ကြံပင်တွေ အခွံပိုပါးအောင် အရည်ပိုရွှမ်းအောင် ဘယ်လိုလုပ်ရသလဲ?

 



တရုတ်လယ်သမားတွေ ကြံပင်တွေကို သူ့ရဲ့အရွက်နဲ့ ပြန်ပြီး ဘာလို့ပတ်ကြတာလဲဆိုတာ သင်သိပါသလား ?

ကြံပင်တွေ ကြီးထွားလာတာနဲ့အမျှ လယ်သမားတွေဟာ ပင်စည်တစ်ခုစီကို ၆၀ ကနေ ၇၀ စင်တီမီတာတိုင်းမှာ သူ့ရဲ့အရွက်နဲ့ တစ်ပင်ချင်းစီ လက်နဲ့ ပတ်ပေးကြပါတယ်။ ရိတ်သိမ်းချိန်ရောက်တဲ့အခါ အချို့ကြံပင်တွေဟာ ၅ မီတာအထိ မြင့်လာပြီး တစ်ပင်ကို လေးကြိမ်ကနေ ငါးကြိမ်အထိ ပတ်ပြီးသားဖြစ်နေပါပြီ။  #LGTmyanmar , #BBKmyanmar

.

အစောပိုင်းအဆင့်တွေမှာ လူတစ်ယောက်တည်း လုပ်နိုင်ပေမဲ့ ကြံပင်တွေ ပိုမြင့်လာတာနဲ့အမျှ ပင်စည်တွေ ယိုင်လဲတာမျိုးမဖြစ်အောင် လူလေးယောက်ကနေ ခြောက်ယောက်အထိ အဖွဲ့လိုက် ညီညီညာညာ လုပ်ဆောင်ကြရပါတယ်။ 

.

ဒီလိုအမြင့်ကို ထိန်းနိုင်ဖို့အတွက် လယ်သမားတွေဟာ ဘောင်တွေဆောက်ပြီး သုံးစည်းလောက် ပတ်ထားတဲ့ ကြံပင်တွေတိုင်းရဲ့နောက်မှာ သစ်သားတိုင်တွေ စိုက်ထူကြပါတယ်။ ပြီးရင် ဝါးလုံးတွေကို ကြိုးနဲ့ချည်ပြီး အလျားလိုက်ချည်ကာ ကြံပင်ကြီးထွားလာတာနဲ့အမျှ ဘောင်ကိုလည်း မြှင့်ပေးရပါတယ်။ အချိန်မီ အမြင့်ကို မချိန်ညှိနိုင်ရင် ကြံပင်တွေ ကွေးညွတ်တာ ဒါမှမဟုတ် ကျိုးကျေတာမျိုး ဖြစ်နိုင်ပါတယ်။

.

ဒီလို ပတ်ပေးခြင်းက ကြံပင်ကို နေလောင်ဒဏ်၊ ပိုးမွှားဖျက်ဆီးမှုနဲ့ အက်ကွဲတာတွေကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အခွံပါးပြီး ခွာရလွယ်ကူစေတာကြောင့် စျေးကွက်အတွက် ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

.

ရိတ်သိမ်းချိန်ရောက်တဲ့အခါတော့ တကယ်ကို ရိုးရှင်းပါတယ်။ အလုပ်သမားတစ်ဦးက ကြံပင်ရဲ့အောက်ခြေကို ပေါက်ပြားနဲ့ ထိုးခွဲလိုက်ပါတယ်။ ပြီးရင် နောက်ကနေ တခြားသူတွေက တံစဉ်နဲ့ ဝါးဘောင်ကိုချည်ထားတဲ့ ကြိုးတွေကို ဖြတ်ချလိုက်ပါတယ်။ အဲလိုပြီးတာနဲ့ ကြံပင်တစ်ပင်လုံး အောက်ကို ပြုတ်ကျလာပါတယ်။

.

ဒီလို ကြံပင်တစ်ပင်ချင်းစီကို ဂရုတစိုက်နဲ့ အထပ်ထပ်အခါခါ ပတ်ပေးထားတဲ့အတွက် ဒေသခံတွေက "mummy sugarcane" (မံမီကြံ) လို့ တခါတလေခေါ်ကြတာ အံ့သြစရာမဟုတ်ပါဘူး။

.

Previous Post Next Post