မင်္ဂလာပါ။
သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် အိုင်တီ (I.T. / Information Technology) ခေါ် သတင်း အချက်အလက် နည်းပညာ သည် လူသားများ အားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်လာပြီ ဖြစ်သည်။ ယခုခေတ်၏ "အ-၃လုံး" ဟုပင် တင်စား ခေါ်ကြသည့် အင်္ဂလိပ်စာ+ အိုင်တီ+ အင်တာနက် တို့ ၃ ခုသည် ယခုခေတ် လူသားတိုင်းအတွက် မတတ်၍ မဖြစ်တော့သည့် မဖြစ်မနေ သင်ကြားရမည့် ကိစ္စများ ဖြစ်လာသည်ကို လက်တွေ့ သိရှိလာကြပြီ ဖြစ်သည်။
.
နိုင်ငံတိုင်း အနေဖြင့် အများပြည်သူသည် ဤနည်းပညာခေတ်ပြောင်း တော်လှန်ရေးကို အမှီ မလိုက်နိုင်လျှင်၊ယင်း အ-၃လုံး ကို မသင်ကြား မတတ်မြောက်လျှင် #ခေတ်သစ်ကိုလိုနီစနစ် ဖြင့် #ခေတ်သစ်ကျွန်နိုင်ငံ တစ်ခု ဖြစ်သွားနိုင်သည်ဟု ရေးသား သတိပေးနေသူများ ရှိသလို၊ အေအိုင် ခေတ်ကို အမီမလိုက်နိုင်လျှင် နောက်ဆုံးရထားထွက်သွားသကဲ့သို့ နိုင်ငံနှင့်ချီ၍ ကျန်ရစ်ခဲ့မည့် အန္တရာယ်ဆိုးကြီးလည်း ဖြစ်နေသည်ဟုလည်း သတိပေးနေသူများ ရှိနေသနေ။
.
အိုင်တီ နည်းပညာများကို အသုံးပြု၍ မိမိတို့ အသီးသီး၏ လုပ်ငန်းဆောင်တာများ ပိုမို လျှင်မြန် ထက်မြက် လာစေရေးအတွက် ယင်း အင်္ဂလိပ်စာ+ အိုင်တီ+ အင်တာနက် ဘာသာရပ်များကို လက်လှမ်းမီမီ အသုံးပြု ခွင့်၊ လေ့လာသင်ကြားခွင့်၊ အသုံးချခွင့် ရရှိရန်မှာလည်း အခြေခံကျကျ ကိစ္စတစ်ခု ဖြစ်လာပြန်သည်။
.
သို့ပါ၍ နိုင်ငံတကာတွင် အသုံးပြုနေသည့် နည်းပညာများ၊ စီးပွားရေးအခွင့်အလမ်း အသစ်များ၊ စွန့်ဦးတီထွင်မှုများနှင့် စိုက်ပျိုးရေးနည်းပညာများကို မြန်မာ ပြည်သူများ လက်လှမ်း မီစေရန် ပေါင်းကူးပေးသည့် ဤအစီအစဉ်ကို တင်ဆက်လိုက်ပါသည်။
https://msme.shwe.net/search/label/infotech