ရိတ်သိမ်းပြီ သီးနှံတွေက လူသားတွေအတွက် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပေးနိုင်ပြီး ရိတ်သိမ်းပြီ;တဲ့အခါ ပါလာတဲ့ ပိုးမွှားတွေ ဖုန်နဲ့ မြေကြီးတွေ ပါဝင်လာနိုင်တဲ့အတွက် စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်စေပြီး အာဟာရပြည့်ဝတဲ့ သီးနှံတွေ ဖြစ်စေဖို့ ရိတ်သိမ်းချိန်လွန် နည်းပညာကို အသုံးပြုရပါတယ်.
- ပိုးမွားသန့်စင်ခြင်း
- ထုတ်ကုန် တန်ဖိုး မြှင့်တင်ခြင်း
- မူလ အရည်အသွေး ပြောင်းလဲမှုမရှိပဲ ရေရှည်ထားနိုင်မယ် သက်တမ်း စတဲ့ အကျိုးရလဒ်တွေ ရရှိပါတယ်။
ပထမအဆင့် အဓိကဆောင်ရွက်ရတဲ့ process တွေကတော့
- အရွယ်အစားစီခြင်းနှင့် အရည်အသွေးခွဲခြင်း
- ရေဆေးခြင်း
- ရင့်မှည့်လာစေခြင်း
- ပေါင်းခံခြင်း
- ဘက်တီးရီးယားများ ကြီးထွားမှုကို ဟန့်တားခြင်း
အရွယ်အစားစီခြင်းနှင့် အရည်အသွေးခွဲခြင်း
အရွယ်အစားတွေကို အပြင်ပန်း အမြင်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြင်း၊ အလေးချိန်၊ အရွယ်အစား၊ ပုံစံ၊ သိပ်သည်းမှု၊ ဈေးကွက် အခြေအနေပေါ်မူတည်ပြီး ခွဲပါတယ်
အရွယ်အစားခွဲပြီးပြီး ဆိုရင် အရည်အသွေးကောင်းမွန်မှုပေါ်မူတည်ပြီး ပြန်ခွဲပါတယ်။
ရေ နှင့် သန့်စင်ခြင်း
အညစ်အကြေးတွေ ဖယ်ရှားဖို့အတွက်
- ရေစိမ်ခြင်း
- ရေဖြန်းခြင်း
- လေမှုတ်ခြင်း နည်းတွေသုံး ပါတယ်။
ဟင်းသီးဟင်းရွက်များကို ပိုးသတ်ရန်အတွက် ပိုတက်ဆီယမ် ပါမန်ဂနိတ် (သို့) ဆိုဒီယမ် ဟိုက်ပိုကလိုရိုက် (0.1%) ကို အပျော့စားအရည်ဖြင့် စိမ်ထားသည်။
compressed air or a force pump or propeller-type equipment တွေကို အသုံးပြုပြီး ရေဆေးပါတယ်။ ရေအားကောင်းကောင်းနဲ့ ရေဖြန်းပြီး ဖြန်းဆေးပေးတဲ့ နည်းလမ်းကတော့ အထိရောက်ဆုံးနည်းလမ်းပါ။
ရင့်မှည့်လာစေခြင်း
သင်္ဘောသီး ၊ ငှက်ပျောသီး ၊ ကီဝီ၊ သရက်သီး ၊ ဖရဲသီး ၊ သစ်တော်သီး ၊ မက်မွန် စတဲ့ ခူးလိုက်တာနဲ့ မြန်မြန်မှည့်တက်တဲ့ အသီးတွေမှာ ရင့်မှည့်မှုကို ထိန်သိမ်းခြင်း အဆင့် လိုအပ်ပါတယ်။
Ethylene treatment ကို အသုံးပြုခြင်းဖြင့် တညီတည်း ရင့်မှည်လာအောင် ပြုလုပ်နိုင်ပါတယ်။ ရင့်မှည့်လာစေဖို့ အကောင်းဆုံး အပူချိန်က 15 - 25 ˙C ဖြစ်ပြီး အပူချိန် ပိုမြင့်လေ ရင့်မှည့်တာ ပိုမြန်လေ ဖြစ်ပါတယ်။
