ပဒေသာ – ရေကြီးမှုမှ သည်‌ ကောင်းမွန်သော အနာဂတ် မြေဆီလွှာဆီသို့


ကျွန်မတို့ ဘားအံမြို့မှာဆိုရင်  ၃နှစ် တကြိမ် ၄ နှစ် တကြိမ် ရေအကြီးဆုံး အချိန်တွေလည်း ရှိတယ်။ ပြီးတော့ နှစ်တိုင်း မှာလည်း ရေကြီးတဲ့ နေရာတွေရှိတယ်ပေါ့နော်။ အဲ့လိုရေကြီးတဲ့အခါမျိုးမှာ သဲနှုန်းမြေတွေ တင်ကျန်ခဲ့တယ် ရေကျသွားတဲ့အချိန်မှာ… လူသွားလူလာလမ်းတွေ အများသူများ အပန်းဖြေတဲ့နေရာမျိုးတွေ စင်္ကြာလျှောက်တဲ့ နေရာမျိုးတွေမှာ သဲနှုန်းမြေတွေက ၃ ပေ ၄ပေလောက်အထိ မြှင့်တက်နေတယ်ပေါ့နော်။ အဲ့ဒီဟာတွေကို နှစ်တိုင်း ရှင်းလင်းရေး လုပ်ရပါတယ်။ 

.

သဲနှုန်းမြေတွေကို ဖယ်ရှားဖို့အတွက်ဆိုရင် ဒေသကလည်း ကုန်ကျစရိတ်ရှိတယ်။ ဒီဟာတွေကို လုပ်ဖို့အတွက် အချိန်အတိုင်းအတာ တခုအထိ ယူရတယ်ပေ့ါနော်။ ဒီရေကြီးရေလျှံဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ပေါ့နော်။ နောက်ဆက်တွဲ လုပ်ပေးလို့နိုင်တဲ့ အရာတွေကို LGT program နဲ့ ပူးပေါင်းပြီး စဥ်းစားခဲ့တယ်။ ကျွန်မတို့ ‌‌ဒေသအတွက် ဘာလုပ်ပေးလို့ ရလဲ ဘယ်လိုဖြေရှင်းရင် ပိုပြီးတော့ အကျိုးရှိမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်။ ကျွန်မတို့က ဒီသဲနှုန်းမြေတွေက မြေသြဇာအဖြစ် သုံးစွဲလို့ ရတယ်။ အပင်တွေ စိုက်ပျိုးရင် အဆင်ပြေတယ် မြေဆီလွှာမှာ မြေသြဇာကုန်ခမ်းနေတဲ့ နေရာတွေမှာဆိုရင် ဒါတွေ အသုံးချလို့ ရတယ်ဆိုတာကို သိရှိခဲ့တယ်။ 

.

အဲ့ဒီ့အချိန်မှာပဲ ဒီသဲနှုန်းမြေ ပဒေသာလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တယ်။ လုပ်ကိုင်တဲ့နေရာမှာ ‌ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့လည်း လုပ်ခဲ့တယ်။ အဲ့ဒီလုပ်ငန်းကို ထူထောင်နိုင်ဖို့အတွက်ကလည်း ဒီ LGT program ကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ UPP ကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ပေါင်းစပ်ပြီးတဲ့အခါကျတော့မှ စတင် လုပ်ဆောင်နိုင်ခဲ့တာပါ။ အဲ့ဒီလုပ်ဖြစ်ခဲ့တဲ့ နေရာမှာ နည်းပညာလိုအပ်ချက်တွေ နောက်ပြီးတဲ့အခါကြတော့ လုပ်နည်းတွေ သဲနှုန်းမြေဖြစ်ပေါ်လာဖို့ အတွက် အစိတ်အပိုင်းအားလုံးကို ဆွေးနွေးခဲ့ပြီး အတူတူကြိုးစားခဲ့ကြတယ် ။ 

.

