အလှပြင်ပညာရှင်တွေအတွက် ဖောက်သည်အသစ်တွေ ပိုရလာစေမယ့် ကိုယ်တွေ့ဗျူဟာများ




ဒါကတော့ အလှပြင်ပညာရှင်တွေအတွက် ဖောက်သည်အသစ်တွေ ပိုရလာစေမယ့် Chanel ရဲ့ ကိုယ်တွေ့ဗျူဟာ (Strategy) တွေ ဖြစ်ပါတယ်။ #LGTmyanmar,  #BBKmyanmar

သူမဟာ Houston မြို့သစ်ကို ဖောက်သည်တစ်ယောက်မှမရှိဘဲ ပြောင်းရွှေ့လာခဲ့ပေမဲ့ ၉ လအတွင်း ဒေါ်လာ ၂ သိန်းခွဲနီးပါး ဝင်ငွေရအောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။


၁။ Content တည်ဆောက်ခြင်း 

အလှပြင်လုပ်ငန်းမှာ ကိုယ်တိုင်လုပ်ထားတဲ့ ရလဒ်တွေက သက်သေပါပဲ။

  • သက်သေပြပါ: ကိုယ်လုပ်ထားတဲ့ ဆံပင်ပုံစံ၊ အလှပြင်ထားတဲ့ ပုံတွေကို ပြနိုင်ဖို့လိုပါတယ်။

  • သင်ယူပါ: သူမကိုယ်တိုင်လည်း အစမှာ Content ရိုက်ရတာ အခက်တွေ့ခဲ့ပါတယ်။ ဒါကြောင့် ကင်မရာထောင့် (Angles) တွေနဲ့ ဓာတ်ပုံရိုက်နည်း သင်တန်းတွေတက်ပြီး သေချာပြင်ဆင်ခဲ့ပါတယ်။ Content ကောင်းမှ လူတွေက ယုံကြည်မှာပါ။

၂။ Model များဖြင့် ဈေးလျှော့ပေး၍ အစပြုခြင်း 

ဖောက်သည်အသစ် လုံးဝမရှိသေးရင် အရင်ဆုံး မိသားစုနဲ့ သူငယ်ချင်းတွေကို အခမဲ့ လုပ်ပေးပါ။

  • အဲဒီနောက်မှာတော့ Model တွေခေါ်ပြီး ပစ္စည်းဖိုးပဲယူတာမျိုး ဒါမှမဟုတ် ဈေးအများကြီး လျှော့ပေးတာမျိုးလုပ်ပြီး Content ရအောင်ယူပါ။

  • Review ယူပါ: Google မှာ Review ရေးခိုင်းတာမျိုး၊ ဗီဒီယိုနဲ့ Review ပေးခိုင်းတာမျိုးက ယုံကြည်မှုအတွက်ပါ အရမ်းအရေးကြီးပါတယ်။

၃။ ဆိုရှယ်မီဒီယာပေါ်တွင် ကြော်ငြာခြင်း

Algorithm (စနစ်) ကိုပဲ ထိုင်စောင့်မနေပါနဲ့။ ကြော်ငြာ (Ads) အတွက် ပိုက်ဆံအနည်းငယ် သုံးရပါမယ်။

  • သူမရဲ့ နည်းလမ်းကတော့ "Lead Ads" ကို သုံးတာပါ။ သူမဟာ ဖောက်သည်တစ်ယောက်ရဖို့ ကြော်ငြာခ $၁ နဲ့ $၂ ကြားပဲ ကုန်ကျပါတယ်။

  • ကြော်ငြာခြင်းက သင့်ကို Follow မလုပ်ထားတဲ့သူတွေဆီကိုပါ တိုက်ရိုက်ရောက်သွားစေလို့ အချိန်တိုအတွင်း ဖောက်သည်ရလွယ်ပါတယ်။

၄။ Google Review ယူခြင်း၏ အရေးပါပုံ (Getting Google Reviews)

ဖောက်သည်တွေဆီက Review ကောင်းကောင်းရခြင်းက သင့်လုပ်ငန်းကို ခိုင်မာစေပါတယ်။ Review တွေ များလေလေ လူတွေက ဈေးကြီးပေးရရင်တောင် သင့်ဆီမှာ ယုံယုံကြည်ကြည် လာလုပ်လေလေပါပဲ။ (သူမရဲ့ ဝန်ဆောင်မှုတွေဟာ $၅၀၀ မှ $၁၀၀၀ ကြားရှိပေမဲ့ အမြဲတမ်း လူပြည့်နေပါတယ်)။

၅။ CRM စနစ်ကို အသုံးပြုခြင်း 

ကြော်ငြာကနေ ဖောက်သည်တွေ အများကြီး စုံစမ်းလာတဲ့အခါ ကိုယ်တိုင် တစ်ယောက်ချင်းစီ လိုက်စာပြန်ဖို့ မလွယ်ပါဘူး။

  • Automations: သူမက CRM စနစ်ကို သုံးပြီး AI နဲ့ အလိုအလျောက် စာပြန်ခိုင်းပါတယ်။

  • ဖောက်သည်က ရက်ချိန်း (Booking) ယူလိုက်တာနဲ့ ဆိုင်လိပ်စာပို့တာ၊ ရက်ချိန်းနီးရင် သတိပေးစာ (Reminder) ပို့တာတွေကို စနစ်က အလိုအလျောက် လုပ်ပေးသွားတာမို့ အချိန်ကုန်သက်သာစေပါတယ်။

Bonus ၁ - Influencers များနှင့် ချိတ်ဆက်ခြင်း

Followers များတဲ့သူတွေကို ဈေးလျှော့ပေးပြီး ဝန်ဆောင်မှုပေးပါ။ အပြန်အလှန်အနေနဲ့ Content ရိုက်ခွင့်တောင်းပါ။ ဒါကနေတစ်ဆင့် သူတို့ရဲ့ Followers တွေက သင့်ဆီကို ရောက်လာပါလိမ့်မယ်။

.

Bonus ၂ - အရောင်းလမ်းကြောင်း တည်ဆောက်ခြင်း

ဝန်ဆောင်မှုတစ်ခုချင်းစီအတွက် သီးသန့်စာမျက်နှာ (Landing Page) ထားရှိပါ။

  • အဲဒီစာမျက်နှာမှာ Review များ၊ ဈေးနှုန်းများ၊ ဗီဒီယိုများကို တစ်ခါတည်း ပြထားပါ။ ဖောက်သည်က ဒွိဟဖြစ်စရာမလိုတော့ဘဲ ချက်ချင်း Booking တင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

Previous Post Next Post