ဂန္ဓမာပန်း စီးပွားဖြစ် စိုက်ပျိုးနည်း


ဂန္ဓမာပန်း စီးပွားဖြစ် ခြံတစ်ခြံက ဘယ်လိုစိုက်ပျိုးတယ်ဆိုတာကို ဒီဗီဒီယိုမှာ ကြည့်ရှုလိုက်ရအောင်။ #LGTmyanmar , #BBKmyanmar

.

ပျိုးပင်စိုက်ပျိုးခြင်း

ပန်းပွင့်တွေကို သစ်ဆွေးမြေ (peat mixture) မှာ စိုက်ပျိုးပါတယ်။ သိစ်ဆွေးမြေတွေကို အမိုးအောက်မှာ ထားရှိပြီး အမြဲတမ်း စိုစွတ်နေအောင် ထိန်းသိမ်းပါတယ်။ အမြဲတမ်း ရေဖျန်းပေးဖို့က အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သစ်ဆွေးမြေက တစ်ခါခြောက်သွားရင် ပြန်ပြီး စိုစွတ်ဖို့ ခက်ခဲလို့ပါ။

.

အလိုအလျောက် စက်တွေထဲကို သစ်ဆွေးမြေတွေ ဖြည့်သွင်းပြီး အလယ်မှာ အပေါက်ပါတဲ့ အကွက်ပုံ (cubes) တွေအဖြစ် ဖိနှိပ်ပါတယ်။ ဒီအကွက်တွေရဲ့ အသားက ချက်ပြုတ်ပြီးသား ဘရောင်နီ (brownies) နဲ့ အတော်လေးတူပါတယ်။ အကွက်တွေကို ဗန်းတွေပေါ် တင်ပြီး နောက်တစ်ဆင့်ကို ရွှေ့ပါတယ်။

.

ခရမ်းစပ်ပျိုးပင်လေးတွေကို အကွက်တွေထဲ မစိုက်ခင် အအေးခန်း (cold rooms) တွေထဲမှာ ထားရှိပါတယ်။ ဒီပျိုးပင်လေးတွေကို tissue culture နဲ့ မွေးမြူပြီး ပန်းပွင့်ရောင်းဖို့အတွက် တင်သွင်းတာပါ။ ပျိုးပင်စည်းတွေကို အမြစ်ထွက်ဟော်မုန်းမှုန့် (powdered rooting hormone) ထဲကို နှစ်ပြီး အပေါက်ဖောက်ထားတဲ့ အပေါက်တွေထဲ စိုက်ထည့်ပါတယ်။ အပေါက်တွေကို ကြိုဖောက်ထားခြင်းအားဖြင့် စိုက်ထည့်တဲ့အခါ ပင်စည်ကို ထိခိုက်မှုနည်းစေပါတယ်။

.

ပျိုးပင်အပြည့်ပါတဲ့ ဗန်းတွေကို အထူစားပလတ်စတစ်အဖုံး (thick plastic covering) နဲ့ အုပ်ပြီး ဖန်လုံအိမ် (greenhouse) ထဲမှာ ထားရှိပါတယ်။ ဒါက ပျိုးပင်ပတ်ဝန်းကျင်မှာ စိုစွတ်တဲ့ micro environment တစ်ခုကို ဖန်တီးပေးပြီး ပျိုးပင်တွေ ညှိုးနွမ်းတာကို ကာကွယ်ပေးသလို အမြစ်ထွက်တာကိုလည်း အားပေးပါတယ်။

.

ရက်အနည်းငယ်အတွင်းမှာပဲ ပထမဆုံး အမြစ်တွေ စပြီး ထွက်လာပါတယ်။ ဒီပျိုးပင်တွေကတော့ နည်းနည်း ပိုအသက်ကြီးပါတယ်။ အမြစ်တွေ ဆက်ပြီး ရှည်လာတာကို တွေ့နိုင်သလို အရွက်သစ်တွေလည်း ထွက်လာပါပြီ။ ဒီအဆင့်မှာ ပျိုးပင်တွေ အသားကျစေဖို့အတွက် ပလတ်စတစ်အဖုံးတွေကို ဖယ်ရှားပြီးမှ စိုက်ပျိုးမယ့် ဖန်လုံအိမ်ကို ပြောင်းရွှေ့ပါတယ်။

.

ပန်းပွင့်ကြီးထွားစေခြင်း

စိုက်ပျိုးမယ့် ဖန်လုံအိမ်ထဲမှာ ပျိုးပင်နဲ့ သစ်ဆွေးအကွက်တွေကို မြေပြင်ပေါ်မှာပဲ (on top of the floor) တင်ထားပါတယ်။ အာဟာရဓာတ်နဲ့ ရေထောက်ပံ့မှု (nutrient and water supply) ကို ကောင်းမွန်စွာ ထိန်းချုပ်ထားတဲ့အတွက် မြေကြီးထဲမှာ စိုက်ပျိုးဖို့ လုံးဝ မလိုအပ်ပါဘူး။ ပန်းပင်တွေ ကြီးလာတဲ့အခါ ပင်စည်တွေ မကွေးအောင် (prevent bending) ဝါယာကြိုးနဲ့ ထောက်ကန်ပေးထားတာကို ဆက်တိုက် မြှင့်တင်ပေးပါတယ်။

.

