စိုက်ပျိုးရေး ဓလေ့ကောင်းများ - အပိုင်း(၁)

 




GAP (Good Agricultural Practices) ဂျီအေပီ ဆိုတာက စိုက်ပျိုးရေး ဓလေ့ကောင်းများလို့ ဆိုလိုတာပါ။
.

သင်က စိုက်ပျိုးရေးလုပ်ငန်းမှာ ထုတ်လုပ်သူတွေ ရောင်းချသူတွေနဲ့  ညှိနှိုင်းပြီး လုပ်ကိုင်နေပေမယ် သင့်လယ်ယာမြေထဲမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနဲ့ လူမှုရေးရေရှည်တည်တံ့မှုအတွက် အဓိကကျတယ်လို့ သင်တွေးမိဖူးပါသလား။
.

ကျွန်တော့်နာမည်က Samuel ပါ။ ဒါကတော့ Africa Farming ရဲ့ ချန်နယ်ပါ။ ဒီချန်နယ်ဟာ စိုက်ပျိုးရေးလုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတဲ့ မျိုးဆက်သစ်လယ်သမားတွေအတွက် ရည်ရွယ်ပါတယ်။  
#LGTmyanmar , #BBKmyanmar
#GAP
.

သီးနှံအလှည့်ကျစိုက်ပျိုးခြင်း 

သီးနှံအလှည့်ကျစိုက်ပျိုးခြင်းဟာ လယ်ယာမြေတစ်ခုမှာ ရာသီအလိုက် မတူညီတဲ့ သီးနှံတွေကို အလှည့်ကျစိုက်ပျိုးတာဖြစ်ပါတယ်။ 
.

ဥပမာ - ဒီရာသီမှာ ပဲစိုက်ရင် နောက်ရာသီမှာ ပဲနဲ့မတူတဲ့ အခြားသီးနှံတစ်မျိုးကို စိုက်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ပိုးမွှားတွေရဲ့ ဘဝစက်ဝန်းကို ချိုးဖျက်ပေးပြီး သီးနှံပျက်စီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဒုတိယအနေနဲ့ သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းက သင့်မြေဆီလွှာကို ပြန်လည်နုပျိုစေဖို့အတွက် ကူညီပေးပါတယ်

.

ဥပမာ- ဥပမာ ဒီရာသီမှာ ပဲမျိုးစေ့တွေကို စိုက်မယ်ဆိုရင် နောက်ရာသီမှာ မြေဆီလွှာထဲကို နိုက်ထရိုဂျင်အများကြီးထည့်တဲ့ သီးနှံမျိုးပေါ့။ စိုက်ခင်းများဖြစ်ထွန်းစေရန် မြေဆီလွှာများသည် နိုက်ထရိုဂျင်များလိုအပ်ပါသည်။
ထိုကြောင့် သီးနှံများသည် ရာသီအလိုက် လုပ်ဆောင်ပုံများကို နားလည်သဘောပေါက်မှုလိုသလို အင်းဆက်များ အကြောင်းကိုလဲသိထားရန်လိုအပ်ပါသည်။

.

နောက်ရာသီမှာ။ အင်းဆက်များကို နှိမ်နင်းနိုင်မယ့် အပင်နှင့် ကောက်ပဲသီးနှံများ ဒါမှမဟုတ် အင်းဆက်တွေမလာနိုင်တဲ့ အပင်တွေကို သိထားမယ်ဆိုရင် အင်းဆက်များ ပေါင်းပင်များ  အန္တရာယ်ကျရောက်မှုမှာ အလွန်နဲသည်။

.

နောက်ရာသီ။
မြေဆီလွှာ နှင့် ရာသီအလိုက် စိုက်ပျိုးနိုင်ခြင်းသည် တစ်နှစ်ထက် တစ်နှစ်ဆက်လက် စိုက်ပျိုးစေရန် အထောက်ကူပြုပြီး မြေဆီလွှာကို ပြန်လည်နုပျိုစေသည်။ ထို့ကြောင့် သီးနှံများကို အလှည့်ကျစနစ်စိုက်ပျိုးခြင်း ဘာကြောင့် အလွန်အရေးကြီးတယ်ဆိုတာကို ဖော်ပြထားပါသည်။
.

