ပျားရည် ဆိုတာ အမြဲဈေးကောင်း ရပါတယ်။ ဘာအစာမှ ကြွေးမွေးနေစရာ မလိုဘဲ မိမိဒေသက ပန်းမျိုးစုံကို စားသောက်ပြီး ပျားရည်အလိုအလျောက် ရတာဟာ အတော်ငွေရလွယ်တဲ့ နည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သစ်ပင် ပင်စည်တွေကို ပျားအိမ်အဖြစ် ပြုလုပ်ကြပါတယ်။ ပျားမွေးမြူသူ တွေက ပင်စည်တွေကို ၆၀ စင်တီမီတာလောက် ဖြတ်တောက်ပြီး အလယ်သားကို ထွင်းထုတ်ပါတယ်။ ပြီးရင် အတွင်းမျက်နှာပြင်ကို ချောမွေ့အောင် တိုက်စားပါတယ်။ အဲ့နေရာဟာ ပျားတွေ အသိုက်ဆောက်မယ့်နေရာပေါ့။ #LGTmyanmar , #BBKmyanmar
ပျားအိမ်ဝင်ပေါက်တွေကို ပိတ်ဖို့ အတားအဆီးတချို့ ပြုလုပ်ပြီးတော့ အသိုက်မပြိုလဲအောင် ဝါးချောင်းသုံးချောင်းကို အပေါက်ဖောက်ပြီး ထိုးထည့်ပါတယ်။ ပြီးရင် အတွင်းနံရံကို မီးရှို့ပြီး ဆားရည်ဖြန်းပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ပျားတွေကို ဆွဲဆောင်ဖို့အတွက် အတွင်းနံရံနဲ့ အပြင်ထွက်ပေါက်တွေမှာ ပျားဖယောင်းရည်တွေ လိမ်းပေးပါတယ်။
အဲဒီနောက် အဖုံးပိတ်၊ အေးပြီး အရိပ်ရတဲ့နေရာမှာ ပျားအိမ်တွေကို ထားပြီး ပျားရည်ပန်းကန်တစ်ခုကိုလည်း ဘေးမှာချထားပါတယ်။ ကင်းထောက်ပျားတွေ ရောက်လာတာနဲ့ ပျားအုပ်ကြီးတွေ အုံလိုက်ကျင်းလိုက် ရောက်လာပါလိမ့်မယ်။
တရုတ်ကျေးလက်ဒေသက ဒီလိုရိုးရာပျားရည်ကို တစ်နှစ်မှတစ်ကြိမ်ပဲ ရိတ်သိမ်းလို့ရပါတယ်။ ဒါပေမဲ့ ဒီလိုကြာရှည်စွာ သဘာဝအတိုင်း ထားတဲ့အတွက် ပျားရည်က အပြည့်အဝ ရင့်မှည့်လာပါတယ်။ ရေပါဝင်မှုနည်းပြီး အရသာပိုရှိသလို အာဟာရဓာတ်လည်း ပိုကြွယ်ဝပါတယ်။
ပျားမွေးမြူရေး လုပ်ငန်း အမြန် တည်ထောင်နိုင်ပါစေ...