နောက်ဘက်နံရံတစ်လျှောက်က ပန်ကာတန်းတွေကို မြင်ရပါသလား။ နွေရာသီရဲ့ အပူဒဏ်မှာ ပန်းတွေကို အေးနေစေဖို့အတွက် အဲဒီပန်ကာတွေက ဖန်လုံအိမ်ရဲ့ တစ်ဖက်အခြမ်းမှာ ဖန်တီးထားတဲ့ လေအေးတွေကို စုပ်ယူပေးပြီး အပူကြောင့် ဖြစ်လာတဲ့ ပင်ပန်းမှုဒဏ်ကနေ ကင်းဝေးစေပါတယ်။

.

ဒီ စိုစွတ်နံရံ (wet wall) ကို ပျားမွေးမြူးပုံစံမျိုး ဆဲလူးလို့စ် (honeycombed cellulose) နဲ့ ပြုလုပ်ထားတာပါ။ ရေတွေက နံရံပေါ်ကနေ စီးဆင်းလာပြီး ပတ်ဝန်းကျင်လေကို အေးစေပါတယ်။ အဲဒီလေအေးတွေကို ပန်ကာတွေကတစ်ဆင့် ပန်းပွင့်တွေဆီ ဆွဲယူပေးတာပါ။ အပေါ်ဘက်မှာတော့ အလင်းရောင်ပေးတဲ့ မီးတွေနဲ့ အရိပ်အကာအဝတ်တွေ (lights and shade cloth) ရှိပါတယ်။ အပင်တွေရဲ့ ကြီးထွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် နေ့တာရှည်ခြင်း ဒါမှမဟုတ် တိုခြင်းကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဝါရောင် ကပ်ခွာပြားတွေကတော့ ပိုးမွှားဒဏ်ကို ကာကွယ်ဖို့ (limit pest infestations) သုံးတဲ့ ကပ်ခွာထောင်ချောက် (sticky traps) တွေပါ။ နှစ်လလောက်ကြာတဲ့အခါ ပန်းပွင့်တွေ တင်းတင်းရင်းရင်းနဲ့ ပွင့်လာပြီး ခူးဖို့ အဆင်သင့် ဖြစ်ပါပြီ။

.

ပန်းအလှဆင်ခြင်း

ပန်းတွေကို ရိတ်သိမ်းပြီးတဲ့အခါ စျေးကွက်အတွက် ပြင်ဆင်ပါတယ်။ ပထမဦးဆုံး ပင်စည်တွေကို အညီအမျှ ဖြတ်တောက်ပါတယ်။ဒီလယ်သမားတွေက ပန်းတွေကို အရောင်ဆိုးပြီး ပိုမိုတန်ဖိုးရှိအောင် လုပ်ဆောင်ပါတယ်။ ပန်းစည်တွေကို အစားအသောက်ဘေးကင်းတဲ့ ဆိုးဆေး (food safe die) ပါဝင်တဲ့ ရေထဲမှာ ထည့်ထားပါတယ်။ လိုင်းရဲ့ အဆုံးပိုင်းက ပန်းတွေဟာ ဆိုးဆေးထဲ ပိုကြာကြာနေတဲ့အတွက် အရောင်ပိုရင့်တာကို မြင်တွေ့နိုင်ပါတယ်။ ဒီဆိုးဆေးတွေက ခရမ်းအရောင်ဖြင့် ပန်းတွေကို အလှဆုံး အရောင်အသွေးတွေ ဖန်တီးပေးနိုင်ပါတယ်။

.

ခေါင်းပိုကြီးတဲ့ ပန်းတွေကို အဖူးလေးတွေ ပိတ်နေတုန်း ရိတ်သိမ်းပါတယ်။ အဲဒီနောက် ပန်းရဲ့ အရည်အသွေး အမြင့်ဆုံး ဖြစ်စေဖို့အတွက် အဖူးတွေကို အကာအကွယ်အဖုံး (protective covering) နဲ့ ပတ်ထားပါတယ်။နောက်ဆုံးအနေနဲ့ ပန်းတွေကို ဒေသတွင်း စျေးဆိုင်တွေအတွက် ပန်းစည်းတွေအဖြစ် ထုပ်ပိုးပါတယ်။ ပန်းရဲ့ အရည်အသွေးကို အမြင့်ဆုံး ဖြစ်စေဖို့အတွက် ဒီအခန်းတွေက အတတ်နိုင်ဆုံး အေးနေဖို့ (as cold as possible) အရမ်းအရေးကြီးပါတယ်။ ဒါကတော့ စီးပွားဖြစ် ခြံတစ်ခြံက တောင်အာဖရိကပန်းတွေကို ဘယ်လိုစိုက်ပျိုးတယ်ဆိုတာပါပဲ။ နောက်တစ်ခါ စျေးဆိုင်တွေမှာ ခရမ်းအရောင်ဆိုးထားသော ပန်းတွေကို တွေ့တဲ့အခါ ဒီခြံကနေ လာတာလည်း ဖြစ်နိုင်ပါတယ်။

Previous Post Next Post