ဒီလိုလိုမျိုးတစိုက်မတ်မတ်နှင့် သတ်မှတ်ထားတဲ့ အချိန်အတိုင်း နည်းလမ်းအတိုင်း နည်းပညာအတိုင်းကို ကြိုးစားပြီး လုပ်ကိုင်ခဲ့တဲ့အချိန်မှာ ကျွန်မတို့ အခု ပဒေသာ ကိုယ်ပိုင်တံဆိပ်နှင့် မြေသြဇာအိတ်တွေလည်း စတင်ပြီးတော့ ထုတ်လုပ်နေပြီးပေါ့နော်။ ထုတ်လုပ်တဲ့အချိန်မှာ အရမ်း၀မ်းသာမိတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတဲ့အခါ အချောထုတ်ကုန်တခုအတွက် ကျွန်မတို့ ဒေသမှာ ထုတ်နိုင်သွားပြီးပေါ့နော်။ ထပ်ပြီးတော့ ဒီလိုမျိုးလည်းပဲ တခြား တန်ဖိုးမြှင့်ထုတ်ကုန်တွေလည်း အများကြီး ထုတ်နိုင်ဖို့ အတွက်လည်း မျှော်လင့်တယ်ပေါ့နော်။

.

သဲနှုန်းမြေသြဇာက ဒေသခံတွေကို ပိုပြီးတော့ အကျိုးပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ကျွန်မတို့ ဒေသမှာက မြေဆီလွှာ ပျက်စီးတာနဲ့ မြေသြဇာမကောင်းတဲ့ မြေတွေရှိတာ များတယ်။ အဲ့ဒီအတွက်ကြောင့်မို့ သဘာ၀ကို အခြေခံတဲ့ မြေသြဇာကို သုံးပြီးတဲ့ အခါကျတော့မှ ငွေကြေးအားဖြင့်လည်း သက်သာပါတယ်။ ဘာကြောင့်သက်သာသလဲလို့ ပြောရတယ်ဆိုရင် ဒီပုလဲ မြေသြဇာတွေဆိုတာ ၁ ပတ်တခါ ၁၅ရက်တခါ ဖြန်းနေရတာ... တခါဖြန်းရုံနဲ့လည်း မပြီးဘူးပေါ့နော်။ သဘာ၀ကို အခြေခံတဲ့ ဒီသဲနှုန်းမြေသြဇာက ဒီလိုမျိုး စရိတ်တွေ မရှိတဲ့အတွက်ကြောင့်မို့ ဂရုတစိုက်နဲ့ပေါ့နော်။ ဆက်ပြီးတော့ ထိန်းသိမ်းသွားမယ်ဆိုရင် သူရဲ့ မြေသြဇာတခုတင်မကဘူး သူနဲ့ ထိစပ်တဲ့ ဘေးပတ်၀န်းကျင်က မြေသြဇာတွေကိုပါ လိုက်ကောင်းနိုင်တယ်။ ဓာတုကင်းစင်တဲ့အတွက်ကြောင့်မို့ မြေဆီလွှာကို အကျိုးပြုတဲ့ ပိုးမွှားလေးတွေကလည်း ပေါက်ဖွားမှုနှုန်း ကောင်းလာတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ side effect တွေလည်း တော်တော်လေးကို လျှော့သွားတယ်။ 

.

ဒီသဲနှုန်းမြေသြဇာကို အခြေခံပြီးတဲ့အခါကျတော့မှ ကျွန်မတို့ သီးနှံစိုက်ပျိုးမှုတွေ လုပ်တယ်။ ပန်းအလှပျိုးပင်တွေ နှစ်ရှည်ပင်တွေ သီးပင်စားပင်တွေကိုပေါ့နော်။ ဆက်လက်ပြီးတော့ ထုတ်လုပ်ရောင်းချသွားမယ့် ပဒေသာစိုက်ပျိုးခြံလေး ပေါ့နော်။ အဲ့ဒိဟာလည်း ကျွန်မတို့ ထပ်လုပ်နေပါတယ်။ ကျွန်မတို့က ဆေးဖက်၀င်တဲ့ အပင်တွေကိုလည်း ဦးစားပေးပြီးတော့ စိုက်တယ်။ ဆေးဖက်၀င်တဲ့ အပင်တွေကနေပြီးတော့မှ ထွက်ပေါ်လာအခါကျရင် ကျွန်မတို့က စားသုံးကုန်ပစ္စည်းပေါ့နော်။ သဘာ၀ကို အခြေခံပြီးတော့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ တန်ဖိုးမြှင့်ပစ္စည်း ဆေးဘက်၀င်အစားစားတွေကို ကျွန်မတို့ ထုတ်လုပ်ဖို့အထိ အစီအစဥ်ဆွဲထားပါတယ်။

#LGTmyanmar, #BBKmyanmar 

Previous Post Next Post