ခုခံအားကောင်းတဲ့ မျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးခြင်း 

ခုခံအားကောင်းတဲ့ သီးနှံမျိုးစိတ်တွေကို ရွေးချယ်စိုက်ပျိုးခြင်းဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မွေးမြူရေးမှာလည်း ခုခံအားကောင်းတဲ့ သီးနှံနဲ့ တိရစ္ဆာန် မျိုးစိတ်တွေကို ရွေးချယ်မွေးမြူခြင်းဟာ ပိုးမွှားကာကွယ် စီမံခန့်ခွဲမှု ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။

.
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Dopah သိုးဟာ ဒီလိုပတ်ဝန်းကျင်မျိုးနဲ့ ကောင်းစွာလိုက်လျောညီထွေဖြစ်ပါတယ်။ ဒါပေမယ့် Merino သိုး ကို သင့်ခြံမှာ မွေးမြူမယ်ဆိုရင် သင်ဟာ ပိုမိုများပြားတဲ့ စရိတ်တွေ ကုန်ကျရမှာဖြစ်ပြီး၊ ဒီသိုးတွေကို စီမံခန့်ခွဲဖို့အတွက် ငွေကြေးအများကြီး သုံးစွဲရမှာပါ။ ဒါကြောင့် သင့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ခုခံအားကောင်းတဲ့ မျိုးစိတ်တွေကို အမြဲဦးစားပေးရွေးချယ်သင့်ပါတယ်။

.

 မျိုးစေ့ချခြင်းနည်းပညာ 

မျိုးစေ့ချတဲ့အခါ မျိုးစေ့တွေကို မြေအနက်ဘယ်လောက်မှာ ချရမလဲ၊ မျိုးစေ့ကို ဘယ်လိုကုသမှုပေးရမလဲ၊ ဘယ်အချိန်မှာ စိုက်ပျိုးရမလဲ၊ ပြီးတော့ ဘယ်နည်းလမ်းနဲ့ စိုက်ပျိုးရမလဲဆိုတာတွေကို သတိထားရပါမယ်။
မျိုးစေ့ချခြင်းနည်းပညာဟာ စိုက်ပျိုးရေးမှာ အရမ်းအရေးကြီးပါတယ်


ဥပမာ - တချို့မျိုးစေ့တွေကို လယ်ကွင်းထဲမှာ ပက်ဖြန်းပြီး စိုက်လို့ရပါတယ်။ ဥပမာ - တိရစ္ဆာန်တွေအတွက် မြက်ပင်စိုက်မယ်ဆိုရင် မျိုးစေ့တွေကို လယ်ကွင်းထဲမှာ ပက်ဖြန်းပြီး စိုက်လို့ရပါတယ်။ ဒါပေမယ့် တချို့မျိုးစေ့တွေကတော့ Band Seeders လို့ခေါ်တဲ့ စက်ကိရိယာတွေနဲ့ စိုက်ပျိုးရပါတယ်။ ဒီစက်တွေဟာ မျိုးစေ့တွေကို ချတဲ့အခါ အောက်မှာနဲ့ ဘေးမှာ မြေသြဇာထည့်ပေးပါတယ်။ ဒါမှ သီးနှံတွေ ပိုမိုကောင်းမွန်စွာ ကြီးထွားနိုင်မှာပါ။ ဒါကြောင့် သင့်လယ်ယာမြေမှာ ဘာတွေစိုက်ပျိုးမလဲဆိုတာကို မူတည်ပြီး မျိုးစေ့ချနည်းကို ရွေးချယ်ရပါမယ်။

.

စိုက်ပျိုးချိန် (Timing of Planting)

တချို့သီးနှံတွေကို မိုးစတင်ချိန်မှာ စိုက်ပျိုးရပါတယ်။ တချို့သီးနှံတွေကတော့ ပူပြင်းတဲ့ရာသီမှာ စိုက်ပျိုးရပါတယ်။ ဒါကြောင့် သင်စိုက်ပျိုးမယ့် သီးနှံတွေက အေးမြတဲ့ရာသီကို လိုအပ်သလား၊ မိုးရွာတဲ့ရာသီကို လိုအပ်သလားဆိုတာကို သိထားဖို့လိုပါတယ်။
.
ဥပမာ - ပြောင်းပင်တွေဟာ မိုးရေအများကြီးလိုအပ်တာကြောင့် မိုးစတင်ချိန်မှာ စိုက်ပျိုးရပါတယ်။ တချို့သီးနှံတွေကတော့ မိုးရာသီအလယ် ဒါမှမဟုတ် မိုးတွင်းတိုမှာ စိုက်ပျိုးရပါတယ်။ ဒါကြောင့် စိုက်ပျိုးချိန်ဟာ စိုက်ပျိုးရေးမှာ အရမ်းအရေးကြီးပါတယ်။

.

စိုက်ပျိုးရေး ဓလေ့ကောင်းများ - အပိုင်း( ၂ )





Previous Post Next Post