ရင့်မှည့်မှု အဆင့်မှာ စိုထိုင်းမှု ပမာဏ (RH) ကို ၉၀% ကနေ ၉၅ % အတွင်းသာ ဖြစ်အောင် ထိန်းပေးထားသင့်ပါတယ်။ ရင့်မှည့်ခြင်း စတင်လာစေဖို့ Ethylene 10 ppm ဆိုလုံလောက်ပါတယ်။ Ethylene က ရင့်မှည့်မှု မြန်ဆန်တာကိုလဲ ထိန်းပေးထားနိုင်ပါတယ်
ရေနွေးပေါင်းခံခြင်း
အခြောက်ခံတာ အအေးခံတာတွေမလုပ်ခင် mild heat treatment လုပ်ပေးရပါတယ် ။
mild heat treatment ဆိုတာကတော့ သီးနှံတွေ ပုပ်သွားစေမယ် polyphenol phenol oxidase (PPO), pectin methyl esterase (PME) and polygalacturonate (PG) စတဲ့ သီးနှံထဲမှာ ရှိတဲ့ ဒီလို enzymes တွေအလုပ်မလုပ်စေဖို့ အပူပေးရတဲ့ အဆင့်ပါ။
PPO က သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် အညိုရောင်သန်းလာစေပြီး အနံ ဆိုးတာတွေ ဖြစ်စေပါတယ်။ PPO သည် အနံ့ထွက်ခြင်း၊ အနံ့ထွက်ခြင်း ၊ ဖီနိုလစ်ဒြပ်ပေါင်းတွေဖြစ်တဲ့ မကောင်းတဲ့ catechin၊ gallic acid၊ chlorogenic acid နှင့် caffeic acids တို့ကို ဓာတ်တိုးစေပါသည်။
နမူနာအနေနဲ့ အာလူးကို လှီးလိုက်တဲ့အခါ polyphenol oxide enzyme အလုပ်လုပ်လာပြီး အချိန်ကြာသွားတဲ့ အခါ အညိုရောင် သန်းသွားပါတယ်။ အဲဒီလို မဖြစ်အောင် Blanching အဆင့်ကို ဆောင်ရွက်ပေးရပါတယ်
အသီးအနှံများကို ပွက်ပွက်ဆူနေသောရေ သို့မဟုတ် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းခံပြီးတာနဲ့ အအေးခံပေးရပါတယ်။
အသေးစားလုပ်ငန်းတွေ ဆိုရင်တော့ အပေါက်ပါတဲ့ ဇာကာစစ်တွေနဲ့ ၂ မိနစ် ကနေ ၅ မိနစ်အတွင်း အပူချိန် 80 - 85˙C ကြား အပူပေးပါတယ်၊ Microwave ကိုလဲ အသုံးပြုကြပါတယ်
ဒီအဆင့်ကိုတော့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် အမျိုးအစား သက်ဆိုင်ရာ အင်ဇိုင်းတွေနဲ့ ရိတ်သိမ်းခူးဆွတ်ထားတဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ရတဲ့ ကြာချိန်နဲ့ အပူချိန် အမျိုးမျိုး ရှိပါတယ်။
အရွယ်အစား လျော့ချခြင်း
အရွယ်အစား လျော့ချခြင်း အဆင့်မှာ အခွံခွာခြင်း၊အူတိုင်ဖယ်ထုတ်ခြင်း အရွယ်အစားလျော့ချခြင်း တွေ ပါဝင်ပါတယ်။ အခွံခွာခြင်းအဆင့်မှာ မလိုအပ်တဲ့ အပိုင်းတွေ ဖယ်ထုတ်ပြီး အသီးအနှံတွေ ရဲ့ အမြင်လှစေဖို့ အခွံခွာတဲ့ peeler တွေ အသုံးပြုပါတယ်။
