ကြက်သွန်ဖြူ ၃မွှာ ထပ်ထည့်ပါ။ အတုံးသေးသေးလေးလှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပါ။
- ဆား ၁ ဇွန်း ၊ oregano ၁ ဇွန်း ညှပ်ထားတဲ့ Basil (ပင်စိမ်း) ၇-၈ ရွက် ထည့်ပေးပါ။
- အနေတော် မီးအပူချိန် ညှိနှိုင်းပြီး မိနစ် 60-90 ကြာ လိုချင်တဲ့ အနေထားရောက်တဲ့ထိ ချက်ပေးပါ။ မကြာခဏမွှေပေးပါ။ လိုအပ်သလို အရသာ ထပ်ထည့်နိုင်ပါတယ်။
- နောက်ဆုံးမှာ သံပုရာရည် (သို့) ရှာလကာရည် ၂ ဇွန်း ထပ်ပြီး မွှေပေးပါ။
အနှစ် ပျစ်ပျစ်အနေအထားကို လိုချင်တယ်ဆိုရင်တော့ blender အကူအညီနဲ့ အနှစ်အဖြစ် ပြုလုပ်နိုင်ပါတယ်။
လေလုံ ဖန်ပုလင်း တွေကို အသုံးပြုပြီး ရောင်းချနိုင်သလို အဖုံးဖွင့်ပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် တပတ်ကျော် ထားနိုင်ပါတယ်။