ပဲငံပြာရည် ထုတ်လုပ်နည်း အဆင့်ဆင့်


ခေတ်မီ စက်ရုံတစ်ခုတွင် #ပဲငံပြာရည် ထုတ်လုပ်ပုံ အဆင့်ဆင့်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ပဲပိစပ် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် မှစတင်၍ ပဲငံပြာရည်ကို မည်သို့ပြုလုပ်သည် ဒီဗီဒီယိုမှာ တွေ့ကြရမှာ ဖြစ်ပါတယ်၊ ခေတ်မီစိုက်ပျိုးရေး နှင့် ခေတ်ဟောင်း ရိုးရာ နည်းပညာများ ပေါင်းစပ်မှုက စိတ်ဝင်စားဘို့ ကောင်းပါတယ်။  #LGTmyanmar  #BBKmyanmar

_____

သမိုင်းကြောင်း

အကောင်းဆုံး ပဲငံပြာရည် တွေကတ‌တော့ ဂျပန်နဲ့ တရုတ် နိုင်ငံတွေမှာ ထွက်ရှိ ပါတယ်။ ပဲငံပြာရည် ချက်လုပ်သည့်ပ်ငန်း မှာ နှစ်ရာချီ ရှိခဲ့သော ရိုးရာဓလေ့ လုပ်ငန်းဖြစ်ပါတယ်။ 

ပဲပိစပ်သည် ရှေးခေတ် တရုတ်လူမျိုးများ၏ အစားအစာဖြစ်ပြီး၊ အချို့က ဆေးဝါးအဖြစ် သုံးစွဲကြသည်။ နှစ်တစ်ရာခန့်က  တရုတ်လူမျိုးများသည် ပဲပိစပ်ပင်များ ကို တစ်နိုင်တပိုင် စိုက်ပျိုးကြလာကြသည်။ မကြာမှီတွင် ကမ္ဘာ့နိုင်ငံများတွင် ဤစွယ်စုံရအပင်၏ ကောင်းကျိုးများကို ရှာဖွေတွေ့ရှိတော့မည် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲပိစပ် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ ပဲပိစပ် ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းကျော် ကို တရုတ်နိုင်ငံမှ နှစ်စဉ် တင်ပို့လျက်ရှိသည်။ 

 

အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပိစပ်သည် ပရိုတင်းဓာတ် အများဆုံးပါဝင်ပြီး စျေးသက်သာပီး ဈေးသက်သာသည့် ပရိုတင်းဓာတ်ကောင်းတစ်ခုဖြစ်သည်။  

Soybeans, raw
Sources: USDA
Amount Per 100 grams
  • Calories 446
  • Total Fat 20 g 30% % of Daily Value*
  • Saturated fat 2.9 g 14%
  • Cholesterol 0 mg 0%
  • Sodium 2 mg 0%
  • Potassium 1,797 mg 51%
  • Total Carbohydrate 30 g 10%
  • Dietary fiber 9 g 36%
  • Sugar 7 g
  • Protein 36 g 72%
  • Vitamin C 10% Calcium 27%
  • Iron 87% Vitamin D 0%
  • Vitamin B6 20% Cobalamin 0%
  • Magnesium 70%  


 

ပဲငံပြာရည် ချက်လုပ်နည်း

  1. ပဲပိစပ်၊ ဂျုံ၊ ဆား နှင့် ရေ တို့ ပါဝင်သည့် အဓိက ပါဝင်ပစ္စည်း လေးမျိုးကို စုဆောင်းပါ။ ပဲငံပြာရည်ထုတ်လုပ်ရန်အတွက် ကျွမ်းကျင်လုပ်သားများသည် လယ်ကွင်းများမှ ပဲပိစပ်များကို ဂရုတစိုက်ရွေးချယ်ကြသည်။  လက်ဖြင့်ရိတ်သိမ်းခြင်းနည်းလမ်းဖြင့် အရည်သွေးကောင်းသော ပဲပိစပ်များကို ရှိစေနိုင်သည်။ 
  2. ပထမဦးစွာ ပဲပိစပ်များ သန့်စင်ပြီး နှင့် ရေနွေးဖြင့်ပြုတ်ပါ။ သို့မဟုတ် ပေါင်းပါ။
  3. ပဲပိစပ် ပမာဏနှင့် ဆတူ ဂျုံ ပမာဏကို လှော်လိုက်ပါ။ အချို့က ဂျုံ ၆၀% အထိတောင် ထည့်တတ်ကြပါသည်။
  4. လှော်ထားသည့် ဂျုံနှင့် ပေါင်းထားသည့် ပဲပိစပ် နှစ်ခုလုံးကို  ကြေညက်သွားအောင် ကြိတ်ပေးပါ။ 
  5. အရေးအကြီးဆုံး အပိုင်းကတော့- ပဲပိစပ် များကို သစ်သားဗန်းများပေါ်မှာ ဖြန့်ပြီး လေလုံတဲ့ သီးသန့်အချဉ်ဖောက်အခန်းထဲမှာ  ၂ ရက်မှ ၃ ရက်အထိ ထားရပါသည်။ ယင်းအခန်းကို အပြင်လေ မဝင်အောင် ပိတ်ထား ရပါသည်။
  6. ပြီးလျှင် ယင်းကြိတ်ဖတ်များကို ဆားနဲ့ ရေရောပြီး၊ ကစီဓာတ် ထဲတွင်ပါဝင်နေသော  အချိုဓာတ် များကို ချေဖျက်ဘို့အတွက် enzymes လို့ခေါ် တဆေး များရောပြီး စည်ပိုင်းများထဲ ထည့်သိမ်းပြီး နှပ်ထားကြရပါသည်။ ထုတ်လုပ်သူအပေါ် မူတည်ပြီး အချို့က လနှင့်ချီပြီး ထားသလို၊ အချို့က နှစ်နဲ့ချီပြီး ကစော် ဖောက်ထားလေ့ ရှိပါသည်။  တဆေး အမျိုးပေါ် မူတည်ပီး ပဲငံပြာရည် အရသာ အပြောင်းအလှဲဖြစ်စေနိုင်သည်။ မှိုနှင့် ဘက်တီးရီးယားများ၏ အကူအညီဖြင့် အချဉ်ပေါက် လာပါလိမ့်မယ်။ အချဉ်ပေါက်သည့်ကာလအတွင်း၊ ကစီဓာတ်များမှ ပါဝင်နေသော သကြားဓာတ်များ၊ ပရိုတင်းတွင်ပါဝင်နေသော  အမိုင်နိုအက်ဆစ် ဖယ်ရှားပီး ဆီများကို ဖက်တီးအက်ဆစ် သို့ ခွဲသွားပါသည်။
  7. ပဲငံပြာရည် ထုတ်လုပ်တော့မည့် အခါမှ စည်ပိုင်းထဲမှ ပဲပိစပ် ကြိတ်ဖတ်များကို အရည် အထပ်ထပ် ညှစ်ထုတ်ရပါသည်။ 
  8. ညှစ်အပြီးမှာ ဗူးထဲပြီး ရောင်းလို့ရတဲ့ ပဲငံပြာရည်ကို ရရှိပါပြီ။


https://shwe.net/info/agriculture/2024-06/122784.html

Previous Post Next Post