- အူတိုင်ဖယ်ထုတ်ဖို့အတွက် အူတိုင်ဖယ်ထုတ်တဲ့ အတံလေးတွေကို သုံးပါတယ်
- ကောက်ပဲသီးနှံ တွေ နဲ့ အခွံခွာရတာ ခက်ခဲတဲ့ သီးနှံတွေအတွက် Flash peeling
- ရှောက် သံပရာ လို အသီးနှံတွေအတွက် Knife peeling
- အာလူးလိုအသီးတွေတွက် Abrasion peeling
- အစိတ်လိုက် စားသုံးနိုင်တဲ့အသီးတွေအတွက် Caustic peeling
- ကြက်သွန်မျိုးနွယ်တွေအတွက် Flame peeling
ဒုတိယအဆင့်မှာ အဓိကဆောင်ရွက်ရတဲ့ process တွေကတော့
တာရှည်ခံအောင်ပြုလုပ်ခြင်း
တာရှည်ခံစေဖို့နှင့် ထုတ်ကုန်အရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်း အဆင့် နည်းလမ်းတွေ အမျိုးမျိုး ရှိတဲ့ထဲက
အခြောက်ခံခြင်း
အခြောက်ခံခြင်းမှာ ရေပါဝင်မှု ကို ဖယ်ထုတ်ခြင်း ရေပါဝင်မှု လျော့ချခြင်း ပါဝင်ပါတယ်။ အခြောက်ခံခြင်း- ရောဂါပိုးမွှားများကြီးထွားမှုကို ဟန့်တားရန် အစားအစာမှ အစိုဓာတ်ကို ဖယ်ရှားပေးသည်။
ဥပမာ- စပျစ်သီး နှင့် apricots ကဲ့သို့သော သစ်သီးခြောက်များ။ ရေပါဝင်မှုကို လျှော့ချခြင်းဖြင့် ဤအစားအစာများသည် ပုပ်သိုးပျက်စီးနိုင်ခြေနည်းလာပြီး သယ်ယူရာတွင် ပိုမိုပေါ့ပါးလာပါသည်။
Canning
မှိုနဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားနိုင်ဖို့ cans ထဲထည့်ပြီး အပူပေးတဲ့ စနစ်ကို သုံးပါတယ် ။
နမူနာအနေနဲ့ စည်သွတ်ခရမ်းချဉ်သီး။ အပူကုသမှုနှင့် လေလုံအောင်ပိတ်ခြင်းဖြင့် ရေခဲသေတ္တာမပါပဲ ကြာရှည်ခံပါတယ်။
အချဉ်တည်ခြင်း
ရှာလကာရည်၊ ဆားနဲ့ ဆီတစ်မျိုးမျိုးကို အသုံးပြုပြီး PH level လျောချပြီးတော့ လေနဲ့ ထိတွေမှုမရှိပဲ ဆောင်ရွက်ခြင်း ပါတယ်
အချဉ်တည်ခြင်း - ရှာလကာရည် သို့မဟုတ် ဆားရည်ထဲတွင် နှစ်မြှုပ်ခြင်းဖြင့် အစားအစာကို ထိန်းသိမ်းကာ အက်စစ်ဓာတ်ရှိသော ပတ်ဝန်းကျင်က ရောဂါပိုးမွှားများ ကြီးထွားမှုကို ဟန့်တားသည်။
ဥပမာ- သခွားသီးချဉ်။ အချဉ်ဓာတ်နှင့် အောက်ဆီဂျင်ချို့တဲ့ခြင်းက သခွားသီးကို ထူးထူးခြားခြား အချဉ်အရသာရရှိစေပြီး သခွားသီးကို ထိန်းသိမ်းပေးသည်။
အချဉ်ဖောက်ခြင်း
အကျိုးပြုဘက်တီးရီးယား သို့မဟုတ် တဆေးကို အသုံးပြုပြီး သကြားကနေ အစားအစာကို ရေရှည်ခံအောင် ထိန်းသိမ်းပေးနိုင်တယ့် အက်ဆစ်၊ ဓာတ်ငွေ့ သို့မဟုတ် alcohol အဖြစ် သို့ ပြောင်းလဲသည်။
