အုန်းသီးခွံများကို တန်ဖိုးရှိသော မီးသွေး ထုတ်ပုံ

သစ်ပင်တွေအစား အုန်းခွံတွေကနေ မီးသွေးပြုလုပ်ဖို့ သူ့ရဲ့နည်းလမ်းကို လနဲ့ချီပြီး စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။ #LGTmyanmar , #BBKmyanmar

.

သစ်တောပြုန်းတီးမှုနဲ့ ရွှံ့မြေပြိုမှုရဲ့ ဆက်စပ်မှု

အလ်ဟာဂျီနေထိုင်တဲ့ ဆီရာလီယွန် ရဲ့ တစ်စိတ်တစ်ပိုင်းဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် ၅ ခုအတွင်းမှာ သစ်တောဖုံးလွှမ်းဧရိယာ ၇၀% ဆုံးရှုံးခဲ့ပါတယ်။ သစ်တောပြုန်းတီးရတဲ့ အကြောင်းရင်းတစ်ခုကတော့ လူတွေဟာ သူတို့ရဲ့မီးဖိုတွေအတွက် သစ်ပင်တွေကို ခုတ်လှဲကြလို့ပါပဲ။ ပိုမိုပြင်းထန်လာတဲ့ မုန်တိုင်းတွေအတွင်း မြေကြီးကို မြဲမြံစွာ ထိန်းထားဖို့အတွက် သစ်ပင်အမြစ်တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။

အဲဒီဖြစ်ရပ်မတိုင်ခင် ဆယ်စုနှစ်အတွင်းက အာဖရိကမှာ ရွှံ့မြေပြိုကျမှုကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့ပြီးပြီ။ "ရွှံ့မြေပြိုကျမှုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက သစ်တောပြုန်းတီးမှုပဲ၊ ဘာလို့လဲဆိုတော့ အမြစ်တွေက မြေကြီးကို မြဲမြံအောင် ထိန်းပေးတယ်" လို့ သူက ပြောပါတယ်။

.

ဇီဝလောင်စာခဲ ထုတ်လုပ်ခြင်း

အလ်ဟာဂျီဟာ သစ်တောပြုန်းတီးမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ သူဟာ သစ်သားနဲ့မီးသွေးအစား ဇီဝလောင်စာခဲ တွေ ပြုလုပ်နေကြတဲ့ ကမ္ဘာတစ်ဝန်းက စွန့်ဦးတီထွင်သူတွေရဲ့ ဗီဒီယိုတွေကို YouTube မှာ တွေ့ခဲ့ပါတယ်။

အုန်းသီးတွေဟာ Freetown မြို့သားတွေအတွက် အကြိုက်ဆုံး သရေစာတွေထဲက တစ်ခုပါ။ ရောင်းသူတွေဟာ တစ်နေ့တာရဲ့အဆုံးမှာ အမှိုက်ပုံလို ပုံနေတဲ့ အုန်းခွံတွေနဲ့ ကျန်ခဲ့ပါတယ်။ "ဒီအရာက အမှိုက်ဖြစ်ပြီး သူတို့က ဒါကို လွှင့်ပစ်ဖို့ သယ်ယူစရိတ်ပေးရမယ်။ အခုတော့ ကျွန်တော်က အလကားလာယူမယ်" လို့ အလ်ဟာဂျီက ပြောပါတယ်။

