စီးပွားရေးအရသက်သာမှု – မီးသွေးနဲ့ထင်းအတွက် ကုန်ကျစရိတ်လျော့ချနိုင်
ကျန်းမာရေးနဲ့ညီညွတ်မှု – မီးခိုးငွေ့မှ ကင်းဝေးပြီး အိမ်သူအိမ်သားများ ပိုမိုကျန်းမာ
စိုက်ပျိုးရေးအထောက်အကူ – နွားချေးမှ ထုတ်လုပ်သော သဘာဝမြေဩဇာဖြင့် သီးနှံအထွက်တိုး
- ပတ်ဝန်းကျင်ထိန်းသိမ်းမှု – ဇီဝလောင်စာသုံး၍ ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင် ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ အဆင့်ဆင့် ပြုလုပ်ပုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများစာရင်း
ပလတ်စတစ်ပုံး (Plastic Can)
ကားတာယာအတွင်းပိုက် (Tube) - ဓာတ်ငွေ့ကို သိမ်းဆည်းဖို့အတွက်
ပိုက်အဆို့ရှင် (Valve) - ဓာတ်ငွေ့ကို ထိန်းချုပ်ဖို့
ပလတ်စတစ်ပိုက်ရှည် (Plastic Pipe)
T-joint - ပိုက်တွေကို ချိတ်ဆက်ဖို့
ဝက်အူရစ်နှင့် သတ္တုကလစ် (Bolt and Metal Clip) - ပိုက်ကို အဖုံးမှာ တင်းတင်းကျပ်ကျပ် တပ်ဆင်ဖို့
နွားချေး (Cow Dung)
ရေ (Water)
ကတ်ကြေး သို့မဟုတ် ဓား (Scissors or Knife) - ပိုက်ဖြတ်ဖို့
.
အဆင့်ဆင့် ပြုလုပ်ပုံ
၁။ ပလတ်စတစ်ပုံး အဖုံးကို ပြင်ဆင်ခြင်း
ပလတ်စတစ်ပုံးရဲ့ အဖုံးကို ဖောက်ပြီး ဓာတ်ငွေ့ထွက်လာမယ့် ဝက်အူရစ်တစ်ခုကို တပ်ဆင်ပါ။
ဝက်အူရစ်နဲ့အတူ သတ္တုကလစ်ကို သုံးပြီး ပိုက်ကို အဖုံးမှာ တင်းတင်းကျပ်ကျပ် လုံခြုံအောင် ပူးကပ်ပါ။
၂။ ပိုက်များကို ချိတ်ဆက်ခြင်း
ပလတ်စတစ်ပုံးရဲ့ အဖုံးကနေလာတဲ့ ပိုက်ကို t-joint ရဲ့ အလယ်မှာ ချိတ်ဆက်ပါ။
t-joint ရဲ့ တစ်ဖက်ကို ကားတာယာအတွင်းပိုက် (tube) ကနေလာတဲ့ ပိုက်နဲ့ ဆက်သွယ်ပါ။
t-joint ရဲ့ ကျန်တစ်ဖက်ကို ဓာတ်ငွေ့သုံးဖို့အတွက် ထွက်လာမယ့် ပိုက်အဆို့ရှင် (valve) နဲ့ ချိတ်ဆက်ပါ။
၃။ နွားချေးကို ပြင်ဆင်ခြင်း
လိုအပ်သော နွားချေးပမာဏကို ယူပါ။
နွားချေးက ပျစ်နေတဲ့အတွက် ရေအနည်းငယ်ထည့်ပြီး သမအောင် မွှေပေးပါ။
၎။ နွားချေးကို ပုံးထဲသို့ ထည့်ခြင်း
ရေနဲ့ဖျော်ထားတဲ့ နွားချေးအရောအနှောကို ပလတ်စတစ်ပုံးထဲသို့ ထည့်ပါ။
ပုံးရဲ့ အဖုံးကို လုံလုံခြုံခြုံ တင်းတင်းကျပ်ကျပ် ပိတ်ပါ။
၅။ ဓာတ်ငွေ့ဖြစ်ပေါ်ခြင်း
နွားချေးထည့်ထားတဲ့ ပုံးကို နေရောင်ခြည်ရရှိတဲ့နေရာမှာ လေးရက်ကနေ ဆယ်ရက်အထိ ထားပါ။
ဒီကာလအတွင်းမှာ နွားချေးကနေ ဓာတ်ငွေ့ဖြစ်ပေါ်တဲ့ လုပ်ငန်းစဉ် စတင်ပါတယ်။
၆။ အသုံးပြုရန် အဆင်သင့်ဖြစ်ခြင်း
ပုံးထဲက ဓာတ်ငွေ့တွေဟာ ကားတာယာအတွင်းပိုက် (tube) ထဲကို ရောက်ရှိပြီး သိမ်းဆည်းထားပါလိမ့်မယ်။
လိုချင်တဲ့အခါမှာ ပိုက်အဆို့ရှင် (valve) ကို ဖွင့်ပြီး ဓာတ်ငွေ့ကို အသုံးပြုနိုင်ပါတယ်။
ဒီနည်းလမ်းဟာ အနံ့အသက်မရှိ၊ မီးခိုးငွေ့မထွက်တဲ့ ဇီဝဓာတ်ငွေ့ကို အိမ်သုံးနဲ့ စက်ရုံသုံးအတွက်ပါ အသုံးပြုနိုင်ကြောင်း ပြသထားတဲ့ နည်းလမ်းဖြစ်ပါတယ်။