စီပွားဖြစ် ကွတ်ကီ;ပြုလုပ်နည်း

ကိုယ်တိုင်လဲ လတ်လတ်ဆတ်ဆတ်စားလို့ရမှာဖြစ်သလို စီပွားဖြစ်လဲ လုပ်ရောင်းလို့ရပါတယ်

 #LGTMyanmar, #BBKMyanmar

ကွတ်ကီးပြုလုပ်ဖို့ လိုအပ်သော ပစ္စည်းများ

  1. ကြက်ဥ  - ၁ လုံး
  2. နွားနို့   -  ၅၀ ဂရမ်
  3. ဆား လက်ဖက်စားဇွန်း   -  ၁ ဇွန်း
  4. မုန့်ဖုတ်ဆော်ဒါမှုန့် လက်ဖက်စားဇွန်း   -  ၁ ဇွန်း 
  5. ပြောင်ဖူးမှုန့်    -  ၃၀ ဂရမ်
  6. သကြား    -  ၁၅၀ ဂရမ်
  7. ဆီ    -  ၅၀ ဂရမ်
  8. ဂျုံမှုန့်   -  ၂၅၀ ဂရမ်


 ကွတ်ကီးပြုလုပ်နည်း

  • ကြက်ဥ ( ၁ ) လုံး၊ နွားနို့ ( ၅၀) ဂရမ်၊ ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း၊ မုန့်ဖုတ်ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း ထည့်ပြီးနောက် မွှေပေးပါ။
  • နောက်ထပ် ပြောင်ဖူးမှုန့် (၃၀) ဂရမ်၊ သကြား (၁၅၀)ဂရမ် ထည့်ပီးရင် ထပ်ပီးမွှေပေးပါ။
  • ထို့နောက် မုန့်သားကို ပွပွလေးဖြစ်အောင် ဆီ (၅၀) ဂရမ် ထည့်ရပါမယ်။
  • နောက်ထပ်  ဂျုံမှုန့်  ၂၅၀ ဂရမ် ထည့်ပြီးနောက် လက်ဖြင့် နယ်လိုက်တဲ့အခါမှာ မုန့်သား မာခဲခဲလေး ရရှိသွားမှာဖြစ်ပါတယ်။
  • မုန့်သားမာမာလေးရရှိသွားရင် ကွတ်ကီးပုံစံခွက်ထဲကို မုန့်သားများထည့်ပြီး အဆင်သင့်ပြင်ထားပါ။ ထို့နောက် မုန့်ဖုတ်စက်ထဲထည့်ပီး အပူချိန် ၁၅၀ စင်တီဂရိတ်ဖြင့် မုန့်ဖုတ်ပေးပါ ။
  •  မိနစ် ၃၀ ကြာပြီးနောက်မှာ ကြွပ်ကြွပ်ရွရွနဲ့ စားလို့ရတဲ့ ကွတ်ကီးလေး ရရှိပါပြီ။
  

Previous Post Next Post