ဥပမာ- ဂေါ်ဖီထုပ်ကို lactic acid ထုတ်ပေးသည့် lactic acid ဘက်တီးရီးယားများဖြင့် အချဉ်ဖောက်ထားပြီး ထုတ်ကုန်၏ အချဉ်အရသာကို ထိန်းပေးသည်။
အေးခဲခြင်း
အပူချိန်ကို လျှော့ချခြင်းဖြင့် အင်ဇိုင်းလုပ်ဆောင်ချက်နှင့် ရောဂါပိုးမွှားများ ကြီးထွားမှုကို နှေးကွေးစေသည်။
ဥပမာ- အေးခဲထားသောပဲစေ့များ။ လျင်မြန်စွာအေးခဲခြင်းသည် ပဲစေ့များ၏ အာဟာရပါဝင်မှုနှင့် အသွင်အပြင်ကို ထိန်းသိမ်းကာ ၎င်းတို့၏ သက်တမ်းကို တိုးစေသည်။
ဆားရည်စိမ်ခြင်း
ရေပါဝင်မှုကို လျော့ချခြင်းဖြင့် ဘက်တီးရီးယားပိုးမွှားများ မပေါက်ဖွားအောင်တားဆီးပြီး အစားအစာများမှ အစိုဓာတ်ကို ထုတ်ယူရန် ဆားကို အသုံးပြုကာ ဘက်တီးရီးယားပိုးမွှားများကြီထွားမှုကို ဟန့်တားပေးသော ပတ်ဝန်းကျင်ကို ဖန်တီးပါတယ်။
ဥပမာ- ငါးဆားနယ်။ ဆားသည် ရောဂါပိုးမွှားများကြီးထွားမှုကို ဟန့်တားပေးပြီး အနံ့အရသာကိုလည်း မြှင့်တင်ပေးနိုင်သည်။
သီးနှံတွေကို နည်းအမျိုးမျိုးသုံးပြီး တန်ဖိုးမြှင့် ထုတ်ကုန် များ ဖန်တီးပြီး power , fruit concentrate , Juice , Jam အဖြစ် ထုတ်လုပ်နိုင်ပါတယ်။
နောက်ဆုံး အဆင့် packaging မှာ ၃ ပိုင်းရှိပါတယ်
Raw material ၊ ဖြတ်တောက်ထားတဲ့ အသီးအနှံများကို ထုတ်ပိုးခြင်း၊ နောက်ဆုံး ရောင်းချမယ် ထုတ်ကုန်တွေကို ထုတ်ပိုးခြင်းဆိုပြီး 3 ပိုင်းပါဝင်ပါတယ်။
ကြိုတင်အအေးခံခြင်းနည်းပညာ
• ကြိုတင်အအေးခံခြင်းသည် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ သက်တမ်းကို တာရှည်စေခြင်း၊ အပူချိန်လျော့ခြင်းဖြင့် နှင့် ဇီဝဖြစ်စဉ်ကို နှေးကွေးအောင်လုပ်ဆောင်နိုင်တာကြောင့် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါသည်။
•ဒီအဆင့်က ရိတ်သိမ်းပြီး အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ အပူချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းရဲ့ ပထမအဆင့်ဖြစ်ပါတယ်၊
• အချိန်နှင့် အပူချိန် စီမံခန့်ခွဲခြင်းက ကြိုတင်အအေးခံခြင်း၏ အရေးကြီးဆုံး အင်္ဂါရပ်နှစ်ခု ဖြစ်သည်။
သီးနှံတွေ အအေးဓာတ်ရရှိမှုနှုန်းက အအေးဓာတ်နဲ့ မြန်မြန် များများ ထိတွေနိုင်မှု အပူချိန် ဒီဂရီ လျော့ချနိုင်မှု လေဝင်လေထွက် Refrigerating ရဲ့ အမျိုးအစား တွေပေါ်မူတည်ပါတယ်
