#ဆိတ် အများကြီးကို သူများတွေ ဘယ်လိုမွေးကြသလဲ လေ့လာရအောင်...


ဆိတ်၊ #သိုး၊ #ကြက် #မွေးမြူရေး ခြံ ပိုင်ရှင်များအတွက် အကောင်းဆုံးနည်းလမ်းတွေနဲ့ ကြိုဆိုပါရစေ။ 

ဆိတ်တွေရဲ့ သဘာဝက တစ်နေ့တာအစ လယ်ကွင်းသို့မသွားမှီ   ပထမဆုံး အစာစားရတာကို နှစ်သက်ကြပါတယ်။ ကျွန်တော် တို့ နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ဖြတ်သန်းပြီး Value Farm တွင် ယနေ့ဖြစ်ပျက်နေသည့်အရာများကို တင်ဆက်ပါတော့မယ်။ #LGTmyanmar, #BBKmyanmar

 

မနက်ခင်း ပုံမှန် အလေ့အထများ

 အထီးတွေ ကတော့   အရွက်မျိုးစုံ  စားခြင်းကို နှစ်သက်ကြသည်။  ဆိတ်ကျန်းမာရေးအတွက် သန့်ရှင်းသော ရေတိုက်ဘို့ကလည်း အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ဤနေရာတွင် သိုးနှင့်ဆိတ်များကို အတူတကွ ထားရှိသည်ကို သတိပြုမိပေမည်။ ဆိတ်အထီး တွေ  အားလုံးက ဒီဘက်ခြံ ထဲ မှာ  ထိန်းသိမ်းထားပြီး အမများက အပြင်တွင် ရှိနေသည်။ ကျွန်တော် တို့၏ 

လုပ်ထုံးလုပ်နည်းက မျိုးပွားမှုသံသရာကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် အထီး/အမ ခွဲခြားထားပါသည်။  ဆိတ်သားပေါက်များသည် မိခင်နှင့် အတူ သွားလာ စားသောက်ခွင့် ရခြင်းသည် ၎င်းတို့၏  ကျန်းမာ ရေးအတွက် အထောက်အကူ ပြုစေပါသည်။   


 အစာကျွေးခြင်းဆိုင်ရာ အလေ့အထများ

 - ကျွန်တော်တို့၏ ဆိတ် များကို ငှက်ပျောရွက်များနှင့် မြက် ကျွေးပါသည်။ မျှတသော အစားအသောက်ကို ရရှိစေရန် အရေးကြီးပါသည်။ ကျွန်တော်တို့၏ ခြံသည် ဆိတ်များ သွားလာရန် အန္တရာယ်မရှိဘဲ လွတ်လွတ်လပ်လပ် ဘေးကင်းစွာ ကျက်စားနိုင်သော ပတ်ဝန်းကျင် ရှိအောင် ကာရံထားပါသည်။


ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း

- ကျွန်တော် တို့သည် မွေးမြူးရေးခြံ အတွင်း သန့်ရှင်းမှုကို တင်းကြပ်စွာ ထိန်းသိမ်းထားပြီး ၎င်းတို့ကို အမြဲသေချာစွာ ဆေးကြောသန့်စင်ထားပါသည်။ မိုးရာသီတွင် တိရစ္ဆာန်များ ကျန်းမာနေစေရန် ကျွန်ုပ်တို့၏ သန့်ရှင်းရေး အချိန်ဇယားကိုလည်း ပြောင်းလဲရလေ့ ရှိပါသည်။

- လယ်ကွင်းအနောက်ဖက် မြေနိမ့်ပိုင်းတွင် ဘဲငန်း နှင့် ဂီနီငှက်များ၊ ကြက်များ စုဝေးလေ့ရှိသည်။  လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားစေပြီး အစားစာကိုတော့  ဖွဲနုနှင့် ပြောင်းဖူးကွဲတို့ကို ရောနှောကျွေးမွေးပါသည်။ 


ဆိတ်များနှင့် အတူ #ယုန် မွေးမြူခြင်း

- ယုန်များသည် အစေ့အဆန်များနှင့် လတ်ဆတ်သော မြက်များ စားရခြင်းကို ကြိုက်နှစ်သက် ကြသည်။ ကျွန်တော် တို့သည် ၎င်းတို့၏ လှောင်အိမ်များကို သေသေချာချာ ထိန်းသိမ်းထားပြီး သန့်ရှင်းမှုနှင့် လေ၀င် လေထွက်ကောင်းစေရန် အရေးကြီးပါသည်။ ယုန်များ၏ အညစ်ကြေးများကို အလိုအလျောက်  စနစ်ဖြင့် သိမ်းဆည်းပြီး အလွန်ကောင်းသော #မြေဩဇာ အဖြစ်  ပြန်လည် အသုံးပြုပါသည်။


ဆိတ်များနှင့် အတူ #ငန်း မွေးမြူခြင်း

ကျွန်ုပ်တို့၏ ငန်းများသည် မွေးမြူရေးခြံ၏ လုံခြုံရေး အစောင့်များအဖြစ် တာဝန်ယူပေးသည်မှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ မွေးမြူရေးခြံအတွက် အစောင့် တာဝန် ယူပေးကြပါသည်။ ဤသို့ ငန်းမွေးမြူခြင်းသည် အလုပ်ရှုပ် သက်သာပြီး၊ ထိန်းသိမ်းစရာ တာဝန်နည်းသောကြောင့်  လွန်စွာ အကျိုး ဖြစ်ထွန်းသည့် မွေးမြူရေး လုပ်ငန်းတစ်ခု ဖြစ်သည်။  အချိန်တိုအတွင်း ငန်း အရေအတွက်လည်း တိုးပွားလာသည်ကို တွေ့ရပါလိမ့်မည်။


Supported by: #sa4dmm

Previous Post Next Post