အလ်ဟာဂျီရဲ့ Rogsal Trading ကုမ္ပဏီဟာ တစ်ပတ်ကို အုန်းအမှိုက် ၂ တန်လောက် စုဆောင်းနိုင်ပြီး ၂၀၂၂ ခုနှစ်ကုန်မှာ ၁၀ တန်အထိ ရည်မှန်းထားပါတယ်။ အလုပ်သမားတွေဟာ အုန်းခွံတွေကို သန့်ရှင်းရေးလုပ်ပြီး တစ်ပတ်လောက် နေလှန်းပါတယ်။ နောက်တော့ သံစည်ထဲမှာ ၃ နာရီ ၄ နာရီလောက် မီးရှို့ပြီး မီးသွေးဖြစ်အောင် လုပ်ပါတယ်။ ပြီးရင် အမှုန့်ကြိတ်ပြီး ရေနဲ့ လျှို့ဝှက်ပါဝင်ပစ္စည်းတစ်မျိုးကို ထည့်ပြီး ရောစပ်ပါတယ်။ "ရောစပ်တဲ့အဆင့်က အရမ်းခက်ခဲပါတယ်။ ဖော်မြူလာ အနည်းငယ်မှားသွားတာနဲ့ အကုန်ပြန်စရတယ်" လို့ သူက ဆိုပါတယ်။

.

စီးပွားရေး တိုးတက်မှုနှင့် စိန်ခေါ်မှုများ

Rogsal Trading ဟာ တစ်ရက်ကို ဇီဝလောင်စာခဲ တန်ဝက်လောက် ထုတ်လုပ်နိုင်ပြီး ကောင်းတဲ့လတွေမှာ အမေရိကန်ဒေါ်လာ ၄,၅၀၀ လောက်အထိ ဝင်ငွေရရှိပါတယ်။ "ကျွန်တော်တို့က အရောင်းရဆုံး ဇီဝလောင်စာခဲပါ။ မြို့ထဲက စူပါမားကတ်အများစုမှာ ဝယ်ယူနိုင်ပါတယ်။"

သူတို့ရဲ့ ဇီဝလောင်စာခဲတွေဟာ တစ်ကီလိုကို ၇၀ ဆင့် (US 70 cents) ပေါက်ဈေးရှိပြီး သစ်သားအခြေပြု မီးသွေးထက် ၄ ဆ ပိုဈေးကြီးပေမယ့် အနည်းဆုံး ၄ ဆ ပိုပြီး ကြာကြာလောင်ပါတယ်။

အလ်ဟာဂျီရဲ့ နောက်ထပ် စိန်ခေါ်မှုကြီးကတော့ သူ့ရဲ့အုန်းဖတ်ဇီဝလောင်စာခဲတွေကို ချက်ပြုတ်လောင်စာအဖြစ် အသုံးပြုမယ့်သူတွေဆီကို ရောင်းအားမြှင့်တင်ဖို့ပါပဲ။ "လူတစ်ယောက်ဆီကို လမ်းလျှောက်သွားပြီး 'ဟေး ဒါက အသစ်ဖြစ်တယ်၊ မင်းသုံးနေကျနဲ့ မတူဘူး' လို့ ပြောလို့မရဘူး။ ဒါကြောင့် နည်းနည်းတော့ ခက်ခဲတယ်၊ ဒါပေမဲ့ တစ်နေ့ကျရင် အဲဒီကို ရောက်မှာပါ" လို့ သူက ဆိုပါတယ်။

.

သစ်ပင်စိုက်ပျိုးရေးနှင့် မျှော်လင့်ချက်

Freetown မြို့ရဲ့ မြို့တော်ဝန်ဖြစ်လာတဲ့ Yvonne Aki-Sawyerr ဟာ ၂၀၂၂ ခုနှစ်ကုန်မှာ သစ်ပင် ၁ သန်း စိုက်ပျိုးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ "Freetown, the Treetown (သစ်ပင်မြို့) ဟာ တောင်ကုန်းတွေ၊ မြစ်ဘေးတစ်လျှောက်မှာ သစ်တောပြန်စိုက်တာတွေ ပြုလုပ်နေပါတယ်" လို့  ပြောပါတယ်။

"အလ်ဟာဂျီ လုပ်နေတဲ့အလုပ်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုပ်ထွေးတဲ့ပြဿနာတွေအတွက် အဖြေတွေ ပေါင်းစည်းလာတာကို တွေ့ရတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ" လို့  ဆိုပါတယ်။

Previous Post Next Post