Precooling ပြုလုပ်ခြင်းဖြင့်
ပုတ်သိုးစေသော အဏုဇီဝပိုးများ ကြီးထွားမှုကို ဟန့်တားခြင်း
အပူချိန်နိမ့်သော အပူချိန်သည် ပုပ်သိုးပျက်စီးစေသည့် ဘက်တီးရီးယားများ၊ မှိုများနှင့် အခြားရောဂါပိုးများ ပေါက်ပွားမှုကို နှေးကွေးစေသည်။ အင်ဇိုင်းထုတ်လုပ်မှုကို နှေးကွေးစေတာကြောင့် မြန်မြန်ဆန်ဆန် ပုတ်တာကို ကာကွယ်နိုင်ပါတယ်
ရေဆုံးရှုံးမှုကို ဟန့်တားခြင်း-
ကြိုတင်အအေးခံခြင်းက အသီးအနှံများ ရေဓာတ်ဆုံးရှုံးသွားသည့် ဖြစ်စဉ်ကို လျှော့ချရန် ကူညီပေးသည်။ ၎င်းသည် အလေးချိန်နှင့် အသွင်အပြင်ကို ထိန်းသိမ်းရန်အတွက် အရေးကြီးပါသည်။
Ethylene ထုတ်လုပ်မှုကို လျှော့ချခြင်း
Ethylene သည် ရင့်မှည့်ခြင်းနှင့် အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးသည့် သဘာဝအပင်ဟော်မုန်းဖြစ်သည်။ လျင်မြန်စွာ အအေးခံခြင်းသည် အီသလင်းထုတ်လုပ်မှုနှင့် လုပ်ဆောင်ချက်ကို နှေးကွေးစေပြီး ပန်းသီးနှင့် ငှက်ပျောသီးကဲ့သို့ အသီးများ၏ ရင့်မှည့်ခြင်းကို နှောင့်နှေးစေပါသည်။
Precooling ပြုလုပ်ရင် အရေးကြီးတာတွေက
ရိတ်သိမ်းပြီးတာနဲ့ အအေးခံတဲ့ အဆင့် ရောက်ရှိတဲ့အထိ ကြားထဲက အပူချိန်က အရေးကြီးပါတယ်။
ဇီဝဖြစ်စဉ်အပေါ် လွှမ်းမိုးမှု- မြန်မြန် အအေးပေးခြင်းသည် ဇီဝဖြစ်စဉ်လုပ်ဆောင်မှုကို လျော့နည်းစေပြီး အရည်အသွေးကို ထိန်းသိမ်းကာ ထုတ်ကုန်များ၏ သိုလှောင်မှုသက်တမ်းကို သက်တမ်းရှည်စေပါတယ်
Ethylene ပေါ်တွင် လျင်မြန်စွာ အအေးခံခြင်း၏ အကျိုးသက်ရောက်မှုများ-
အပူချိန် အမြန်လျှော့ချခြင်းသည် အီသလင်း၏ ပေါင်းစပ်မှု လျော့နည်းစေပြီး ရင့်မှည့်ခြင်းလုပ်ငန်းစဉ်ကို
နှေးကွေးစေပါသည်။
နမူနာ Precooling အပူချိန်များ
စပျစ်သီး 1-4 C
အာလူး 5 - 9 degree Celsius
သရက်သီး ခရမ်းချဉ်သီး ငှက်ပျောသီး - 10 degree Celsius အထက်
လိမ္မော်သီး စပျစ်သီး ခရမ်းချဉ်သီး ပဲ ရုံးပတီသီး ဟင်းနုနယ် စတဲ့ ဟင်းသီး ဟင်းရွက်တွေ ကို မြန်မြန် အအေးခံပေးရပါတယ်
Precooling methods များ
- Room Cooling
- Forced air Cooling
- Ice Cooling
- Hydro cooling
- Vacuum Cooling
- Cryogenic Cooling
- Evaporative Cooling
အခန်းတွင်း အအေးခံခြင်း
• အအေးသိုလှောင်ခန်း သို့မဟုတ် အအေးခန်းတွင် ကြိုတင်အအေးခံခြင်းသည် ရှေးရိုးစွဲအလေ့အကျင့်တစ်ခုဖြစ်သည်။
ဤတွင်၊ ထုတ်ကုန်များကို လေအေးနှင့် ထိတွေ့သော အအေးခန်းတစ်ခုထဲသို့ သေတ္တာများ၊ အစုလိုက် ကွန်တိန်နာများ သို့မဟုတ် အခြားအထုပ်အပိုးအမျိုးမျိုးတွင် ထားရှိထားပါသည်။
• သတ်မှတ်ထားသော အစိုဓာတ်ထက် ကျော်လို့မရတဲ့ ထုတ်ကုန်များတွေ အတွက် သင့်လျော်ပါတယ်။
Forced air Cooling
ရိတ်ပြီးပြီးချင်း အပူကို အမြန်ဖယ်ရှားရန်အတွက် အသုံးပြုသည်။
စနစ်တကျထပ်စီထားတဲ့ ထုတ်ပိုးထားသော အသီးအနှံများ သို့ ခြင်းများထဲထည့်ပြီး ထပ်စီထားတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်များကို လေအေးပေးတဲ့ စနစ်ကို သုံးပါတယ်
force air cooling ရဲ့ အဓိက အချက်ကတော့ လေအေးတွေကို ထည့်ထားတဲ့ container တစ်ခုချင်းစီကို လေရောက်အောင်ပေးတာဖြစ်ပါတယ်
စနစ်တကျထပ်စီထားတဲ့ ထုတ်ပိုးထားသော အသီးအနှံများတွေ ထည့်ထားတဲ့ container တွေက လေဝင်လေထွက်ကောင်းမွန်ပြီး container တွေကို ထုတ်ပိုးတဲ့ နည်းစနစ်နဲ့ လေဝင်လေထွက် ရရှိစေဖို့ အပေါက်ရဲ့ အရွယ်အစားကလဲ အရေးကြီးပါတယ်။
လယ်ယာထွက်ကုန်တွေကို အေးခဲစေဖို Force Air Cooling အမျိုးမျိုးရှိပါတယ်။
အအေးခန်းထဲမှာ မြင့်မားတဲ့ အရှိန်နဲ့ အခန်းတွင်း လေကို ပျံ့နှံ့စေသော စနစ် ကို သုံးပါတယ်။
လယ်ယာထွက်ကုန်တွေကို အလျားလိုက် လေအေးပေးစနစ် မှာဆိုရင် လေတွေက ဘယ်ကနေ ညာ ကို သွားပြီးတော့ ဘယ်အစ ကနေ ညာအဆုံးထိ လေ ဝင်လေထွက် ရှိစေဖို့ အဖွင့် ဖြစ်နေရပါမယ်။
လယ်ယာထွက်ကုန်တွေကို ဒေါင်လိုက် လေအေးပေးစနစ် မှာဆိုရင် လေတွေက ထိပ်ဆုံးကနေ အောက်ဆုံးထိ သွားပြီးတော့ လေမထွက်စေဖို့ ဘေးဘက်တွေက အပိတ်ဖြစ်နေရပါမယ်။
ရေနှင့်အအေးခံခြင်း
ရေနဲ့ အအေးခံ တဲ့ အခါ ရေစိမ်ခြင်း သို့ ရေဖြန်းစနစ်ပါဝင်ပါတယ်။ အအေးခန်းထဲ ထည့်ခြင်းထက် ပိုပြီး ဈေးကြီးပါတယ်။ ရေနဲ့ အအေးခံတာဖြစ်လို့ အညစ်အကြေးတွေကို သန့်စင်သွားစေပါတယ်။ အရိုး အရွက်များတဲ့ အသီးအနှံများ အတွက် ဒီစနစ်ကို အသုံးပြုနိုင်ပါတယ်
evaporator က လာတဲ့ ရေအေးတွေက တဆင့် အပေါက်လေးတွေ ပါတဲ့ သတ္တုပြားကနေတဆင့် ရေတွေကို ဖြန်းပေးပါတယ် ရွေလျား စနစ်ပါတဲ့ စက်တွေကို အသုံးပြုသလို တစ်နေရာထဲမှာ ရေအေးပေးတဲ့ စက်တွေကိုလဲ အသုံးပြုနိုင်ပါတယ် ရေထဲမှာ နစ်မြုပ်နိုင်ပြီး အအေးခံတာက shower coolers ထက် အအေးရရှိတာ ပိုနှေးပါတယ်
Ice Cooling
သေးငယ်တဲ့ ရေခဲတုံးတွေ သို့ အမှုန်လေးတွေကို အသုံးပြု ပြီး ထုပ်ပိုးထားတဲ့ ထွက်ကုန်တွေကို ရေနဲ့ ရေခဲ လောင်းချပြီး လိုနေတဲ့ နေရာလေးတွေမှာ အေးခဲစေပါတယ် ။
Vacuum Cooling
အမြန်ဆုံးအေးခဲဖို့ လိုအပ်တဲ့ သစ်သီးဝလံတွေအတွက် Vacuum Cooling ကို သုံးပါတယ်။ ထုတ်ကုန် ဆီက ရတဲ့ အစိုဓာတ်ကို ရေငွေ့ပြန်စေခြင်းက နေ Vacuum Cooling ရရှိပါတယ်။ လေဖိအားကို လျောချလိုက်မယ်ဆိုရင် နိမ်တဲ့ အပူချိန်မှာ ရေဆူပါတယ်။ ရေဆူပြီး အငွေ့ပြန် စေခြင်းဖြင့် အေးစေတဲ့ နည်းလမ်းကို သုံး ပါတယ်
- လေဖိအား 1013 mbr မှာ 100 degree C မှာ ရေဆူပါတယ်။
- လေဖိအား 23.37 mbr မှာ 20 degree C ဆို ရင် ရေဆူပါတယ်
- လေဖိအား 6.09 mbr မှာဆိုရင် 0 degree C မှာ ရေဆူပါတယ်
အရည်ကနေ အငွေ့ပြောင်းသွားပြီဆိုရင် ထုတ်ကုန်ရဲ့ အပူချိန်ကလဲ လျော့သွားပါတယ် ။ 20 mbr လောက် ထားလိုက်မယ်ဆိုရင် vacuum ခန်းထဲက လေဖိအား လျောကျသွားတာကြောင့် တဖြည်းဖြည်း အငွေ့ပြန်ပြီး အေးလာပါတယ် ။
ရေခဲမှတ်မှာ အအေးခံခြင်း
အပူချိန် - 196 C မှာ Liquid nitrogen မှာ အငွေ့ပြန်ပြီး နှင့် 78 C မှာ အငွေ့ပြန်ပါတယ် ။
အငွေ့ပြန်နေတဲ့ Liquid nitrogen ထဲကို ဖြတ်ပြီးတော့ အအေးခံပါတယ်။ အငွေ့ပြန်နှုန်းနဲ့ conveyor ရဲ့ အမြန်နှုန်းပေါ်မူတည်ပြီး အအေးလွန်တာကို ကာကွယ်နိုင်တယ်။ တပ်ဆင်ရတာ ဈေးသက်သာမေယ့် အသုံးပြုရတာ ဈေးကြီးပါတယ်။ ရာသီပေါ်သီးနှ့တွေ အတွက်ပဲ သုံးသင့်တယ်။
Evaporative Cooling
အပူချိန်ကို လျော့ချခြင်းဖြင့် ဈေးသက်သာပြီး ထိရောက်တဲ့ နည်းလမ်း စိုထိုင်းဆ နည်းတဲ့ နေရာတွေမှာသုံး ပါတယ်။ လေပူတွေက စိုစွတ်သော pad သို့ ရေမှုန်လေးတွေက ကနေတဆင့် ဖြတ်ပြီးသွားတဲ့ အခါ အငွေ့ပြန် အပူကို စုပ်ပေးနိုင်လို့ ထုတ်ကုန်တွေကို အအေးဓာတ်ပေးပါတယ်။ ဝင်လာတဲ့ လေက 65 ရာခိုင်နှုန်းထက် နိမ့်မှသာ 5 to 8 ˙C ထိ အပူချိန်လျော့သွားမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းကို နွေးတဲ့ အပူချိန်ကို လိုအပ်တဲ့ 7 to 12 ˙C ကို ကြိုက်တဲ့ ခရမ်းချဉ်သီး သခွားသီး ခရမ်းသီး ငရုတ်ကောင်း တွေ အတွက် သုံးနိုင်ပါတယ်။